လီဗာပူးအသင်းဟာ ညံ့ဖျင်းတဲ့ ရလဒ်တွေအဖြစ်ကနေ ဆိုးရွားလှတဲ့ ရလဒ်တွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိခိုက်သွားနိုင်တဲ့ အနေအထားကိုပါ ရောက်လာခဲ့ပါပြီ။

လက်စတာနဲ့ပွဲမှာတော့ ဗဟိုခံစစ်အတွဲအဖြစ် ခါဘတ်နဲ့ ဟန်ဒါဆန်ကို ထုတ်သုံးခဲ့ပြီး အဆိုပါပွဲကပဲ တူရကီ လူငယ်ကစားသမား ခါဘတ်အတွက် ပထမဆုံးသော လီဗာပူးအသင်းအတွက် ပွဲထွက်ပေးရမှု ဖြစ်လာခဲ့ပါတယ်။ လက်စတာပွဲမှာ ခါဘတ်ရဲ့ စွမ်းဆောင်ရည်က အကောင်းအဆိုး ရောမွှေနေခဲ့ပြီး အသင်း ရံှူးပွဲတွေ့မှုနဲ့အတူ လိုအပ်ချက်တွေ များခဲ့တယ်လို့ ဆိုရဖွယ် ရှိပါတယ်။

ပထမပိုင်းမှာတော့ ခါဘတ်ကို ညာခြမ်းခံစစ်မှာ အသုံးပြုပြီး ဟန်ဒါဆန်က ဘယ်ခြမ်းခံစစ်မှူးအဖြစ် ပွဲထွက်လာခဲ့ပါတယ်။ လီဗာပူးရဲ့ နည်းစနစ်ပိုင်း ထူးချွန်မှုတစ်ခုက ဗန်ဒိုက်ရဲ့ အဝေးဘောပေးနိုင်စွမ်းဖြစ်ပြီး ဘယ်ခြမ်းကို တာဝန်ယူတဲ့ ဟန်ဒါဆန်ကပဲ အဆိုပါ အလုပ်ကို ကြိုးစား လုပ်ဆောင်ပေးခဲ့တယ်။ ဒါကြောင့် ညာခြမ်း ခံစစ်မှူးက အမြင့်ဘောတွေကို စီးချင်းထိုးမှုနဲ့အတူ ဘောလုံးကို အတိုပေးဖြင့် ခပ်မြန်မြန်ပေးဖို့ တာဝန်နဲ့ ခံစစ်ကို အာရုံစိုက်တဲ့ တာဝန်တွေကို ရယူခဲ့တယ်။

ညာခြမ်းမှာ ခါဘတ်နဲ့ တွဲကစားတဲ့ ထရန့်ရဲ့ တိုက်စစ်လိုက်မှုကတော့ ကောင်းမွန်ခဲ့ပါတယ်။ သူတို့နှစ်ဦးက အခုမှ တွဲကစားတယ် ဆိုသော်ညား ပထမပိုင်းမှာ ခါဘတ်နဲ့ ထရန့်ကြား လိုအပ်ချက်တွေ သိပ်မကြီးခဲ့ဘဲ တွဲဘက်ကစားနိုင်မှုတွေ မြင်ခဲ့ရတယ်။

ပြဿနာတွေက ပထမဂိုးပေးအပြီးမှာ စတင်လာခဲ့ခြင်းဖြစ်ပြီး အယ်လီဆန်ရဲ့ ဝေခွဲရခက်တဲ့ ဆုံးဖြတ်ချက်ဟာ အသင်းဖော်သစ်နဲ့ စည်းဝါး မကိုက်ခဲ့ရာက ဂိုးပေးခဲ့ရတယ်။ ဟာဗေးဘန်းစ်ရဲ့ သွင်းဂိုးကတော့ ခါဘတ်ရဲ့ အမှားကနေ ပေးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုပဲ အပြစ်တင်လို့တော့ မရဘဲ ရှေ့ဘက်က ဘောလုံး ဆုံးရံှူးမှုတွေကလည်း သူ့အပေါ် ဝန်ပိစေခဲ့တယ်။

ခြုံပြောရမယ်ဆိုရင်တော့ ပထမဆုံး ၁ နာရီစာလောက်မှာ ခါဘတ်ဟာ ပင်ကိုယ် ခံစစ်မှူးတစ်ဦးအဖြစ် ယုံကြည်မှုရှိပြီး သက်သောင့်သက်သာ ကစားနိုင်တာကို မြင်ရတယ်။ ဖိအားတွေနဲ့ ကစားရချိန်မှာတော့ သူ့ရဲ့ အင်္ဂလန်လိဂ်မှာ အသားမကျသေးတဲ့ အားနည်းချက်ရဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရပါတယ်။

အထူးသဖြင့် ဗာဒီနဲ့ ဘန်းစ်လို မြန်ဆန်တဲ့ တိုက်စစ်သမားတွေကို တားဆီးဖို့ရာ ခံစစ်လိုင်းမှာ ရှိသင့်တဲ့ အနေအထားတွေကို မဖတ်နိုင်ခဲ့ပါဘူး။ ဘောလုံးပေးမှုတွေက ရိုးရှင်းသလို အမြင့်ဘောတွေနဲ့ ပက်သက်ပြီး စိန်ခေါ်နိုင်မယ်လို့တော့ ယူဆရတယ်။ စွမ်းဆောင်ရည် လိုအပ်ချက် များခဲ့တဲ့ ရံှူးပွဲအပေါ်မှာ ခံစစ်သမား တစ်ဦးတစ်ဦးအဖြစ် သူ့အပေါ် အကဲဖြတ်မှုတွေက သိပ်မကောင်းတာ ဖြစ်နိုင်ပေမယ့် လာမယ့်ပွဲတွေကို ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ညံ့ဖ်င္းတဲ့ ရလဒ္ေတြအျဖစ္ကေန ဆိုးရြားလွတဲ့ ရလဒ္ေတြအျဖစ္ကို ေျပာင္းလဲသြားခဲ့ျပီျဖစ္ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ထိခိုက္သြားႏုိင္တဲ့ အေနအထားကိုပါ ေရာက္လာခဲ့ပါျပီ။

လက္စတာနဲ႔ပြဲမွာေတာ့ ဗဟိုခံစစ္အတြဲအျဖစ္ ခါဘတ္နဲ႔ ဟန္ဒါဆန္ကို ထုတ္သံုးခဲ့ျပီး အဆိုပါပြဲကပဲ တူရကီ လူငယ္ကစားသမား ခါဘတ္အတြက္ ပထမဆံုးေသာ လီဗာပူးအသင္းအတြက္ ပြဲထြက္ေပးရမႈ ျဖစ္လာခဲ့ပါတယ္။ လက္စတာပြဲမွာ ခါဘတ္ရဲ႕ စြမ္းေဆာင္ရည္က အေကာင္းအဆိုး ေရာေမႊေနခဲ့ျပီး အသင္း ရံွဴးပြဲေတြ႔မႈနဲ႔အတူ လိုအပ္ခ်က္ေတြ မ်ားခဲ့တယ္လို႔ ဆိုရဖြယ္ ရွိပါတယ္။

ပထမပိုင္းမွာေတာ့ ခါဘတ္ကို ညာျခမ္းခံစစ္မွာ အသံုးျပဳျပီး ဟန္ဒါဆန္က ဘယ္ျခမ္းခံစစ္မွဴးအျဖစ္ ပြဲထြက္လာခဲ့ပါတယ္။ လီဗာပူးရဲ႕ နည္းစနစ္ပိုင္း ထူးခၽြန္မႈတစ္ခုက ဗန္ဒိုက္ရဲ႕ အေဝးေဘာေပးႏုိင္စြမ္းျဖစ္ျပီး ဘယ္ျခမ္းကို တာဝန္ယူတဲ့ ဟန္ဒါဆန္ကပဲ အဆိုပါ အလုပ္ကို ၾကိဳးစား လုပ္ေဆာင္ေပးခဲ့တယ္။ ဒါေၾကာင့္ ညာျခမ္း ခံစစ္မွဴးက အျမင့္ေဘာေတြကို စီးခ်င္းထုိးမႈနဲ႔အတူ ေဘာလံုးကို အတိုေပးျဖင့္ ခပ္ျမန္ျမန္ေပးဖို႔ တာဝန္နဲ႔ ခံစစ္ကို အာရံုစိုက္တဲ့ တာဝန္ေတြကို ရယူခဲ့တယ္။

ညာျခမ္းမွာ ခါဘတ္နဲ႔ တြဲကစားတဲ့ ထရန္႔ရဲ႕ တိုက္စစ္လိုက္မႈကေတာ့ ေကာင္းမြန္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးက အခုမွ တြဲကစားတယ္ ဆိုေသာ္ညား ပထမပိုင္းမွာ ခါဘတ္နဲ႔ ထရန္႔ၾကား လိုအပ္ခ်က္ေတြ သိပ္မၾကီးခဲ့ဘဲ တြဲဘက္ကစားႏုိင္မႈေတြ ျမင္ခဲ့ရတယ္။

ျပႆနာေတြက ပထမဂိုးေပးအျပီးမွာ စတင္လာခဲ့ျခင္းျဖစ္ျပီး အယ္လီဆန္ရဲ႕ ေဝခြဲရခက္တဲ့ ဆံုးျဖတ္ခ်က္ဟာ အသင္းေဖာ္သစ္နဲ႔ စည္းဝါး မကိုက္ခဲ့ရာက ဂိုးေပးခဲ့ရတယ္။ ဟာေဗးဘန္းစ္ရဲ႕ သြင္းဂိုးကေတာ့ ခါဘတ္ရဲ႕ အမွားကေန ေပးခ့ဲရတယ္လို႔ ဆိုႏုိင္ပါတယ္။ ဒါေပမယ့္ သူ႔ကိုပဲ အျပစ္တင္လို႔ေတာ့ မရဘဲ ေရွ႔ဘက္က ေဘာလံုး ဆံုးရံွဴးမႈေတြကလည္း သူ႔အေပၚ ဝန္ပိေစခဲ့တယ္။

ျခံဳေျပာရမယ္ဆိုရင္ေတာ့ ပထမဆံုး ၁ နာရီစာေလာက္မွာ ခါဘတ္ဟာ ပင္ကိုယ္ ခံစစ္မွဴးတစ္ဦးအျဖစ္ ယံုၾကည္မႈရွိျပီး သက္ေသာင့္သက္သာ ကစားႏုိင္တာကို ျမင္ရတယ္။ ဖိအားေတြနဲ႔ ကစားရခ်ိန္မွာေတာ့ သူ႔ရဲ႕ အဂၤလန္လိဂ္မွာ အသားမက်ေသးတဲ့ အားနည္းခ်က္ရဲ႕ အက်ိဳးဆက္ေတြကို ခံစားခဲ့ရပါတယ္။

အထူးသျဖင့္ ဗာဒီနဲ႔ ဘန္းစ္လို ျမန္ဆန္တဲ့ တိုက္စစ္သမားေတြကို တားဆီးဖို႔ရာ ခံစစ္လိုင္းမွာ ရွိသင့္တဲ့ အေနအထားေတြကို မဖတ္ႏုိင္ခဲ့ပါဘူး။ ေဘာလံုးေပးမႈေတြက ရိုးရွင္းသလို အျမင့္ေဘာေတြနဲ႔ ပက္သက္ျပီး စိန္ေခၚႏုိင္မယ္လို႔ေတာ့ ယူဆရတယ္။ စြမ္းေဆာင္ရည္ လိုအပ္ခ်က္ မ်ားခဲ့တဲ့ ရံွဴးပြဲအေပၚမွာ ခံစစ္သမား တစ္ဦးတစ္ဦးအျဖစ္ သူ႔အေပၚ အကဲျဖတ္မႈေတြက သိပ္မေကာင္းတာ ျဖစ္ႏုိင္ေပမယ့္ လာမယ့္ပြဲေတြကို ဆက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။