လီဗာပူးခံစစ်မှူး ဗန်ဒိုက်ရဲ့ နောက်ဆုံးရ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နယ်သာလန်သားဟာ ဒူဘိုင်းမှာရှိတဲ့ Nad Al Sheba Sports Complex ကနေ မာဆေးဆိုဒ်ကို ပြန်လာခဲ့ပြီလို့ လီဗာပူးအခြေစိုက် သတင်းဌာနရဲ့ ဖော်ပြမှုအရ သိရပါတယ်။
NAS လို့ခေါ်တဲ့ အဆိုပါ စင်တာကို ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ကစားသမားတွေ အသွားများတဲ့ ကမ္ဘာအဆင့် လေ့ကျင့်ရေး စင်တာဖြစ်ပါတယ်။ ဒဏ်ရာ ခွဲစိတ်မှုတွေ ပြုလုပ်အပြီး နောက်ပိုင်းမှာ အဆိုပါ စင်တာကို ဗန်ဒိုက် သွားရောက် ကုသမှု ခံယူနေတာက ၂ လဝန်းကျင်ခန့် ရှိနေခဲ့ပြီဖြစ်ပါတယ်။
ဒီအတောအတွင်း ဗန်ဒိုက်ဟာ လမ်းလျှောက်နိုင်ခြင်း၊ အပေါ့စား ဘောလုံးကစားခြင်း၊ စက်ဘီးစီးခြင်းနဲ့ ပေါ့ပေါ့ပါးပါး ပြေးပြခြင်းတွေကို အဆိုပါ စင်တာမှာပဲ ပြန်လုပ်ပြခဲ့တယ်။ လက်တလေမှာတော့ ခါဘီမှာရှိတဲ့ အက်ဆာ လေ့ကျင့်ရေးကို ပြန်ရောက်နေပြီး ပြန်လည် အားဖြည့်မှု ကိစ္စတွေကို ဆက်လက် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ဗန်ဒိုက် ဘယ်အချိန်မှာ ဘောလုံးပြန်ကစားနိုင်မလဲဆိုတာက အခုချိန်ထိ မေးခွန်းတစ်ခုအဖြစ် ရှိနေဆဲပါ။ မန်နေဂျာကလော့ပ်ကတော့ လုံးဝ မကစားနိုင်ဘူးလို့ မပြောလိုပေမယ့် ဒီရာသီမှာ ဗန်ဒိုက် ပြန်ကစားလာတာကို မြင်ရဖို့က မဖြစ်နိုင်သလောက်ပဲလို့ ဆိုထားခဲ့တယ်။
ရာသီဝက်အတွက် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် လူစာရင်းတွေမှာ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ကို ထည့်သွင်းပြီး မာတစ်ကို ထုတ်ပယ်ခဲ့ခြင်းကြောင့် ကလပ်ဘက်က ဗန်ဒိုက် ပြန်ကစားနိုင်မယ့်လို့ မျှော်လင့်နေဆဲဖြစ်ကြောင့် ယုံကြည်ရတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ရဲ႕ ေနာက္ဆံုးရ သတင္းတစ္ခု ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး နယ္သာလန္သားဟာ ဒူဘိုင္းမွာရွိတဲ့ Nad Al Sheba Sports Complex ကေန မာေဆးဆိုဒ္ကို ျပန္လာခဲ့ျပီလို႔ လီဗာပူးအေျခစိုက္ သတင္းဌာနရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။
NAS လို႔ေခၚတဲ့ အဆုိပါ စင္တာကို ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ကစားသမားေတြ အသြားမ်ားတဲ့ ကမၻာအဆင့္ ေလ့က်င့္ေရး စင္တာျဖစ္ပါတယ္။ ဒဏ္ရာ ခြဲစိတ္မႈေတြ ျပဳလုပ္အျပီး ေနာက္ပိုင္းမွာ အဆိုပါ စင္တာကို ဗန္ဒိုက္ သြားေရာက္ ကုသမႈ ခံယူေနတာက ၂ လဝန္းက်င္ခန္႔ ရွိေနခဲ့ျပီျဖစ္ပါတယ္။
ဒီအေတာအတြင္း ဗန္ဒိုက္ဟာ လမ္းေလွ်ာက္ႏုိင္ျခင္း၊ အေပါ့စား ေဘာလံုးကစားျခင္း၊ စက္ဘီးစီးျခင္းနဲ႔ ေပါ့ေပါ့ပါးပါး ေျပးျပျခင္းေတြကို အဆိုပါ စင္တာမွာပဲ ျပန္လုပ္ျပခဲ့တယ္။ လက္တေလမွာေတာ့ ခါဘီမွာရွိတဲ့ အက္ဆာ ေလ့က်င့္ေရးကို ျပန္ေရာက္ေနျပီး ျပန္လည္ အားျဖည့္မႈ ကိစၥေတြကို ဆက္လက္ လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။
ဗန္ဒိုက္ ဘယ္အခ်ိန္မွာ ေဘာလံုးျပန္ကစားႏုိင္မလဲဆိုတာက အခုခ်ိန္ထိ ေမးခြန္းတစ္ခုအျဖစ္ ရွိေနဆဲပါ။ မန္ေနဂ်ာကေလာ့ပ္ကေတာ့ လံုးဝ မကစားႏိုင္ဘူးလို႔ မေျပာလိုေပမယ့္ ဒီရာသီမွာ ဗန္ဒိုက္ ျပန္ကစားလာတာကို ျမင္ရဖို႔က မျဖစ္ႏုိင္သေလာက္ပဲလို႔ ဆိုထားခဲ့တယ္။
ရာသီဝက္အတြက္ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ လူစာရင္းေတြမွာ ဗန္ဒိုက္၊ ဂိုးမက္စ္တုိ႔ကို ထည့္သြင္းျပီး မာတစ္ကို ထုတ္ပယ္ခဲ့ျခင္းေၾကာင့္ ကလပ္ဘက္က ဗန္ဒိုက္ ျပန္ကစားႏိုင္မယ့္လို႔ ေမွ်ာ္လင့္ေနဆဲျဖစ္ေၾကာင့္ ယံုၾကည္ရတာျဖစ္ပါတယ္။