လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ပွဲအတွက် လိုက်ဇစ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ဟန်ဂေရီကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ် မတိုင်ခင် ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာတော့ လက်စတာကို အရေးနိမ့်တဲ့ ပွဲအပြီး ဂိုးသမား အယ်လီဆန်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့ အဝတ်လဲခန်းထဲမှာ စကားများကြတယ်ဆိုတဲ့ ကောလဟာလ ထွက်ပေါ်နေခဲ့တယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်က အဆိုပါ သတင်းတွေကို ငြင်းဆန်ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ လီဗာပူးမန်နေဂျာအဖြစ်ကနေ ယာဂင်ကလော့ပ် အနားယူတော့မယ်ဆိုတဲ့ သတင်းမှားတွေလည်း ထွက်ပေါ်ထားတာပါ။ ကလော့ပ်ကတော့ အဆိုပါ သတင်းတွေက မမှန်ကြောင်းနဲ့ သူထွက်ခွာဖို့ စိတ်ကူးမရှိဘူးလို့ အတည်ပြုပေးထားပါတယ်။
ဟန်ဒါဆန်က ” ဒီလို သတင်းတွေအတွက် ကျနော် မှတ်ချက်ပေးဖို့ လိုမယ်လို့ မထင်ပါဘူး။ မန်နေဂျာ၊ အဝတ်လဲခန်းနဲ့ပက်သက်ပြီး နောက်ကွယ်က သတင်းမှားတွေထုတ်နေတဲ့ တစ်ယောက်ယောက်တော့ ရှိနေပုံရပါတယ်။ ကျနော် တစ်ခုခုပြောပေးဖို့လည်း မလိုပါဘူး။ အဲ့တာက မမှန်ပါဘူး။
ရိုဘိုနဲ့ အယ်လီတို့ စကားများခဲ့ကြတယ်ဆိုရင် ကျနော်ကတော့ တော်တော်လေး သဘောကျမိမှာပါ။ အဲ့သတင်းကြားတော့ ကျနေ်ာတို့ ရယ်တောင်ရယ်မိကြပါတယ်။ မမှန်ပါဘူးဗျာ။ ကောလဟာလတွေပါ။ သူတို့နှစ်ယောက် စကားများကြတယ်ဆိုတာ လုံးဝ မဟုတ်ခဲ့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ရလဒ်တွေ မတည်ငြိမ်ဖြစ်နေပြီး ရလဒ်ဆိုးတွေရမှုက ပိုများနေတာပါ။ လောလောဆယ်မှာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့် အဲဗာတန်နဲ့ အက်စတွန်ဗီလာတို့ လက်ကျန်ပွဲတွေ ကစားပြီးခဲ့ရင် အဆင့် ၈ နေရာထိ ထိုးဆင်းသွားနိုင်ချေ ရှိနေပါတယ်။
ဒီလို အခြေအနေတွေကြောင့် အသင်းက စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ရလဒ်တွေကို ပြန်ယူပြနိုင်ဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ပြဲအတြက္ လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္ကစားဖို႔ ဟန္ေဂရီကို ေရာက္ရွိေနျပီျဖစ္ပါတယ္။
အဆိုပါ ခရီးစဥ္ မတိုင္ခင္ ျပဳလုပ္ခဲ့တဲ့ မီဒီယာေတြ႔ဆံုမႈမွာေတာ့ လက္စတာကို အေရးနိမ့္တဲ့ ပြဲအျပီး ဂိုးသမား အယ္လီဆန္နဲ႔ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္တို႔ အဝတ္လဲခန္းထဲမွာ စကားမ်ားၾကတယ္ဆိုတဲ့ ေကာလဟာလ ထြက္ေပၚေနခဲ့တယ္။ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အဆိုပါ သတင္းေတြကို ျငင္းဆန္ပါတယ္။
တစ္ျပိဳင္နက္တည္းမွာပဲ လီဗာပူးမန္ေနဂ်ာအျဖစ္ကေန ယာဂင္ကေလာ့ပ္ အနားယူေတာ့မယ္ဆိုတဲ့ သတင္းမွားေတြလည္း ထြက္ေပၚထားတာပါ။ ကေလာ့ပ္ကေတာ့ အဆိုပါ သတင္းေတြက မမွန္ေၾကာင္းနဲ႔ သူထြက္ခြာဖို႔ စိတ္ကူးမရွိဘူးလို႔ အတည္ျပဳေပးထားပါတယ္။
ဟန္ဒါဆန္က ” ဒီလို သတင္းေတြအတြက္ က်ေနာ္ မွတ္ခ်က္ေပးဖို႔ လိုမယ္လို႔ မထင္ပါဘူး။ မန္ေနဂ်ာ၊ အဝတ္လဲခန္းနဲ႔ပက္သက္ျပီး ေနာက္ကြယ္က သတင္းမွားေတြထုတ္ေနတဲ့ တစ္ေယာက္ေယာက္ေတာ့ ရွိေနပံုရပါတယ္။ က်ေနာ္ တစ္ခုခုေျပာေပးဖို႔လည္း မလိုပါဘူး။ အဲ့တာက မမွန္ပါဘူး။
ရိုဘိုနဲ႔ အယ္လီတို႔ စကားမ်ားခဲ့ၾကတယ္ဆိုရင္ က်ေနာ္ကေတာ့ ေတာ္ေတာ္ေလး သေဘာက်မိမွာပါ။ အဲ့သတင္းၾကားေတာ့ က်ေန္ာတို႔ ရယ္ေတာင္ရယ္မိၾကပါတယ္။ မမွန္ပါဘူးဗ်ာ။ ေကာလဟာလေတြပါ။ သူတို႔ႏွစ္ေယာက္ စကားမ်ားၾကတယ္ဆိုတာ လံုးဝ မဟုတ္ခဲ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ရလဒ္ေတြ မတည္ျငိမ္ျဖစ္ေနျပီး ရလဒ္ဆိုးေတြရမႈက ပိုမ်ားေနတာပါ။ ေလာေလာဆယ္မွာ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနေပမယ့္ အဲဗာတန္နဲ႔ အက္စတြန္ဗီလာတို႔ လက္က်န္ပြဲေတြ ကစားျပီးခဲ့ရင္ အဆင့္ ၈ ေနရာထိ ထိုးဆင္းသြားႏုိင္ေခ် ရွိေနပါတယ္။
ဒီလို အေျခအေနေတြေၾကာင့္ အသင္းက စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔အတူ ရလဒ္ေတြကို ျပန္ယူျပႏုိင္ဖို႔ လိုအပ္လာေနျပီ ျဖစ္ပါတယ္။