လီဗာပူးကစားသမားတွေဖြစ်တဲ့ ကိတ်တာ၊ ဂျိုတာတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေက ပိုပို ကောင်းလာနေပြီး အက်ဆာမှာ လေ့ကျင့်ရေး အစီအစဉ်တွေကို အပိုင်းအခြားအလိုက် အကောင်းဆုံး စတင်နေပြီဖြစ်ပါတယ်။

အထူးသဖြင့် မနေ့က ပြုလုပ်တဲ့ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲကြိုမှာ ကိတ်တာဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်နိုင်ခဲ့တယ်။ ဒါပေမယ့် လိုက်ဇစ်ပွဲ လူစာရင်းအတွက်တော့ ခေါ်ယူသွားခြင်း မရှိသေးဘဲ အက်ဆာမှာ ဆက်လက် လေ့ကျင့်ဖို့ပဲ ချန်ထားခဲ့ပါတယ်။

ကလော့ပ်ကပဲ “ ကိတ်တာက ဒဏ်ရာမရှိတော့ပါဘူး။ ဒါပေမယ့် လုံးဝကြီး ကြံ့ခိုင်နေတာတော့ မဟုတ်ဘူး။ မနေ့တုန်းက သူ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့တယ်။ သူနဲ့ ပက်သက်လို့ သေချာကြီး ပြောနိုင်တာ မရှိသေးပါဘူး။ ကျနေ်ာတို့ လိုက်ဇစ်နဲ့ ယှဉ်ပြိုင်ဖို့ သွားရောက်မယ့် ဒီ ၂ ရက်မှာ သူက လေ့ကျင့်ရေး ဆက်လုပ်နေပါလိမ့်မယ်။ အဲ့တာကပဲ ကျနေ်ာတို့နဲ့အတူ ရှိနေတာထက် ပိုကောင်းပါလိမ့်မယ် ” လို့ ထုတ်ပြောခဲ့တယ်။

အသင်းတိုက်စစ်သမား ဂျိုတာကလည်း အက်ဆာမှာ လေ့ကျင့်ရေးတွေ ပြန်စလုပ်နေပြီဖြစ်တယ်။ သူ့ရဲ့ တစ်ဦးချင်း လေ့ကျင့်ရေးတွေကိုပဲ ဆက်လုပ်နေဆဲဖြစ်ကာ အရှိန်ကောင်းလာသော်လည်း လက်တလောထိ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်လာခြင်းမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဒူဘိုင်းကနေ ပြန်လာပြီဖြစ်တဲ့ ဗန်ဒိုက်ကတော့ မနေ့တုန်းက အက်ဆာလေ့ကျင့်ရေးစင်တာနဲ့ ပူးပေါင်းခဲ့ပါပြီ။ သတင်းကောင်းကတော့ ဗန်ဒိုက်ဟာ ရေထဲမှာ အပြေးလေ့ကျင့်ခန်းကိုတောင် စတင်ခဲ့ပြီဆိုတာကို အင်စတာဂရမ်က ဖော်ပြခဲ့ခြင်းဖြစ်တယ်။ သူရထားတဲ့ ဒူးဒဏ်ရာအတွက် အခုလို အပြေးလေ့ကျင့်ရေး ပြန်စတင်နိုင်တာက အတော်လေး အရှိန်ကောင်းလာတယ်လို့ အဓိပ္ပာယ် သက်ရောက်ကြောင်းလည်း ကြားသိရပါတယ်။

ZAWGYI

လီဗာပူးကစားသမားေတြျဖစ္တဲ့ ကိတ္တာ၊ ဂ်ိဳတာတို႔ရဲ႕ ၾကံ႕ခိုင္မႈ အေျခအေနက ပိုပို ေကာင္းလာေနျပီး အက္ဆာမွာ ေလ့က်င့္ေရး အစီအစဥ္ေတြကို အပိုင္းအျခားအလုိက္ အေကာင္းဆံုး စတင္ေနျပီျဖစ္ပါတယ္။

အထူးသျဖင့္ မေန႔က ျပဳလုပ္တဲ့ လိုက္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ကိတ္တာဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဝင္ႏုိင္ခဲ့တယ္။ ဒါေပမယ့္ လိုက္ဇစ္ပြဲ လူစာရင္းအတြက္ေတာ့ ေခၚယူသြားျခင္း မရွိေသးဘဲ အက္ဆာမွာ ဆက္လက္ ေလ့က်င့္ဖို႔ပဲ ခ်န္ထားခဲ့ပါတယ္။

ကေလာ့ပ္ကပဲ “ ကိတ္တာက ဒဏ္ရာမရွိေတာ့ပါဘူး။ ဒါေပမယ့္ လံုးဝၾကီး ၾကံ႕ခိုင္ေနတာေတာ့ မဟုတ္ဘူး။ မေန႔တုန္းက သူ အသင္းနဲ႔အတူ ေလ့က်င့္ေရး ဆင္းခဲ့တယ္။ သူနဲ႔ ပက္သက္လို႔ ေသခ်ာၾကီး ေျပာႏိုင္တာ မရွိေသးပါဘူး။ က်ေန္ာတို႔ လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္ဖို႔ သြားေရာက္မယ့္ ဒီ ၂ ရက္မွာ သူက ေလ့က်င့္ေရး ဆက္လုပ္ေနပါလိမ့္မယ္။ အဲ့တာကပဲ က်ေန္ာတို႔နဲ႔အတူ ရွိေနတာထက္ ပိုေကာင္းပါလိမ့္မယ္ ” လို႔ ထုတ္ေျပာခဲ့တယ္။

အသင္းတိုက္စစ္သမား ဂ်ိဳတာကလည္း အက္ဆာမွာ ေလ့က်င့္ေရးေတြ ျပန္စလုပ္ေနျပီျဖစ္တယ္။ သူ႔ရဲ႕ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကိုပဲ ဆက္လုပ္ေနဆဲျဖစ္ကာ အရွိန္ေကာင္းလာေသာ္လည္း လက္တေလာထိ အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဝင္လာျခင္းမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

ဒူဘိုင္းကေန ျပန္လာျပီျဖစ္တဲ့ ဗန္ဒိုက္ကေတာ့ မေန႔တုန္းက အက္ဆာေလ့က်င့္ေရးစင္တာနဲ႔ ပူးေပါင္းခဲ့ပါျပီ။ သတင္းေကာင္းကေတာ့ ဗန္ဒိုက္ဟာ ေရထဲမွာ အေျပးေလ့က်င့္ခန္းကိုေတာင္ စတင္ခဲ့ျပီဆိုတာကို အင္စတာဂရမ္က ေဖာ္ျပခဲ့ျခင္းျဖစ္တယ္။ သူရထားတဲ့ ဒူးဒဏ္ရာအတြက္ အခုလို အေျပးေလ့က်င့္ေရး ျပန္စတင္ႏုိင္တာက အေတာ္ေလး အရွိန္ေကာင္းလာတယ္လို႔ အဓိပၸာယ္ သက္ေရာက္ေၾကာင္းလည္း ၾကားသိရပါတယ္။