ဘွန်ဒက်လီဂါကလပ် ရှော်ကေးအသင်းကနေ ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူထားသလို အပြီးသတ် ခေါ်ယူခွင့်လည်း ပါဝင်ထားတဲ့ ခံစစ်မှူး ခါဘတ်ဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ချန်ပီယံလိဂ်ပွဲအဖြစ် လိုက်ဇစ်ကို ရင်ဆိုင်တဲ့ပွဲမှာ ပွဲထွက်လာခဲ့ပါတယ်။

လိုက်ဇစ်ဟာ ခါဘတ် မကြာခဏ ရင်ဆိုင်နေကျ အသင်းဖြစ်လို့ လက်စတာပွဲကထက် ပိုသက်သောင့်သက်သာရှိတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်။ သူ့ရဲ့ ဘောလုံးရှင်းထုတ်မှု၊ ဖြတ်တောက်မှုနဲ့ တစ်ဦးချင်း စီးချင်းထိုးမှုတွေဟာ လက်စတာပွဲကထက်စာရင် ပိုပြည့်စုံတဲ့ အနေအထားလည်း ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ပထမပိုင်းအတွင်း သူ့ရဲ့ ဘောလုံးနဲ့အတူ ယုံကြည်မှုရှိတဲ့ ကစားဟန်၊ ပြိုင်ဘက်ရဲ့ ထိုးနှက်မှုတွေကို ဖြတ်တောက်ပြီး ရော်ဘတ်ဆန်ကို ဘောလုံးထုတ်ပေးဖို့ ကြိုးစားပေးမှုတွေက ခံစစ်အတွက် အတိုင်းအတာ တစ်ခုထိ သက်ရောက်မှု များပါတယ်။ အသင်း နည်းစနစ်မှာ အထိုင်မကျသေးသူ တစ်ဦးအတွက် အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်မျိုး ဖြစ်ခဲ့တယ်။

သူနဲ့ ပက်သက်ပြီး ထင်ထင်ရှားရှား မြင်ရတဲ့ အားနည်းချက်က အသက် ၂၀ အရွယ် ခံစစ်မှူးဟာ တစ်ဘက်အသင်းသားကို ဘောလုံးဝင်လုရာမှာ အလောတကြီး လုပ်ခြင်းဖြစ်တယ်။ ဒါကြောင့်လည်း အဝါကဒ်တွေ ရနေခဲ့တာကို မြင်ရတယ်။ သို့ပေမယ့် နည်းစနစ်ပိုင်းအရ ထိခိုက်နိုင်တဲ့ ကျော်ဖြတ်လာတဲ့ အန္တရာယ်ရှိ ဘောလုံးတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပါတယ်။

ခါဘတ်ကိုယ်တိုင်က ” လိုက်ဇစ်ကို နိုင်လိုက်တာက ကျနော်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါက လီဗာပူးဂျာစီနဲ့အတူ ကျနော်ရဲ့ ပထမဆုံး နိုင်ပွဲပါ။ ကျနော်က လူသစ်ပါ၊ လူငယ်တစ်ဦးပါ၊ အသင်းမှာက ကြယ်ပွင့်တွေ အများကြီး ရှိနေတာပါ။ ကျနော် အသားကျလာဖို့ အချိန်ပိုလိုသေးပြီး အချိန်နဲ့အမျှ ပိုကောင်းလာမယ်လို့ ထင်ပါတယ် ” လို့ ပွဲအပြီးမှာ ထုတ်ပြောခဲ့တယ်။

လာမယ့် စနေနေ့မှာတော့ လီဗာပူးဟာ မာဆေးဆိုဒ်ဒါဘီပွဲအဖြစ် အန်ဖီးကွင်းမှာ အဲဗာတန်ကို ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဒီပွဲမှာလည်း ခါဘတ် ပါဝင်ခွင့်ရဖွယ်ရှိပြီး ခံစစ်မှူးက သူ့ရဲ့ အလားအလာတွေကို ဆက်ပြီး ပြသနိုင်ဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေရွာ္ေကးအသင္းကေန ရာသီကုန္ထိ အငွားစာခ်ဳပ္ျဖင့္ ေခၚယူထားသလို အျပီးသတ္ ေခၚယူခြင့္လည္း ပါဝင္ထားတဲ့ ခံစစ္မွဴး ခါဘတ္ဟာ လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ လိုက္ဇစ္ကို ရင္ဆိုင္တဲ့ပြဲမွာ ပြဲထြက္လာခဲ့ပါတယ္။

လိုက္ဇစ္ဟာ ခါဘတ္ မၾကာခဏ ရင္ဆိုင္ေနက် အသင္းျဖစ္လို႔ လက္စတာပြဲကထက္ ပိုသက္ေသာင့္သက္သာရွိတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသႏုိင္ခဲ့တယ္။ သူ႔ရဲ႕ ေဘာလံုးရွင္းထုတ္မႈ၊ ျဖတ္ေတာက္မႈနဲ႔ တစ္ဦးခ်င္း စီးခ်င္းထိုးမႈေတြဟာ လက္စတာပြဲကထက္စာရင္ ပိုျပည့္စံုတဲ့ အေနအထားလည္း ျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ ပထမပိုင္းအတြင္း သူ႔ရဲ႕ ေဘာလံုးနဲ႔အတူ ယံုၾကည္မႈရွိတဲ့ ကစားဟန္၊ ျပိဳင္ဘက္ရဲ႕ ထိုးႏွက္မႈေတြကို ျဖတ္ေတာက္ျပီး ေရာ္ဘတ္ဆန္ကို ေဘာလံုးထုတ္ေပးဖို႔ ၾကိဳးစားေပးမႈေတြက ခံစစ္အတြက္ အတိုင္းအတာ တစ္ခုထိ သက္ေရာက္မႈ မ်ားပါတယ္။ အသင္း နည္းစနစ္မွာ အထိုင္မက်ေသးသူ တစ္ဦးအတြက္ အထင္ၾကီးေလာက္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ျဖစ္ခဲ့တယ္။

သူနဲ႔ ပက္သက္ျပီး ထင္ထင္ရွားရွား ျမင္ရတဲ့ အားနည္းခ်က္က အသက္ ၂၀ အရြယ္ ခံစစ္မွဴးဟာ တစ္ဘက္အသင္းသားကို ေဘာလံုးဝင္လုရာမွာ အေလာတၾကီး လုပ္ျခင္းျဖစ္တယ္။ ဒါေၾကာင့္လည္း အဝါကဒ္ေတြ ရေနခဲ့တာကို ျမင္ရတယ္။ သို႔ေပမယ့္ နည္းစနစ္ပိုင္းအရ ထိခိုက္ႏုိင္တဲ့ ေက်ာ္ျဖတ္လာတဲ့ အႏၱရာယ္ရွိ ေဘာလံုးေတြကို အေကာင္းဆံုး ကိုင္တြယ္ႏုိင္ခဲ့ပါတယ္။

ခါဘတ္ကိုယ္တိုင္က ” လိုက္ဇစ္ကို ႏုိင္လိုက္တာက က်ေနာ္အတြက္ အမ်ားၾကီး အဓိပၸာယ္ရွိပါတယ္။ ဒါက လီဗာပူးဂ်ာစီနဲ႔အတူ က်ေနာ္ရဲ႕ ပထမဆံုး ႏုိင္ပြဲပါ။ က်ေနာ္က လူသစ္ပါ၊ လူငယ္တစ္ဦးပါ၊ အသင္းမွာက ၾကယ္ပြင့္ေတြ အမ်ားၾကီး ရွိေနတာပါ။ က်ေနာ္ အသားက်လာဖို႔ အခ်ိန္ပိုလိုေသးျပီး အခ်ိန္နဲ႔အမွ် ပိုေကာင္းလာမယ္လို႔ ထင္ပါတယ္ ” လို႔ ပြဲအျပီးမွာ ထုတ္ေျပာခဲ့တယ္။

လာမယ့္ စေနေန႔မွာေတာ့ လီဗာပူးဟာ မာေဆးဆိုဒ္ဒါဘီပြဲအျဖစ္ အန္ဖီးကြင္းမွာ အဲဗာတန္ကို ယွဥ္ျပိဳင္ရပါလိမ့္မယ္။ ဒီပြဲမွာလည္း ခါဘတ္ ပါဝင္ခြင့္ရဖြယ္ရွိျပီး ခံစစ္မွဴးက သူ႔ရဲ႕ အလားအလာေတြကို ဆက္ျပီး ျပသႏုိင္ဖို႔ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။