လီဗာပူးရဲ့ လက်ကျန် ဘောလုံးရာသီဟာ ခါဘတ်၊ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ရဲ့ ကစားနိုင်စွမ်းတွေအပေါ် မူတည်သွားမယ်လို့ မာဆေးဆိုဒ် သတင်းဌာနကနေ ဆွေးနွေးမှုတစ်ခုကို ဦးဆောင် ပြုလုပ်သွားပါတယ်။

လီဗာပူးရဲ့ တိုက်စစ်သမားတွေက ကြံ့ခိုင်မှုကောင်းနေချိန်မှာ ကွင်းလယ်နဲ့ ခံစစ်က ယိမ်းယိုင်မှုတွေ ရှိနေခဲ့တာပါ။ အထူးသဖြင့် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုလို ကွင်းလယ်လူတွေက ခံစစ်မှူးတွေအဖြစ်ထိ ဆင်းကစားရခြင်းက လီဗာပူးရဲ့ လွှမ်းမိုးမှုကြီးစွာ အားထုတ်ကစားရတဲ့ နည်းစနစ်ကို အကန့်အသတ်တွေ ဖြစ်လာစေခဲ့တယ်။

ခံစစ်အတွက် ခါဘတ်ကို ခေါ်ယူထားခဲ့ပြီဖြစ်လို့ မကြာခင်မှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညို တို့ထဲက တစ်ဦးက ကွင်းလယ်ကို ပြန်လည် ဦးဆောင်သွားဖွယ်ရှိတယ်။ ဘောလုံးနည်းပြ မက်ဘာကာကတော့ ခံစစ်တစ်နေရာအတွက် ခါဘတ်ကို အဓိက ထုတ်သုံးမှာဖြစ်ပြီး မကြာခင်မှာ ဟန်ဒါဆန်က ကွင်းလယ်ကို ပြန်ရောက်လာမယ်လို့ ယုံကြည်နေပါတယ်။

ဘောလုံးနည်းပြ မက်ဘာကာက ” လီဗာပူးရဲ့ ဒုတိယ ဘောလုံးရာသီဝက်ဟာ အိုဇန် ခါဘတ်အပေါ်မှာ အတော်လေး မူတည်နေပပါတယ်။ နက်ဖီးလစ်က အမှားမရှိခဲ့ပေမယ့် နေ့တိုင်း လေ့ကျင့်ရေးမှာ မြင်နေရတဲ့ သူ့အစား ဝီလီယမ်ကို ရွေးဖို့ ကလော့ပ်က ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ ဒီလက်ကျန်ပွဲတွေမှာ ခံစစ်တစ်နေရာအတွက် သူက ခါဘတ်ကို ဦးစားပေးပါလိမ့်မယ်။

ဖာဘင်ညို ကြံ့ခိုင်နေမယ်ဆိုရင် ခါဘတ်နဲ့ တွဲဘက်ပြီး သူက ပွဲကစားခွင့် ရပါလိမ့်မယ်။ မဟုတ်ရင်တော့ ဟန်ဒါဆန်ပေါ့။ လူတွေက ဖာဘင်ညိုကို ကွင်းလယ်မှာ ပြန်မြင်လိုတယ်လို့ ပြောနေကြတယ် ဒါပေမယ့် မာတစ် ဒဏ်ရာရနေပြီး ဂိုးမက်စ်ကလည်း ဒဏ်ရာရနေတာကြောင့် ဒီနှစ်အတွက်တော့ ဖာဘင်ညိုကို ကွင်းလယ်နေရာမှာ ကစားစေဖွယ် မရှိတော့ပါဘူး။

ကလော့ပ်က ဗဟိုခံစစ်အတွက် ဖာဘင်ညိုကို ယုံကြည်ပါတယ်။ ဖာဘင်ညိုက လီဗာပူးရဲ့ ပွဲတွေမှာ ကစားကွက် တည်ဆောက်ဖို့နဲ့ ဘောလုံးပိုင်ဆိုင်မှုပိုင်းတွေအတွက် နားလည်သူဖြစ်တယ်။

ကျနော်အတွက် အရေးကြီးတာက ဟန်ဒါဆန် ကွင်းလယ်ကို ပြန်တက်ကစားရင် ခံစစ်က ခါဘတ်ကို မှီခိုရတော့မှာပါ။ ဒါကပဲ ရာသီဝက်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် ဖြစ်လာပါလိမ့်မယ် ” လို့ သုံးသပ်သွားခြင်း ဖြစ်ပါတယ်။

မာဆေးဆိုဒ် ဒါဘီပွဲမှာ ဖာဘင်ညို ပြန်ပါလာမလား မသိရသေးပါဘူး။ ခါဘတ်-ဟန်ဒါဆန် အတွဲကို ဗဟိုခံစစ်မှာ ထုတ်သုံးနိုင်ပေမယ့် ဖာဘင်ညို ပြန်သက်သာနေရင် ခံစစ်အတွဲကော ကွင်းလယ်အတွဲတွေပါ အပြောင်းအလဲ ရှိလာနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ လက္က်န္ ေဘာလံုးရာသီဟာ ခါဘတ္၊ ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳတို႔ရဲ႕ ကစားႏုိင္စြမ္းေတြအေပၚ မူတည္သြားမယ္လို႔ မာေဆးဆိုဒ္ သတင္းဌာနကေန ေဆြးေႏြးမႈတစ္ခုကို ဦးေဆာင္ ျပဳလုပ္သြားပါတယ္။

လီဗာပူးရဲ႕ တိုက္စစ္သမားေတြက ၾကံ႕ခိုင္မႈေကာင္းေနခ်ိန္မွာ ကြင္းလယ္နဲ႔ ခံစစ္က ယိမ္းယိုင္မႈေတြ ရွိေနခဲ့တာပါ။ အထူးသျဖင့္ ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳလို ကြင္းလယ္လူေတြက ခံစစ္မွဴးေတြအျဖစ္ထိ ဆင္းကစားရျခင္းက လီဗာပူးရဲ႕ လႊမ္းမိုးမႈၾကီးစြာ အားထုတ္ကစားရတဲ့ နည္းစနစ္ကို အကန္႔အသတ္ေတြ ျဖစ္လာေစခဲ့တယ္။

ခံစစ္အတြက္ ခါဘတ္ကို ေခၚယူထားခဲ့ျပီျဖစ္လို႔ မၾကာခင္မွာ ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳ တို႔ထဲက တစ္ဦးက ကြင္းလယ္ကို ျပန္လည္ ဦးေဆာင္သြားဖြယ္ရွိတယ္။ ေဘာလံုးနည္းျပ မက္ဘာကာကေတာ့ ခံစစ္တစ္ေနရာအတြက္ ခါဘတ္ကို အဓိက ထုတ္သံုးမွာျဖစ္ျပီး မၾကာခင္မွာ ဟန္ဒါဆန္က ကြင္းလယ္ကို ျပန္ေရာက္လာမယ္လုိ႔ ယံုၾကည္ေနပါတယ္။

ေဘာလုံးနည္းျပ မက္ဘာကာက ” လီဗာပူးရဲ႕ ဒုတိယ ေဘာလံုးရာသီဝက္ဟာ အိုဇန္ ခါဘတ္အေပၚမွာ အေတာ္ေလး မူတည္ေနပပါတယ္။ နက္ဖီးလစ္က အမွားမရွိခဲ့ေပမယ့္ ေန႔တိုင္း ေလ့က်င့္ေရးမွာ ျမင္ေနရတဲ့ သူ႔အစား ဝီလီယမ္ကို ေရြးဖို႔ ကေလာ့ပ္က ဆံုးျဖတ္ခဲ့တယ္။ ဒီေတာ့ ဒီလက္က်န္ပြဲေတြမွာ ခံစစ္တစ္ေနရာအတြက္ သူက ခါဘတ္ကို ဦးစားေပးပါလိမ့္မယ္။

ဖာဘင္ညိဳ ၾကံ႕ခိုင္ေနမယ္ဆိုရင္ ခါဘတ္နဲ႔ တြဲဘက္ျပီး သူက ပြဲကစားခြင့္ ရပါလိမ့္မယ္။ မဟုတ္ရင္ေတာ့ ဟန္ဒါဆန္ေပါ့။ လူေတြက ဖာဘင္ညိဳကို ကြင္းလယ္မွာ ျပန္ျမင္လိုတယ္လို႔ ေျပာေနၾကတယ္ ဒါေပမယ့္ မာတစ္ ဒဏ္ရာရေနျပီး ဂိုးမက္စ္ကလည္း ဒဏ္ရာရေနတာေၾကာင့္ ဒီႏွစ္အတြက္ေတာ့ ဖာဘင္ညိဳကို ကြင္းလယ္ေနရာမွာ ကစားေစဖြယ္ မရွိေတာ့ပါဘူး။

ကေလာ့ပ္က ဗဟိုခံစစ္အတြက္ ဖာဘင္ညိဳကို ယံုၾကည္ပါတယ္။ ဖာဘင္ညိဳက လီဗာပူးရဲ႕ ပြဲေတြမွာ ကစားကြက္ တည္ေဆာက္ဖို႔နဲ႔ ေဘာလံုးပိုင္ဆိုင္မႈပိုင္းေတြအတြက္ နားလည္သူျဖစ္တယ္။

က်ေနာ္အတြက္ အေရးၾကီးတာက ဟန္ဒါဆန္ ကြင္းလယ္ကို ျပန္တက္ကစားရင္ ခံစစ္က ခါဘတ္ကို မွီခိုရေတာ့မွာပါ။ ဒါကပဲ ရာသီဝက္အတြက္ အေရးပါတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္လာပါလိမ့္မယ္ ” လို႔ သံုးသပ္သြားျခင္း ျဖစ္ပါတယ္။

မာေဆးဆိုဒ္ ဒါဘီပြဲမွာ ဖာဘင္ညိဳ ျပန္ပါလာမလား မသိရေသးပါဘူး။ ခါဘတ္-ဟန္ဒါဆန္ အတြဲကို ဗဟိုခံစစ္မွာ ထုတ္သံုးႏုိင္ေပမယ့္ ဖာဘင္ညိဳ ျပန္သက္သာေနရင္ ခံစစ္အတြဲေကာ ကြင္းလယ္အတြဲေတြပါ အေျပာင္းအလဲ ရွိလာႏုိင္တာ ျဖစ္ပါတယ္။