လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆သင်း ရှူံးထွက် အဆင့် ပထမအကျော့မှာ လိုက်ပ်ဇစ် ကို ၂-၀ နဲ့ အနိုင်ရရှိထားပြီ ဖြစ်ပေမယ့် နောက်တစ်ဆင့် ရောက်ပြီ သေချာပေါက် မပြောနိုင်သေးဘဲ ယခင်က လီဗာပူး ဘာစီလိုနာ ကို ဒုတိယကျော့မှာ ဂိုးပြတ်သွင်းသလို လုပ်သွားနိုင်ကြောင်း ဝိုက်နယ်ဒန်က သတိပေးလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၈-၁၉ ဘောလုံးရာသီက ဘာစီလိုနာ ကို ပထမအကျော့မှာ ၃-၀ နဲ့ ရှူံးထားပေမယ့် ဒုတိယ အကျော့မှာ ၄-၀ နဲ့ အနိုင်ယူကာ နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။ ထိုပွဲက အန်းဖီးလ်ရဲ့ အမှတ်ရဖွယ် ချန်ပီယံလိဂ် ညတွေထဲ ပါဝင်နေတာပါ။

ဒါကြောင့် ဒီရာသီ ပထမအကျော့မှာ လိုက်ပ်ဇစ် ကို နိုင်ထားတာက ဘာ အာမခံချက်မှ မရှိသေးကြောင်း လီဗာပူး ကွင်းလယ် ဝိုက်နယ်ဒန်က ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးကောင်း ရှိထားပါတယ်။ ဒါပေမယ့် ဒါက ချန်ပီယံလိဂ်ပါ။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာပဲ ပကျော့ ၃-၀ ရှူံးနေတာကနေ ဘာတွေ ဖြစ်လာနိုင်သေးလဲ ကျနော်တို့ လုပ်ပြခဲ့သေးတယ်လေ။

ဒီတော့ သူတို့ကလည်း ဒီလိုပဲ တွေးမှာပါ။ အိုကေ ဒီပွဲ ၂-၀ နဲ့ ရှူံးလည်း ငါတို့ အဝေးကွင်းကျ ပြောင်းလဲပစ်နိုင်တယ်လို့ တွေးနေမှာပါ။ ဒီတော့ ကျနော်တို့ အနေနဲ့ လုပ်စရာ ရှိတာ လုပ်ဖို့ အာရုံစိုက်ရမယ်။ ဒီရလဒ်က ပြောင်းသွားနိုင်သေးတယ် ဆိုတာ သတိထားရမယ်။ ” လို့ နယ်သာလန်သားက ဆိုပါတယ်။

ဝိုက်နယ်ဒန်ဟာ လီဗာပူး ဘာစီလိုနာကို အံ့ဖွယ် အနိုင်ယူတဲ့ ပွဲမှာ ၂ဂိုး သွင်းယူပေးခဲ့သူပါ။ လီဗာပူးအသင်းဟာ လိုက်ပ်ဇစ်နဲ့ ဒုတိယ အကျော့ကို အင်္ဂလန်မှာ မတ်လ ထဲမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဴးထြက္ အဆင့္ ပထမအေက်ာ့မွာ လိုက္ပ္ဇစ္ ကို ၂-၀ နဲ႕ အနိုင္ရရွိထားျပီ ျဖစ္ေပမယ့္ ေနာက္တစ္ဆင့္ ေရာက္ျပီ ေသခ်ာေပါက္ မေျပာနိုင္ေသးဘဲ ယခင္က လီဗာပူး ဘာစီလိုနာ ကို ဒုတိယေက်ာ့မွာ ဂိုးျပတ္သြင္းသလို လုပ္သြားနိုင္ေၾကာင္း ၀ိုက္နယ္ဒန္က သတိေပးလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီက ဘာစီလိုနာ ကို ပထမအေက်ာ့မွာ ၃-၀ နဲ႕ ရွံဴးထားေပမယ့္ ဒုတိယ အေက်ာ့မွာ ၄-၀ နဲ႕ အနိုင္ယူကာ ေနာက္တစ္ဆင့္တက္သြားခဲ့ပါတယ္။ ထိုပြဲက အန္းဖီးလ္ရဲ႕ အမွတ္ရဖြယ္ ခ်န္ပီယံလိဂ္ ညေတြထဲ ပါ၀င္ေနတာပါ။

ဒါေၾကာင့္ ဒီရာသီ ပထမအေက်ာ့မွာ လိုက္ပ္ဇစ္ ကို နိုင္ထားတာက ဘာ အာမခံခ်က္မွ မရွိေသးေၾကာင္း လီဗာပူး ကြင္းလယ္ ၀ိုက္နယ္ဒန္က ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ေနာက္တစ္ဆင့္ တက္ဖို႔ အခြင့္အေရးေကာင္း ရွိထားပါတယ္။ ဒါေပမယ့္ ဒါက ခ်န္ပီယံလိဂ္ပါ။ ျပီးခဲ့တဲ့ နွစ္ေတြထဲမွာပဲ ပေက်ာ့ ၃-၀ ရွံဴးေနတာကေန ဘာေတြ ျဖစ္လာနိုင္ေသးလဲ က်ေနာ္တို႔ လုပ္ျပခဲ့ေသးတယ္ေလ။

ဒီေတာ့ သူတို႕ကလည္း ဒီလိုပဲ ေတြးမွာပါ။ အိုေက ဒီပြဲ ၂-၀ နဲ႕ ရွံဴးလည္း ငါတို႔ အေ၀းကြင္းက် ေျပာင္းလဲပစ္နိုင္တယ္လို႔ ေတြးေနမွာပါ။ ဒီေတာ့ က်ေနာ္တို႔ အေနနဲ႕ လုပ္စရာ ရွိတာ လုပ္ဖို႔ အာရံုစိုက္ရမယ္။ ဒီရလဒ္က ေျပာင္းသြားနိုင္ေသးတယ္ ဆိုတာ သတိထားရမယ္။ ” လို႔ နယ္သာလန္သားက ဆိုပါတယ္။

၀ိုက္နယ္ဒန္ဟာ လီဗာပူး ဘာစီလိုနာကို အံ့ဖြယ္ အနိုင္ယူတဲ့ ပြဲမွာ ၂ဂိုး သြင္းယူေပးခဲ့သူပါ။ လီဗာပူးအသင္းဟာ လိုက္ပ္ဇစ္နဲ႕ ဒုတိယ အေက်ာ့ကို အဂၤလန္မွာ မတ္လ ထဲမွာ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။