ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲအဖြစ် လီဗာပူးနဲ့ လိုက်ဇစ်ပွဲကို ယှဉ်ပြိုင်ကစားစေဖို့ ဥရောပနိုင်ငံ ၆ ခုအတွင်းမှ မြို့ကြီး ၈ မြို့ကို လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အဆိုပါပွဲကို အန်ဖီးကွင်းမှာ ကစားရဖို့ ရှိနေပေမယ့် အစီအစဉ်အတိုင်း ကစားနိုင်ဖွယ် မရှိဘဲ ကြားကွင်းမှာပဲ ကစားရဖွယ် ရှိနေပါတယ်။ ဗြိတိန်ရဲ့ စည်းမျဉ်းတွေအရ လီဗာပူးကို လာရောက်ယှဉ်ပြိုင်ဖို့အတွက် လိုက်ဇစ်ဟာ ကွာရန်တင်း ၁၀ ရက် ဝင်ရဖို့ ရှိနေတာပါ။
အဆိုပါ အခြေအနေကို ရှောင်ရှားဖို့ ကြားကွင်းကို အသုံးပြုဖို့ ထပ်မံ ကြံစည်လာခြင်းဖြစ်တယ်။ ပထမအကျော့တုန်းကလည်း လိုက်ဇစ် အိမ်ကွင်းမှာ မကစားခဲ့ရဘဲ ကြားကွင်းအဖြစ် ဟန်ဂေရီနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ရကာ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒုတိယအကျော့ပွဲအဖြစ် အီတလီနဲ့ ရိုမေးနီးယားက ကွင်းတွေထံကနေ ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရတယ်။ အန်ဖီးကွင်းကိုလည်း လုံးဝ ဖယ်ထုတ်လိုက်ပြီတော့ မဟုတ်သေးပေမယ့် ကစားဖို့ကတော့ အလားအလာ အတော်လေး နည်းပါးခဲ့ပြီလို့ သိရပါတယ်။
ပြိုင်ပွဲ ကစားဖို့က ၃ ပတ်ထိ လိုသေးတာကြောင့် သေချာတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကြိုတင်စီစဉ်မှုတွေကို စတင်နေပြီဖြစ်ကာ လာမယ့် သီတင်းပတ်တွေမှာ ကြေညာမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေကတော့ စကားပြောမှုတွေ ဆက်လုပ်နေတယ်။ ၎င်းတို့ဘက်က သက်ဆိုင်ရာ ကလပ် နှစ်သင်းလုံးနဲ့ ချိတ်ဆက် စကားပြောမှုအပြင် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်နဲ့ကော ဂျာမာန် ဘောလုံးအဖွဲ့ချုပ်နဲ့ပါ ဆက်သွယ် စကားပြောမှုတွေလည်း လုပ်ထားတယ်လို့ စာထုတ်ထားသေးတာ ဖြစ်ပါတယ်။
ZAWGYI
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲအျဖစ္ လီဗာပူးနဲ႔ လိုက္ဇစ္ပြဲကို ယွဥ္ျပိဳင္ကစားေစဖို႔ ဥေရာပႏုိင္ငံ ၆ ခုအတြင္းမွ ျမိဳ႔ၾကီး ၈ ျမိဳ႔ကို ေလ့လာမႈေတြ ျပုလုပ္ေနတယ္လို႔ သိရပါတယ္။
မတ္လ ၁၀ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ အဆိုပါပြဲကို အန္ဖီးကြင္းမွာ ကစားရဖို႔ ရွိေနေပမယ့္ အစီအစဥ္အတိုင္း ကစားႏုိင္ဖြယ္ မရွိဘဲ ၾကားကြင္းမွာပဲ ကစားရဖြယ္ ရွိေနပါတယ္။ ျဗိတိန္ရဲ႕ စည္းမ်ဥ္းေတြအရ လီဗာပူးကို လာေရာက္ယွဥ္ျပိဳင္ဖို႔အတြက္ လိုက္ဇစ္ဟာ ကြာရန္တင္း ၁၀ ရက္ ဝင္ရဖို႔ ရွိေနတာပါ။
အဆိုပါ အေျခအေနကို ေရွာင္ရွားဖို႔ ၾကားကြင္းကို အသံုးျပဳဖို႔ ထပ္မံ ၾကံစည္လာျခင္းျဖစ္တယ္။ ပထမအေက်ာ့တုန္းကလည္း လိုက္ဇစ္ အိမ္ကြင္းမွာ မကစားခဲ့ရဘဲ ၾကားကြင္းအျဖစ္ ဟန္ေဂရီႏုိင္ငံမွာ ယွဥ္ျပိဳင္ကစားခဲ့ရကာ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရခဲ့ပါတယ္။
ဒုတိယအေက်ာ့ပြဲအျဖစ္ အီတလီနဲ႔ ရိုေမးနီးယားက ကြင္းေတြထံကေန ရွာေဖြမႈေတြ လုပ္ေနတယ္လို႔ သိရတယ္။ အန္ဖီးကြင္းကိုလည္း လံုးဝ ဖယ္ထုတ္လိုက္ျပီေတာ့ မဟုတ္ေသးေပမယ့္ ကစားဖို႔ကေတာ့ အလားအလာ အေတာ္ေလး နည္းပါးခဲ့ျပီလုိ႔ သိရပါတယ္။
ျပိဳင္ပြဲ ကစားဖို႔က ၃ ပတ္ထိ လိုေသးတာေၾကာင့္ ေသခ်ာတ့ဲ ဆံုးျဖတ္ခ်က္ေတြကို ျပဳလုပ္ရျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လည္း ၾကိဳတင္စီစဥ္မႈေတြကို စတင္ေနျပီျဖစ္ကာ လာမယ့္ သီတင္းပတ္ေတြမွာ ေၾကညာမႈေတြ ျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္။
ယူအီးအက္ဖ္ေအကေတာ့ စကားေျပာမႈေတြ ဆက္လုပ္ေနတယ္။ ၄င္းတို႔ဘက္က သက္ဆိုင္ရာ ကလပ္ ႏွစ္သင္းလံုးနဲ႔ ခ်ိတ္ဆက္ စကားေျပာမႈအျပင္ အဂၤလန္ေဘာလံုး အဖြဲ႔ခ်ဳပ္နဲ႔ေကာ ဂ်ာမာန္ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ပါ ဆက္သြယ္ စကားေျပာမႈေတြလည္း လုပ္ထားတယ္လို႔ စာထုတ္ထားေသးတာ ျဖစ္ပါတယ္။