အပြောင်းအရွှေ့ ကျွမ်းကျင်သူဖြစ်တဲ့ Fabrizio Romano က ဒီအပတ်မှာတော့ လီဗာပူးအသင်းနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ဖော်ပြမှု လုပ်သွားပါတယ်။
၂၀၂၁ ခုနှစ်အတွက် လီဗာပူးအသင်းရဲ့ ဦးစားပေးက အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ညိုနဲ့ ဆာလာတို့ကို သက်တမ်းတိုးဖို့ဖြစ်တယ်။ ကလပ်ဟာ လူစာရင်း စုဖွဲ့မှုတွေကို ပြန်လည် လုပ်ဆောင်မှာဖြစ်ကာ ကစားသမား ရောင်းထုတ်မှုတွေလည်း ရှိလာဦးမှာ ဖြစ်ပါတယ်။
Fabrizio Romano က ” ၂၀၂၁ ခုနှစ်အတွက် လီဗာပူးရဲ့ ထိပ်တန်း ဦးစားပေး ကိစ္စက စာချုပ်သစ်တွေ လက်မှတ်ထိုးဖို့ ဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့က ထိပ်တန်း ဦးစားပေးတွေဖြစ်တယ်။ လီဗာပူးဘက်က ၂၀၂၃ ခုနှစ် ဇွန်မှာ စာချုပ်ကုန်တော့မယ့် ဆာလာရဲ့ အခြေအနေ အတွက်လည်း အာရုံစိုက်နေခဲ့ပါတယ်။
ဝိုက်နယ်ဒမ်ကို စာချုပ်သစ်ပေးဖို့ ကိစ္စက ဆွေးနွေးနေခြင်း မရှိတော့ဘဲ ကွင်းလယ်လူဟာ နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ရှိနေပါတယ်။ လီဗာပူးဘုတ်အဖွဲ့က ကွင်းလယ်လူသစ်ကို ခေါ်ယူဖို့ တွက်ချက်နေပြီး များစွာသော နာမည်တွေထဲမှာတော့ လိုင်လီအသင်းက ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်လည်း ပါဝင်နေပါတယ်။
လာမယ့်အပတ်တွေမှာ အိုဇန် ခါဘတ်ဟာ သူ့ရဲ့ အခွင့်အရေးကို ပြသခွင့်ရမှာဖြစ်ပြီး နွေမှာတော့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးက အခြားသော ပစ်မှတ်တွေကိုလည်း စိတ်ဝင်စားနေသေးတာ ဖြစ်ပါတယ်။ ” လို့ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
ဒီနွေမှာ လီဗာပူးအသင်းဟာ ကွင်းလယ်လူတစ်ဦးနဲ့ ခံစစ်မှူး တစ်ဦး သေချာပေါက် ခေါ်ယူသွားမယ်လို့ ယုံကြည်ရတယ်။ ခံစစ်မှူးနေရာအတွက် ဆက်လက် စောင့်ကြည့်မှုတွေ လုပ်နေဆဲဖြစ်ပြီး ကာလရှည် အသုံးပြုနိုင်မယ့် ကစားသမားမျိုးကို ချိန်ရွယ်မှာ ဖြစ်ပါတယ်။
ZAWGYI
အေျပာင္းအေရႊ႔ ကၽြမ္းက်င္သူျဖစ္တဲ့ Fabrizio Romano က ဒီအပတ္မွာေတာ့ လီဗာပူးအသင္းနဲ႔ သက္ဆိုင္တဲ့ သတင္းေတြကို ေဖာ္ျပမႈ လုပ္သြားပါတယ္။
၂၀၂၁ ခုႏွစ္အတြက္ လီဗာပူးအသင္းရဲ႕ ဦးစားေပးက အဓိက ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဖာဘင္ညိဳနဲ႔ ဆာလာတို႔ကို သက္တမ္းတိုးဖို႔ျဖစ္တယ္။ ကလပ္ဟာ လူစာရင္း စုဖြဲ႔မႈေတြကို ျပန္လည္ လုပ္ေဆာင္မွာျဖစ္ကာ ကစားသမား ေရာင္းထုတ္မႈေတြလည္း ရွိလာဦးမွာ ျဖစ္ပါတယ္။
Fabrizio Romano က ” ၂၀၂၁ ခုႏွစ္အတြက္ လီဗာပူးရဲ႕ ထိပ္တန္း ဦးစားေပး ကိစၥက စာခ်ဳပ္သစ္ေတြ လက္မွတ္ထိုးဖို႔ ျဖစ္ပါတယ္။ ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳတို႔က ထိပ္တန္း ဦးစားေပးေတြျဖစ္တယ္။ လီဗာပူးဘက္က ၂၀၂၃ ခုႏွစ္ ဇြန္မွာ စာခ်ဳပ္ကုန္ေတာ့မယ့္ ဆာလာရဲ႕ အေျခအေန အတြက္လည္း အာရံုစိုက္ေနခဲ့ပါတယ္။
ဝိုက္နယ္ဒမ္ကို စာခ်ဳပ္သစ္ေပးဖို႔ ကိစၥက ေဆြးေႏြးေနျခင္း မရွိေတာ့ဘဲ ကြင္းလယ္လူဟာ ေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာသြားဖို႔ ရွိေနပါတယ္။ လီဗာပူးဘုတ္အဖြဲ႔က ကြင္းလယ္လူသစ္ကို ေခၚယူဖို႔ တြက္ခ်က္ေနျပီး မ်ားစြာေသာ နာမည္ေတြထဲမွာေတာ့ လိုင္လီအသင္းက ကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္လည္း ပါဝင္ေနပါတယ္။
လာမယ့္အပတ္ေတြမွာ အိုဇန္ ခါဘတ္ဟာ သူ႔ရဲ႕ အခြင့္အေရးကို ျပသခြင့္ရမွာျဖစ္ျပီး ေႏြမွာေတာ့ အျပီးသတ္ ဝယ္ယူခြင့္ ပါဝင္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးက အျခားေသာ ပစ္မွတ္ေတြကိုလည္း စိတ္ဝင္စားေနေသးတာ ျဖစ္ပါတယ္။ ” လို႔ ထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။
ဒီေႏြမွာ လီဗာပူးအသင္းဟာ ကြင္းလယ္လူတစ္ဦးနဲ႔ ခံစစ္မွဴး တစ္ဦး ေသခ်ာေပါက္ ေခၚယူသြားမယ္လို႔ ယံုၾကည္ရတယ္။ ခံစစ္မွဴးေနရာအတြက္ ဆက္လက္ ေစာင့္ၾကည့္မႈေတြ လုပ္ေနဆဲျဖစ္ျပီး ကာလရွည္ အသံုးျပဳႏုိင္မယ့္ ကစားသမားမ်ိဳးကို ခိ်န္ရြယ္မွာ ျဖစ္ပါတယ္။