ဒီအပတ် စနေနေ့မှာတော့ လီဗာပူးဟာ အန်ဖီးကွင်းမှာပဲ မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးဟာ အမှတ်ပေးပွဲ ၂၄ ပွဲကစား ရမှတ် ၄၀၊ အဲဗာတန်က အမှတ်ပေးပွဲ ၂၃ ပွဲကစား ၃၇ မှတ်ဖြင့် အဆင့် ၆နဲ့ အဆင့် ၇ တွေမှာ အသီးသီး ရပ်တည်နေကြတာဖြစ်တယ်။ ဒါကပဲ ရာသီအစောပိုင်းက စိတ်နာစရာ ဖြစ်ရပ်ကို ထည့်မတွက်ဘဲကို ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုက ပြိုင်ဆိုင်မှု အားကောင်းလာမယ့် အချက်ဖြစ်တယ်။

ဒါဘီပွဲကြိုမှာတော့ နှစ်သင်းလုံးရဲ့ လူမှုကွန်ယက်တွေကနေ ပွဲကြိုနဲ့ ပက်သက်ပြီး လေတိုက်ပွဲတွေ စတင်နေပြီဖြစ်တယ်။ ထိုနည်းတူ ကစားသမားဟောင်းတွေကလည်း ဒါဘီပွဲနဲ့ ပက်သက်လို့ လှုပ်ရှားမှုတွေ ရှိလာခဲ့ပါတယ်။

မစ္စတာလီဗာပူးလို့ ထင်ရှားခဲ့တဲ့ စတီဗင်ဂျရတ်ဟာ မာဆေးဆိုဒ်ဒါဘီပွဲ ၃၂ ပွဲထိ ကစားခဲ့ပြီး သွင်းဂိုး ၈ ဂိုးထိ သွင်းယူခဲ့တယ်။ အဆိုပါထဲမှာတော့ ၂၀၁၂ ခုနှစ် မတ်လတုန်းက အန်ဖီးမှာ အဲဗာတန်ကို hat-trick သွင်းယူမှုလည်း ပါဝင်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ အင်စတာဂရမ်အကောင့်က အဆိုပါပွဲ ဗီဒီယိုနဲ့အတူ “ Hat-trick ဟီးရိုး။ အိမ်နီးနားချင်း အဲဗာတန်ကို ရင်ဆိုင်တုန်းက စတီဗင်ရဲ့ သိပ်ကောင်းတဲ့ သွင်းဂိုး ၃ ဂိုး ” ဆိုကာ အဲဗာတန်ကို မန်းရှင်း ဖော်ပြသွားခဲ့တာဖြစ်တယ်။

အဆိုပါ ပိုစ့်အောက်မှာတော့ ကစားသမားဟောင်း အန်းနရစ်က “ဆွာရက်စ်နဲ့ စတီဗင်” လို့ ပွဲမှာ တောက်ပခဲ့တဲ့ ကစားသမားနှစ်ဦးရဲ့ အမည်ကို အမှတ်ရတဲ့ အနေနဲ့ ဝင်ရေးသားခဲ့ပြီး လူးကပ်ကလည်း လက်ခုပ်တီးတဲ့ emoji ကို ဝင်ရေးခဲ့ပါတယ်။

စတီဗင်ကိုယ်တိုင်ကတော့ “ ငါတို့ နောက်တစ်ကြိမ် ထပ်ကစားလို့ မရနိုင်တော့ဘူး ” ဆိုတဲ့ စာသားကိုပဲ စိတ်မကောင်းဟန်ဖြင့် ဝင်ရောက် ရေးသားသွားခဲ့တယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် အရေးနိမ့်မှုကို ရပ်တန့်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး အိမ်နီးနားချင်းတွေနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲကို အနိုင်ယူဖို့ ဦးတည်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးဟာ အန္ဖီးကြင္းမွာပဲ မာေဆးဆိုဒ္ဒါဘီအျဖစ္ အဲဗာတန္ကို ဧည့္ခံ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးဟာ အမွတ္ေပးပြဲ ၂၄ ပြဲကစား ရမွတ္ ၄၀၊ အဲဗာတန္က အမွတ္ေပးပြဲ ၂၃ ပြဲကစား ၃၇ မွတ္ျဖင့္ အဆင့္ ၆နဲ႔ အဆင့္ ၇ ေတြမွာ အသီးသီး ရပ္တည္ေနၾကတာျဖစ္တယ္။ ဒါကပဲ ရာသီအေစာပိုင္းက စိတ္နာစရာ ျဖစ္ရပ္ကို ထည့္မတြက္ဘဲကို ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈက ျပိဳင္ဆိုင္မႈ အားေကာင္းလာမယ့္ အခ်က္ျဖစ္တယ္။

ဒါဘီပြဲၾကိဳမွာေတာ့ ႏွစ္သင္းလံုးရဲ႕ လူမႈကြန္ယက္ေတြကေန ပြဲၾကိဳနဲ႔ ပက္သက္ျပီး ေလတိုက္ပြဲေတြ စတင္ေနျပီျဖစ္တယ္။ ထိုနည္းတူ ကစားသမားေဟာင္းေတြကလည္း ဒါဘီပြဲနဲ႔ ပက္သက္လို႔ လႈပ္ရွားမႈေတြ ရွိလာခဲ့ပါတယ္။

မစၥတာလီဗာပူးလို႔ ထင္ရွားခဲ့တဲ့ စတီဗင္ဂ်ရတ္ဟာ မာေဆးဆိုဒ္ဒါဘီပြဲ ၃၂ ပြဲထိ ကစားခဲ့ျပီး သြင္းဂိုး ၈ ဂိုးထိ သြင္းယူခဲ့တယ္။ အဆိုပါထဲမွာေတာ့ ၂၀၁၂ ခုႏွစ္ မတ္လတုန္းက အန္ဖီးမွာ အဲဗာတန္ကို hat-trick သြင္းယူမႈလည္း ပါဝင္ခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ အင္စတာဂရမ္အေကာင့္က အဆိုပါပြဲ ဗီဒီယိုနဲ႔အတူ “ Hat-trick ဟီးရိုး။ အိမ္နီးနားခ်င္း အဲဗာတန္ကို ရင္ဆိုင္တုန္းက စတီဗင္ရဲ႕ သိပ္ေကာင္းတဲ့ သြင္းဂိုး ၃ ဂိုး ” ဆိုကာ အဲဗာတန္ကို မန္းရွင္း ေဖာ္ျပသြားခဲ့တာျဖစ္တယ္။

အဆိုပါ ပိုစ့္ေအာက္မွာေတာ့ ကစားသမားေဟာင္း အန္းနရစ္က “ဆြာရက္စ္နဲ႔ စတီဗင္” လို႔ ပြဲမွာ ေတာက္ပခဲ့တဲ့ ကစားသမားႏွစ္ဦးရဲ႕ အမည္ကို အမွတ္ရတဲ့ အေနနဲ႔ ဝင္ေရးသားခဲ့ျပီး လူးကပ္ကလည္း လက္ခုပ္တီးတဲ့ emoji ကို ဝင္ေရးခဲ့ပါတယ္။

စတီဗင္ကိုယ္တိုင္ကေတာ့ “ ငါတို႔ ေနာက္တစ္ၾကိမ္ ထပ္ကစားလို႔ မရႏိုင္ေတာ့ဘူး ” ဆိုတဲ့ စာသားကိုပဲ စိတ္မေကာင္းဟန္ျဖင့္ ဝင္ေရာက္ ေရးသားသြားခဲ့တယ္။

လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္ အေရးနိမ့္မႈကို ရပ္တန္႔ႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္ျပီး အိမ္နီးနားခ်င္းေတြနဲ႔ ထိပ္တိုက္ေတြ႔တဲ့ပြဲကို အႏုိင္ယူဖို႔ ဦးတည္သြားရမွာ ျဖစ္ပါတယ္။