ဒီအပတ်မှာတော့ လီဗာပူးဟာ ကလပ်ရဲ့ ဘောလုံးရာသီ တစ်ခုလုံးကို ရိုက်ချိုးခဲ့တဲ့ ဒါဘီပြိုင်ဘက် အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံရပါမယ်။

ဗန်ဒိုက်ကို တစ်ရာသီလုံး နားရစေတဲ့ ဒဏ်ရာရစေခဲ့သလို သီယာဂိုကို ဒဏ်ရာပြဿနာကြီး ပေးခဲ့တဲ့ အဲဗာတန်ကို လီဗာပူးအသင်းက အနိုင်ယူလိုနေမှာ သေချာလှတယ်။ အမှတ်ပေးဇယားမှာ ရမှတ် ၃ မှတ်ပဲ ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒီပွဲကို အနိုင်ယူဖို့ကလည်း နှစ်သင်းလုံးအတွက် အရေးပါပါတယ်။

မာဆေးဆိုဒ်ဒါဘီပွဲအတွက် လော်ရိုးက ” လက်စတာကို အရေးနိမ့်တဲ့ပွဲမှာ အယ်လီဆန်ရဲ့ အမှား မပေါ်လာခင်ချိန်ထိ လီဗာပူးကစားပုံက ကောင်းခဲ့ပါတယ်။ အဲ့အမှားကတော့ ပွဲကို ပြောင်းလဲစေခဲ့တယ်။ ကျနော် ကြည့်ရသလောက်ကတော့ ခံစစ်မှူးသစ် ခါဘတ်က ဘာအမှားမှလည်း မလုပ်ခဲ့ပါဘူး။ ဂိုးသမား ထွက်မလာခင်ချိန်ထိ သူက အကောင်းဆုံး ကိုင်တွယ်နေခဲ့တာပါ။

ကြားရက်က လိုက်ဇစ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက တုန့်ပြန်မှုကောင်းတွေ ပြသတာကို မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လို့ လိုက်ဇစ်ရဲ့ ကစားပုံကလည်း လီဗာပူးရဲ့ နည်းစနစ်အတွက် အံဝင်ခဲ့ပြီး နေရာလွတ်တွေ အများကြီး ရခဲ့တယ်။

အဲဗာတန်က အဲ့လို ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ကြားရက်က မန်စီးတီးနဲ့ပွဲမှာ သူတို့ ကစားတာကို ကြည့်ခဲ့ရပြီး တိုက်စစ်မှာ ရစ်ချာလီဆန်ကို တင်ထားပြီး ကွင်းလယ်လူတွေက စီးတီးရဲ့ နေရာလွတ်ကို ပိတ်ခဲ့ကြတယ်။

အဲဗာတန်က နောက်ဆုံး ယှဉ်ပြိုင်ကစားတဲ့ ၃ ပွဲမှာ ရမှတ် ၁ မှတ်ပဲ ရခဲ့ပါတယ်။ သူတို့ကို ကြည့်ရတာ အဝေးကွင်းမှာ ရလဒ်ပိုကောင်းနေပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ရလဒ်တွေမကောင်း ဖြစ်နေတာက အဲဗာတန်တို့ အခွင့်အရေးယူဖို့ ကြိုးစားသွားနိုင်တဲ့ နောက်ထပ် အချက်ပါပဲ။

အန်ဆယ်လော့တီရဲ့ အသင်းက တက်ကြွစွာ ကစားတတ်ပြီး တိုက်စစ်ကို ကယ်ဗက် လီဝင်က ဦးဆောင်လာနိုင်ပါတယ်။ သူကစားနိုင်မယ်ဆိုရင်တော့ ထိန်းချုပ်ရ အတော်လေး ခက်ခဲပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ အဲဗာတန်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ၁-၁ ရလဒ်ဖြင့် သရေကျမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးဟာ ကလပ္ရဲ႕ ေဘာလံုးရာသီ တစ္ခုလံုးကို ရိုက္ခ်ိဳးခဲ့တဲ့ ဒါဘီျပိဳင္ဘက္ အဲဗာတန္ကို အိမ္ကြင္းမွာ ဧည့္ခံရပါမယ္။

ဗန္ဒိုက္ကို တစ္ရာသီလုံး နားရေစတဲ့ ဒဏ္ရာရေစခဲ့သလို သီယာဂိုကို ဒဏ္ရာျပႆနာၾကီး ေပးခဲ့တဲ့ အဲဗာတန္ကို လီဗာပူးအသင္းက အႏုိင္ယူလိုေနမွာ ေသခ်ာလွတယ္။ အမွတ္ေပးဇယားမွာ ရမွတ္ ၃ မွတ္ပဲ ကြာဟေနျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဒီပြဲကို အႏုိင္ယူဖို႔ကလည္း ႏွစ္သင္းလံုးအတြက္ အေရးပါပါတယ္။

မာေဆးဆိုဒ္ဒါဘီပြဲအတြက္ ေလာ္ရိုးက ” လက္စတာကို အေရးနိမ့္တဲ့ပြဲမွာ အယ္လီဆန္ရဲ႕ အမွား မေပၚလာခင္ခ်ိန္ထိ လီဗာပူးကစားပံုက ေကာင္းခဲ့ပါတယ္။ အဲ့အမွားကေတာ့ ပြဲကို ေျပာင္းလဲေစခဲ့တယ္။ က်ေနာ္ ၾကည့္ရသေလာက္ကေတာ့ ခံစစ္မွဴးသစ္ ခါဘတ္က ဘာအမွားမွလည္း မလုပ္ခဲ့ပါဘူး။ ဂိုးသမား ထြက္မလာခင္ခ်ိန္ထိ သူက အေကာင္းဆံုး ကိုင္တြယ္ေနခဲ့တာပါ။

ၾကားရက္က လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက တုန္႔ျပန္မႈေကာင္းေတြ ျပသတာကို ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္လို႔ လိုက္ဇစ္ရဲ႕ ကစားပံုကလည္း လီဗာပူးရဲ႕ နည္းစနစ္အတြက္ အံဝင္ခဲ့ျပီး ေနရာလြတ္ေတြ အမ်ားၾကီး ရခဲ့တယ္။

အဲဗာတန္က အဲ့လို ျဖစ္ခြင့္ေပးမွာ မဟုတ္ပါဘူး။ ၾကားရက္က မန္စီးတီးနဲ႔ပြဲမွာ သူတို႔ ကစားတာကို ၾကည့္ခဲ့ရျပီး တိုက္စစ္မွာ ရစ္ခ်ာလီဆန္ကို တင္ထားျပီး ကြင္းလယ္လူေတြက စီးတီးရဲ႕ ေနရာလြတ္ကို ပိတ္ခဲ့ၾကတယ္။

အဲဗာတန္က ေနာက္ဆံုး ယွဥ္ျပိဳင္ကစားတဲ့ ၃ ပြဲမွာ ရမွတ္ ၁ မွတ္ပဲ ရခဲ့ပါတယ္။ သူတို႔ကို ၾကည့္ရတာ အေဝးကြင္းမွာ ရလဒ္ပိုေကာင္းေနပါတယ္။ လီဗာပူးက အိမ္ကြင္းမွာ ရလဒ္ေတြမေကာင္း ျဖစ္ေနတာက အဲဗာတန္တို႔ အခြင့္အေရးယူဖို႔ ၾကိဳးစားသြားႏုိင္တဲ့ ေနာက္ထပ္ အခ်က္ပါပဲ။

အန္ဆယ္ေလာ့တီရဲ႕ အသင္းက တက္ၾကြစြာ ကစားတတ္ျပီး တိုက္စစ္ကို ကယ္ဗက္ လီဝင္က ဦးေဆာင္လာႏုိင္ပါတယ္။ သူကစားႏိုင္မယ္ဆိုရင္ေတာ့ ထိန္းခ်ဳပ္ရ အေတာ္ေလး ခက္ခဲပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ အဲဗာတန္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ၁-၁ ရလဒ္ျဖင့္ သေရက်မယ္လို႔ ျဖစ္ပါတယ္။