မန်ယူရဲ့ ဒီနွေ ဦးစားပေးပစ်မှတ် ဗဟိုခံစစ်မှူး နေရာအတွက် နာပိုလီမှ ကူလီဘာလီကို ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ပယ်ချခြင်းခံလိုက်ရကြောင်း သိလာရပါပြီ။ ဒီသတင်းကို အီတလီ သတင်းထောက်တွေက အတည်ပြုလာခဲ့ပါတယ်။

မန်ယူဟာ ကူလီဘိုင်လေအတွက် ယူရို သန်း ၁၁၀ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် နာပိုလီက ပယ်ချလိုက်တာပါ။ နာပိုလီက ကူလီဘာလီကို မရောင်းထုတ်လိုသလို သူ့ကို ရောင်းချဖို့ကလည်း ယူရို သန်း ၁၅၀ ထိ ဈေးမြင့်တင်ထားတာ ဖြစ်ပါတယ်။

နာပိုလီနဲ့ စာချုပ်အရ ကူလီဘာလီရဲ့ ထွက်ခွာခွင့်က နောက်နှစ်မှသာ ဖြစ်ရင် မန်ယူဟာ ဒီနွေမှာတင် ၄င်းကို ၀ယ်ယူလိုပါက မယုံနိုင်စရာ များပြားလွန်းတဲ့ ပမာဏ ပေးချေမှသာ ရရှိဖွယ် ရှိပါတယ်။ ကူလီဘာလီကို မော်ရင်ညို ရှိစဉ် ပြီးခဲ့တဲ့နှစ် နွေ အပြောင်းအရွှေ့တည်းက ၀ယ်ယူဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ထားခဲ့တာပါ။

စီးရီးအေရဲ့ အကောင်းဆုံး ခံစစ်မှူး အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေကပဲ ရွေးချယ်ခံခဲ့ရတဲ့ ကူလီဘာလီအတွက် နာပိုလီဘက်က ပေါင် သန်း ၁၀၀ ကျော် တောင်းဆိုချင်ကြောင်း စီးရီးအေကလပ်က သတင်းလွင့်ထားတယ်။

မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ကူလီဘာလီကို တကယ် အလိုရှိရင် လက်ရှိ ကမ်းလှမ်းမှုကို ပြောင်းရွှေ့ကြေး ထပ်တိုးဖို့ကလွဲပြီး တခြား ရွေးစရာ မရှိပါဘူး။