အင်္ဂလန်ဘောလုံးလောကရဲ့ အပြင်းထန်ဆုံးသော ဒါဘီပွဲတွေထဲက တစ်ခုဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီဟာ အကြိမ် ၂၃၈ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ဒီကနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးဘက်က ဂျိုတာ၊ ဖာဘင်ညို၊ မီလ်နာတို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် ကိတ်တာကတော့ ရွေးချယ်လို့ ရနေမှာဖြစ်တယ်။ ဂျိုတာ၊ ဖာဘင်ညိုတို့ ပြန်ကစားနိုင်ဖို့အတွက်တော့ နီးစပ်နေပြီး အက်ဆာ လေ့ကျင့်ရေးမှာ တစ်ဦးချင်းအလိုက် ပြန်လုပ်နေတာကိုလည်း မြင်ထားရပြီဖြစ်ပါတယ်။
အဲဗာတန်ပွဲအတွက် ကလော့ပ် ရွေးချယ်နိုင်တဲ့ အကောင်းဆုံး လူစာရင်းကတော့ ပီအက်စ်ဂျီပွဲတုန်းက လူစာရင်းပဲဖြစ်ပါတယ်။ ဂိုး အယ်လီဆန်၊ ခံစစ် ထရန့်၊ ခါဘတ်၊ ဟန်ဒါဆန်၊ ရော်ဘန်ဆန်။ ကွင်းလယ် သီယာဂို၊ ဂျုံး၊ ဝိုက်နယ်ဒမ်နဲ့ တိုက်စစ်က ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ ဖြစ်ကြပါတယ်။
လိုက်ဇစ်နဲ့ပွဲမှာ ဂျာမာန်ကလပ်ကလည်း တိုက်စစ်ဖွင့်ကစားတဲ့ အသင်းဖြစ်လို့ လီဗာပူးတိုက်စစ်အတွက် နေရာလွတ်တွေ ကျန်ခဲ့ပါတယ်။ ဒီကို ဆာလာ၊ မာနေးတို့ အသုံးချနိုင်ခဲ့သလို ခံစစ်က ခါဘတ်နဲ့ ကွင်းလယ်က ဂျုံးတို့ကလည်း ကစားပုံ ကောင်းခဲ့တယ်။ အဲဗာတန်နဲ့ပွဲမှာတော့ အနည်းငယ် ခံစစ်ပိတ်ကစားမှုကို ရင်ဆိုင်ရမှာပါ။
အခြားသော ရွေးချယ်နိုင်စရာ အချို့ကတော့..
ကယ်ဗက် လီဝင်ရဲ့ အမြင့်ဘော အားသန်မှုကို ထိန်းချုပ်ဖို့ ခါဘတ်ကို ဟန်ဒါဆန်နဲ့ မတွဲဘဲ နက်ဖီးလစ်ဖြင့် ပွဲထုတ်ပေးလာနိုင်တယ်။
ချန်ပီယံလိဂ်ပွဲမှာ ထုတ်ခဲ့တဲ့ တိုက်စစ်ကို အပြောင်းအလဲအားဖြင့် တိုက်စစ်ပိုင်းမှာ ရှာကွီရီ (သို့) အိုရီဂီ တစ်ဦးကို ထည့်သုံးပြီး ဆာ၊ ဖာ၊ မာ ထဲက တစ်ဦးကို အရန်စာရင်းမှာ ချန်လှပ်နိုင်တယ်။
ပွဲထွက်လူစာရင်းမှာ ဂျုံးအစား ချိန်ဘာလိန်ကို ထည့်သုံးနိုင်တယ်။
ကွင်းလယ်တစ်နေရာအတွက် ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ကိတ်တာကို ထည့်သုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။
ZAWGYI
အဂၤလန္ေဘာလံုးေလာကရဲ႕ အျပင္းထန္ဆံုးေသာ ဒါဘီပြဲေတြထဲက တစ္ခုျဖစ္တဲ့ မာေဆးဆိုဒ္ဒါဘီဟာ အၾကိမ္ ၂၃၈ ၾကိမ္ေျမာက္ ထိပ္တိုက္ေတြ႔ဆံုမႈအျဖစ္ ဒီကေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၁၂ နာရီမွာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။
ဒီပြဲမွာ လီဗာပူးဘက္က ဂ်ိဳတာ၊ ဖာဘင္ညိဳ၊ မီလ္နာတို႔ ပါဝင္ကစားႏုိင္မွာ မဟုတ္ေပမယ့္ ကိတ္တာကေတာ့ ေရြးခ်ယ္လို႔ ရေနမွာျဖစ္တယ္။ ဂ်ိဳတာ၊ ဖာဘင္ညိဳတို႔ ျပန္ကစားႏုိင္ဖို႔အတြက္ေတာ့ နီးစပ္ေနျပီး အက္ဆာ ေလ့က်င့္ေရးမွာ တစ္ဦးခ်င္းအလိုက္ ျပန္လုပ္ေနတာကိုလည္း ျမင္ထားရျပီျဖစ္ပါတယ္။
အဲဗာတန္ပြဲအတြက္ ကေလာ့ပ္ ေရြးခ်ယ္ႏုိင္တဲ့ အေကာင္းဆံုး လူစာရင္းကေတာ့ ပီအက္စ္ဂ်ီပြဲတုန္းက လူစာရင္းပဲျဖစ္ပါတယ္။ ဂိုး အယ္လီဆန္၊ ခံစစ္ ထရန္႔၊ ခါဘတ္၊ ဟန္ဒါဆန္၊ ေရာ္ဘန္ဆန္။ ကြင္းလယ္ သီယာဂို၊ ဂ်ံဳး၊ ဝိုက္နယ္ဒမ္နဲ႔ တိုက္စစ္က ဆာလာ၊ မာေနး၊ ဖာမင္ႏိုတို႔ ျဖစ္ၾကပါတယ္။
လိုက္ဇစ္နဲ႔ပြဲမွာ ဂ်ာမာန္ကလပ္ကလည္း တိုက္စစ္ဖြင့္ကစားတဲ့ အသင္းျဖစ္လို႔ လီဗာပူးတိုက္စစ္အတြက္ ေနရာလြတ္ေတြ က်န္ခဲ့ပါတယ္။ ဒီကို ဆာလာ၊ မာေနးတို႔ အသံုးခ်ႏုိင္ခဲ့သလို ခံစစ္က ခါဘတ္နဲ႔ ကြင္းလယ္က ဂ်ံဳးတို႔ကလည္း ကစားပံု ေကာင္းခဲ့တယ္။ အဲဗာတန္နဲ႔ပြဲမွာေတာ့ အနည္းငယ္ ခံစစ္ပိတ္ကစားမႈကို ရင္ဆိုင္ရမွာပါ။
အျခားေသာ ေရြးခ်ယ္ႏိုင္စရာ အခ်ိဳ႔ကေတာ့..
ကယ္ဗက္ လီဝင္ရဲ႕ အျမင့္ေဘာ အားသန္မႈကို ထိန္းခ်ဳပ္ဖို႔ ခါဘတ္ကို ဟန္ဒါဆန္နဲ႔ မတြဲဘဲ နက္ဖီးလစ္ျဖင့္ ပြဲထုတ္ေပးလာႏုိင္တယ္။
ခ်န္ပီယံလိဂ္ပြဲမွာ ထုတ္ခဲ့တဲ့ တိုက္စစ္ကို အေျပာင္းအလဲအားျဖင့္ တိုက္စစ္ပိုင္းမွာ ရွာကီြရီ (သို႔) အိုရီဂီ တစ္ဦးကို ထည့္သံုးျပီး ဆာ၊ ဖာ၊ မာ ထဲက တစ္ဦးကို အရန္စာရင္းမွာ ခ်န္လွပ္ႏုိင္တယ္။
ပြဲထြက္လူစာရင္းမွာ ဂ်ံဳးအစား ခ်ိန္ဘာလိန္ကို ထည့္သံုးႏုိင္တယ္။
ကြင္းလယ္တစ္ေနရာအတြက္ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာတဲ့ ကိတ္တာကို ထည့္သံုးတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။