ဆွမ်ဆီးအသင်းမှ ဝေလ်းတောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ရာ မန်ယူနဲ့ ဆွမ်ဆီးတို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။
မန်ယူရဲ့ ဒီရာသီ ပထမဆုံး ခေါ်ယူမှုဖြစ်လာမှာဖြစ်သလို မန်နေဂျာဆိုးရှားရဲ့ ပထမဆုံး လက်မှတ်ထိုးခေါ်ယူခြင်း ခံရတဲ့ ကစားသမားလည်း ဖြစ်လာပါမယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ တောင်ပံကစားသမားလေးဟာ ဆွမ်ဆီးမှာ အကောင်းဆုံးခြေစွမ်းကို ပြသထားနိုင်ပြီး ချန်ပီယံရှစ်မှာ ၅ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။
ဂျိမ်းစ်ဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သလို ကွင်းလယ်မှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်တယ်။ ဒါပေမယ့် ဆိုးရှားကတော့ လူငယ်လေးကို ညာတောင်ပံ နေရာအတွက်တော့ အသုံးပြုသွားဖွယ်ရှိပါတယ်။ မန်ယူကို တောင်ပံတိုက်စစ်ကစားဟန်နဲ့ ပြန်လည်တည်ဆောက်ဖို့ ဆန္ဒပြင်းပြနေခဲ့တဲ့ ဆိုးရှားအတွက်တော့ ဂျိမ်းစ်က အရေးပါတဲ့ ကစားသမားဖြစ်လာဖို့ရှိတယ်။
မန်ယူဟာ ဂျိမ်းစ်ကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပြီး စာချုပ်သက်တမ်းအပါအဝင် အတည်ပြု သတင်းတွေကို လာမယ့်ရက်တွေမှာ ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။