အင်္ဂါနေ့တုန်းက လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့တယ်လို့ သိရပြီး ဒဏ်ရာ ပြန်သက်သာလာဖို့ ၆ ပတ်ကနေ ၈ ပတ်ကြား အနားယူရမှာ ဖြစ်ပါတယ်။

တယ်လီဂရပ်က အတည်ပြုရာမှာတော့ ကွင်းလယ်လူဟာ ဒီရာသီရဲ့ နောက်ဆုံးသော သီတင်းပတ်တွေမှာ ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေသေးသလို ယူရို ပြိုင်ပွဲကိုလည်း အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးတွေ ရှိနေဆဲဖြစ်တယ်လို့ ဖြစ်တယ်။

အဲဗာတန်ကို ၂-၀ ဖြင့် အရေးနိမ့်တဲ့ မာဆေးဆိုဒ်ဒါဘီမှာ ဟန်ဒါဆန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ပထမပိုင်းမှာတင် ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ လီဗာပူးစီနီယာအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လို့ သူ ဒဏ်ရာရတာက မန်နေဂျာကလော့ပ်အတွက် ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလေးအနက် ဦးတည်ရမယ့် အနေအထားကို ရောက်လာနေတာဖြစ်တယ်။ လေ့ကျင့်ရေးမှာတော့ ဂျိုတာ ပြန်ပါလာတာကို မြင်ရပြီး ဗန်ဒိုက်လည်း တစ်ဦးချင်း လေ့ကျင့်ရေး ပြန်ဆင်းနေတာ မြင်ထားရတယ်။ ဒါပေမယ့်လို့ ဒဏ်ရာရနေတဲ့ ဖာဘင်ညို ပြန်ဆင်းနေတာမျိုးတော့ မမြင်ရသေးပါဘူး။

ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာတို့ ဒဏ်ရာရ စာရင်းထဲမှာ ရှိနေကြတာဖြစ်တယ်။ လာမယ့်ရက်တွေမှာ အသင်းလေ့ကျင့်ရေး အစီအစဉ်တွေထဲ ဖာဘင်ညိုနဲ့ မီလ်နာတို့ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်နိုင်ဆဲ ဖြစ်ပါတယ်။

ဖာဘင်ညိုပါ မကစားနိုင်ရင်တော့ လီဗာပူးရဲ့ ခံစစ်က ဆက်လက်ပြီး ပြဿနာတွေ ရှိနေဦးမှာပါ။ ခါဘတ်နဲ့ တွဲဘက်ပေးဖို့ နက်ဖီးလစ်၊ ဝီလီယမ်တို့ ရှိနေတာဖြစ်ပြီး ဘမ်ဒေးဗစ်ရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ မသိရသေးပါဘူး။

ZAWGYI

အဂၤါေန႔တုန္းက လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ေပါင္ျခံဒဏ္ရာ ခြဲစိတ္မႈဟာ ေအာင္ျမင္ခဲ့တယ္လို႔ သိရျပီး ဒဏ္ရာ ျပန္သက္သာလာဖို႔ ၆ ပတ္ကေန ၈ ပတ္ၾကား အနားယူရမွာ ျဖစ္ပါတယ္။

တယ္လီဂရပ္က အတည္ျပဳရာမွာေတာ့ ကြင္းလယ္လူဟာ ဒီရာသီရဲ႕ ေနာက္ဆံုးေသာ သီတင္းပတ္ေတြမွာ ျပန္လည္ကစားေပးႏုိင္ဖြယ္ ရွိေနေသးသလို ယူရို ျပိဳင္ပြဲကိုလည္း အဂၤလန္အသင္းနဲ႔အတူ ပါဝင္ယွဥ္ျပိဳင္ႏုိင္မယ့္ အခြင့္အေရးေတြ ရွိေနဆဲျဖစ္တယ္လို႔ ျဖစ္တယ္။

အဲဗာတန္ကို ၂-၀ ျဖင့္ အေရးနိမ့္တဲ့ မာေဆးဆိုဒ္ဒါဘီမွာ ဟန္ဒါဆန္ ဒဏ္ရာရခဲ့ျခင္းျဖစ္ကာ ပထမပိုင္းမွာတင္ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဟန္ဒါဆန္ဟာ လီဗာပူးစီနီယာအသင္းမွာ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ သူ ဒဏ္ရာရတာက မန္ေနဂ်ာကေလာ့ပ္အတြက္ ေခါင္းခဲစရာ ကိစၥတစ္ခု ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေလးအနက္ ဦးတည္ရမယ့္ အေနအထားကို ေရာက္လာေနတာျဖစ္တယ္။ ေလ့က်င့္ေရးမွာေတာ့ ဂ်ိဳတာ ျပန္ပါလာတာကို ျမင္ရျပီး ဗန္ဒိုက္လည္း တစ္ဦးခ်င္း ေလ့က်င့္ေရး ျပန္ဆင္းေနတာ ျမင္ထားရတယ္။ ဒါေပမယ့္လို႔ ဒဏ္ရာရေနတဲ့ ဖာဘင္ညိဳ ျပန္ဆင္းေနတာမ်ိဳးေတာ့ မျမင္ရေသးပါဘူး။

ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ မီလ္နာတို႔ ဒဏ္ရာရ စာရင္းထဲမွာ ရွိေနၾကတာျဖစ္တယ္။ လာမယ့္ရက္ေတြမွာ အသင္းေလ့က်င့္ေရး အစီအစဥ္ေတြထဲ ဖာဘင္ညိဳနဲ႔ မီလ္နာတို႔ ျပန္လည္ပါဝင္လာဖို႔ ေမွ်ာ္လင့္ႏုိင္ဆဲ ျဖစ္ပါတယ္။

ဖာဘင္ညိဳပါ မကစားႏုိင္ရင္ေတာ့ လီဗာပူးရဲ႕ ခံစစ္က ဆက္လက္ျပီး ျပႆနာေတြ ရွိေနဦးမွာပါ။ ခါဘတ္နဲ႔ တြဲဘက္ေပးဖို႔ နက္ဖီးလစ္၊ ဝီလီယမ္တို႔ ရွိေနတာျဖစ္ျပီး ဘမ္ေဒးဗစ္ရဲ႕ အေျခအေနက ဘယ္လိုလဲဆိုတာ မသိရေသးပါဘူး။