ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် လီဗာပူးအသင်းဟာ တန်းဆင်းဇုန်အသင်းဖြစ်တဲ့ ရှက်ဖီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

လက်ရှိမှာတော့ ရှက်ဖီးလို အသင်းကိုတောင် အနိုင်ရပါ့မလားဆိုပြီး လီဗာပူးပရိသတ်တွေ သံသယဝင်နေကြမယ်ထိ အသင်းက အခြေအနေ ဆိုးနေတာဖြစ်တယ်။ ဒီပွဲက နိုင်ကို နိုင်ရမယ့်ပွဲဖြစ်ပြီး ဒီလိုပွဲကို အနိုင် ၃ မှတ် အရမယူနိုင်ရင်တော့ လီဗာပူးရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်က ရာသီမသိမ်းခင်မှာတည်း နုတ်ဆက်သွားဖို့ ရှိနေပါတယ်။

ဘောလုံးပွဲ သုံးသပ်သူ အိုဝင်က ” ဒီရာသီကတော့ လီဗာပူးအတွက် မဟုတ်နိုင်တော့ပါဘူး။ လီဗာပူးမှာ ဒဏ်ရာရ ကစားသမားတွေ သိပ်များနေသလို အတက်အကျလည်း သိပ်ကြမ်းလွန်းနေတယ်။ ဒါကြောင့်လည်း ပုံစံကောင်းတွေကို ပြန်ရှာနိုင်ဖို့ ခက်ခဲလွန်းနေသလို အဝေးကွင်းရလဒ်တွေကလည်း မကောင်းလှပါဘူး။

ဒါပေမယ့်လည်း ကုန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းက ဝက်ဟမ်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့စဉ် ဆာလာနဲ့ မာနေးတို့က ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

အခုချိန်မှာ လီဗာပူးက အဝေးကွင်းဆိုရင် ပိုမို သက်သောင့်သက်သာရှိတဲ့ အနေအထားကို မြင်နေရတယ်။ လန်ဒန်ကွင်းကြီးမှာ ကျနေ်ာတို့ မြင်ခဲ့ရတဲ့ စွမ်းဆောင်ရည်အတိုင်း သူတို့ပြသနိုင်မယ်ဆိုရင် လီဗာပူးက အနိုင် ၃ မှတ် ရမယ်လို့ ကျနော် ထင်မိပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရှက်ဖီးနဲ့ လီဗာပူးပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ ရှက်ဖီး ၁-၃ အိုဝင်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၆ အျဖစ္ လီဗာပူးအသင္းဟာ တန္းဆင္းဇုန္အသင္းျဖစ္တဲ့ ရွက္ဖီးကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရပါမယ္။

လက္ရွိမွာေတာ့ ရွက္ဖီးလို အသင္းကိုေတာင္ အႏုိင္ရပါ့မလားဆိုျပီး လီဗာပူးပရိသတ္ေတြ သံသယဝင္ေနၾကမယ္ထိ အသင္းက အေျခအေန ဆိုးေနတာျဖစ္တယ္။ ဒီပြဲက ႏုိင္ကို ႏုိင္ရမယ့္ပြဲျဖစ္ျပီး ဒီလိုပြဲကို အႏုိင္ ၃ မွတ္ အရမယူႏုိင္ရင္ေတာ့ လီဗာပူးရဲ႕ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္က ရာသီမသိမ္းခင္မွာတည္း ႏုတ္ဆက္သြားဖို႔ ရွိေနပါတယ္။

ေဘာလံုးပြဲ သံုးသပ္သူ အိုဝင္က ” ဒီရာသီကေတာ့ လီဗာပူးအတြက္ မဟုတ္ႏိုင္ေတာ့ပါဘူး။ လီဗာပူးမွာ ဒဏ္ရာရ ကစားသမားေတြ သိပ္မ်ားေနသလို အတက္အက်လည္း သိပ္ၾကမ္းလြန္းေနတယ္။ ဒါေၾကာင့္လည္း ပံုစံေကာင္းေတြကို ျပန္ရွာႏိုင္ဖို႔ ခက္ခဲလြန္းေနသလို အေဝးကြင္းရလဒ္ေတြကလည္း မေကာင္းလွပါဘူး။

ဒါေပမယ့္လည္း ကုန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္တုန္းက ဝက္ဟမ္းကို အေဝးကြင္းမွာ ယွဥ္ျပိဳင္ကစားခဲ့စဥ္ ဆာလာနဲ႔ မာေနးတို႔က ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသႏုိင္ခဲ့ေသးတာပဲ ျဖစ္ပါတယ္။

အခုခ်ိန္မွာ လီဗာပူးက အေဝးကြင္းဆိုရင္ ပိုမို သက္ေသာင့္သက္သာရွိတဲ့ အေနအထားကို ျမင္ေနရတယ္။ လန္ဒန္ကြင္းၾကီးမွာ က်ေန္ာတို႔ ျမင္ခဲ့ရတဲ့ စြမ္းေဆာင္ရည္အတိုင္း သူတို႔ျပသႏုိင္မယ္ဆိုရင္ လီဗာပူးက အႏုိင္ ၃ မွတ္ ရမယ္လို႔ က်ေနာ္ ထင္မိပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ရွက္ဖီးနဲ႔ လီဗာပူးပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ရွက္ဖီး ၁-၃ အိုဝင္လို႔ ျဖစ္ပါတယ္။