လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ဒီရာသီ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ပထမအကျော့ ၃ ဂိုးပြတ် အရှုံးကနေ ပြန်အနိုင်ယူနိုင်ခဲ့တဲ့ ပွဲကို အမြဲ အမှတ်ရနေမိတော့မှာ ဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ဘီဘီစီက သတင်းများအရ လီဗာပူးဟာ အေဂျက်ကြယ်ပွင့် ဒီလစ်ကို ခေါ်ယူရန် စိတ်ဝင်စားမှု ပြသလာတဲ့ နောက်ဆုံးအသင်း ဖြစ်ပါတယ်။ ၄င်းကို ပရီးမီးယားလိဂ်ကလပ်များ အပြင် ဥရောပထိပ်သီးကလပ်များကပါ အလိုရှိနေကြပြီး ကစားသမားကတော့ ဘာစီလိုနာဘက် အလေးသာနေပါတယ်။

ချန်ပီယံလိဂ် ဆီမီးဒုတိယအကျော့ ပွဲစဉ်မှာ ဒဏ်ရာ ရှိနေလို့ မပါဝင်နိုင်ခဲ့တဲ့ လီဗာပူး ကွင်းလယ်တိုက်စစ်သမား နာဘေကိတ်တာလည်း စပိန် လေ့ကျင့်ရေးသို့ လိုက်ပါသွားပါတယ်။

မန်စီးတီး ခံစစ်မှူးဟောင်း ဒန်နီမေးစ်က လီဗာပူး ကွင်းလယ်တိုက်စစ်သမား လယ်လာနာရဲ့ ကစားဟန်ဟာ မန်စီးတီးမှာ ပို အံဝင်ပြီး ခြေစွမ်းပြလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လယ်လာနာက မန်စီးတီးအတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်မယ်လို့ ၄င်းက ထောက်ခံခဲ့ပါတယ်။

မန်စီးတီးနဲ့ ချန်ပီယံလိဂ် ကွာတား ပထမကျော့ ပွဲစဉ်တည်းက ခြေကျင်းဝတ် ဒဏ်ရာရသွားလို့ စပါးအတွက် မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူးကိန်းက ဗိုလ်လုပွဲ အမှီ ပြန်ကောင်းမွန်နေပြီး သေချာပေါက် ပါဝင်ကစားနိုင်မယ်လို့ ပြောဆိုထားပါတယ်။

လီဗာပူးလ်အသင်းဟာ ဘုန်းမောက် တောင်ပံကစားသမား ရိုင်ယန်ဖရေဇာကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ် လို့ သိရပါတယ်။ အသက် (၂၅)နှစ် အရွယ် စကော့တလန်သား အာဆင်နယ်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။

လီဗာပူးလ်အသင်းဟာ ဝါဒါဘရီမင်တိုက်စစ်မှူး မက်ဇ်ကရူဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြိုင်ကြိုးစားသွားဖို့ ရှိနေတယ်လို့ ဂျာမနီသတင်းဌာနများမှာ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးအသင်းသားတွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် တစ်ပတ်ကြာ စခန်းသွင်းလေ့ကျင့်ဖို့ စပိန် မာဘယ်လာသို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဖာမီနိုကတော့ စပိန်မှာ အားလပ်ရက်တည်းက ကြိုရောက်ရှိနေပါတယ်။