ဒီရာသီမှာ ရုန်းကန်ရတဲ့ အခြေအနေတွေကြောင့် လာမယ့်ရာသီ ကလပ်ကို ပြန်လည် တည်ဆောက်မှုအသစ်တွေ လုပ်ရမယ့် အခြေအနေမှာ ရှိနေသလားအပေါ် ကလော့ပ်က တုန့်ပြန်မှု လုပ်လာခဲ့ပါပြီ။

အသင်းကို အသစ်တစ်ဖန် ပြန်တည်ဆောက်မှုတွေ လုပ်ဖို့ မရှိတဲ့ သဘောကို ကလော့ပ်က ပြောပေမယ့်လည်း ကစားသမား ထွက်ခွာမှု ၆ ဦး၊ ၇ ဦးလောက်ထိ ရှိလာနိုင်ကြောင်းကို ထုတ်ပြောခဲ့တယ်။ လူသစ်ခေါ်ယူမှုတွေလည်း ရှိမှာဖြစ်ကာ တတ်နိုင်သလောက် အပြောင်းအလဲတွေ ပြန်လည် ဖော်ဆောင်ဖို့ ကလော့ပ်က ရည်ရွယ်နေပါတယ်။

လီဗာပူးအသင်း လူစာရင်းထဲက ၁၄ ဦးခန့်ဟာ အသက် ၂၇ နှစ်ကို ကျော်နေခဲ့ပါပြီး။ အဆိုပါထဲမှာတော့ အဓိက တိုက်စစ်သမား ၃ ဦးလည်း ပါဝင်နေခဲ့တာဖြစ်တယ်။ ၁၀ ဦးဝင် ၁၀ ဦးထွက်လို ပြန်လည် တည်ဆောက်မှုကြီးတွေ ရှိမလာနိုင်ပေမယ့် အသွင်ပြောင်းမှု ကြီးကြီးမားမားတော့ လုပ်လာဖွယ်ရှိပါတယ်။

ကလော့ပ်က “ ကျနော်ကတော့ အသင်းကို ပြန်လည် တည်ဆောက်မှုကြီးတွေ လုပ်ဖို့ အချိန်ကျလာတာမျိုး မဟုတ်သေးဘူးလို့ နားလည်ထားပါတယ်။ ကစားသမားတွေ စာချုပ်ကုန်မှုနဲ့အတူ ၆ ဦး၊ ၇ ဦးလောက် ထွက်ခွာပြီး မျက်နှာသစ်တွေကို ခေါ်ယူမှုတွေတော့ လုပ်ရမှာပါ။

ဒီရာသီမှာ အသင်းလူစာရင်းက တစ်ကြိမ်တောင် အတူကစားခွင့် မရထားခဲ့ပါဘူး။ ဒါကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အခြေအနေတွေကို တုန့်ပြန်၇မှာဖြစ်သလို တစ်ချိန်တည်းမှာ အနာဂတ်အတွက် အစီအစဉ်တွေကိုလည်း ချမှတ်သွားရမှာဖြစ်ပါတယ်။

ဒီနွေမှာ ကျနေ်ာတို့ အသွင်ပြောင်းမှုတွေကို စတင် ပြုလုပ်နိုင်မလားဆိုတာ မသေချာသေးပါဘူး ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နွေမှာ ထွက်ခွာသွားနိုင်တဲ့ ကစားသမားတွေကတော့ ဝိုက်နယ်ဒမ်၊ အတ်ဒရီယန်၊ ကားရီးယက်စ်တို့ကို အလွတ်နဲ့ဖြစ်ပြီး ရှာကွီရီ၊ အိုရီဂီ၊ ဝဲလ်ဆန် အပါအဝင် စီနီယာကစားသမား အချို့လည်း ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

ZAWGYI

ဒီရာသီမွာ ရုန္းကန္ရတဲ့ အေျခအေနေတြေၾကာင့္ လာမယ့္ရာသီ ကလပ္ကို ျပန္လည္ တည္ေဆာက္မႈအသစ္ေတြ လုပ္ရမယ့္ အေျခအေနမွာ ရွိေနသလားအေပၚ ကေလာ့ပ္က တုန္႔ျပန္မႈ လုပ္လာခဲ့ပါျပီ။

အသင္းကို အသစ္တစ္ဖန္ ျပန္တည္ေဆာက္မႈေတြ လုပ္ဖို႔ မရွိတဲ့ သေဘာကို ကေလာ့ပ္က ေျပာေပမယ့္လည္း ကစားသမား ထြက္ခြာမႈ ၆ ဦး၊ ၇ ဦးေလာက္ထိ ရွိလာႏုိင္ေၾကာင္းကို ထုတ္ေျပာခဲ့တယ္။ လူသစ္ေခၚယူမႈေတြလည္း ရွိမွာျဖစ္ကာ တတ္ႏုိင္သေလာက္ အေျပာင္းအလဲေတြ ျပန္လည္ ေဖာ္ေဆာင္ဖို႔ ကေလာ့ပ္က ရည္ရြယ္ေနပါတယ္။

လီဗာပူးအသင္း လူစာရင္းထဲက ၁၄ ဦးခန္႔ဟာ အသက္ ၂၇ နွစ္ကို ေက်ာ္ေနခဲ့ပါျပီး။ အဆိုပါထဲမွာေတာ့ အဓိက တိုက္စစ္သမား ၃ ဦးလည္း ပါဝင္ေနခဲ့တာျဖစ္တယ္။ ၁၀ ဦးဝင္ ၁၀ ဦးထြက္လို ျပန္လည္ တည္ေဆာက္မႈၾကီးေတြ ရွိမလာႏုိင္ေပမယ့္ အသြင္ေျပာင္းမႈ ၾကီးၾကီးမားမားေတာ့ လုပ္လာဖြယ္ရွိပါတယ္။

ကေလာ့ပ္က “ က်ေနာ္ကေတာ့ အသင္းကို ျပန္လည္ တည္ေဆာက္မႈၾကီးေတြ လုပ္ဖို႔ အခ်ိန္က်လာတာမ်ိဳး မဟုတ္ေသးဘူးလို႔ နားလည္ထားပါတယ္။ ကစားသမားေတြ စာခ်ဳပ္ကုန္မႈနဲ႔အတူ ၆ ဦး၊ ၇ ဦးေလာက္ ထြက္ခြာျပီး မ်က္ႏွာသစ္ေတြကို ေခၚယူမႈေတြေတာ့ လုပ္ရမွာပါ။

ဒီရာသီမွာ အသင္းလူစာရင္းက တစ္ၾကိမ္ေတာင္ အတူကစားခြင့္ မရထားခဲ့ပါဘူး။ ဒါကိုလည္း ဂရုစိုက္ဖို႔လိုပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ အေျခအေနေတြကို တုန္႔ျပန္၇မွာျဖစ္သလို တစ္ခ်ိန္တည္းမွာ အနာဂတ္အတြက္ အစီအစဥ္ေတြကိုလည္း ခ်မွတ္သြားရမွာျဖစ္ပါတယ္။

ဒီေႏြမွာ က်ေန္ာတို႔ အသြင္ေျပာင္းမႈေတြကို စတင္ ျပဳလုပ္ႏုိင္မလားဆိုတာ မေသခ်ာေသးပါဘူး ဒါေပမယ့္ က်ေန္ာတို႔ ၾကိဳးစားရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေႏြမွာ ထြက္ခြာသြားႏုိင္တဲ့ ကစားသမားေတြကေတာ့ ဝိုက္နယ္ဒမ္၊ အတ္ဒရီယန္၊ ကားရီးယက္စ္တို႔ကို အလြတ္နဲ႔ျဖစ္ျပီး ရွာကီြရီ၊ အိုရီဂီ၊ ဝဲလ္ဆန္ အပါအဝင္ စီနီယာကစားသမား အခ်ိဳ႔လည္း ထြက္ခြာသြားဖြယ္ ရွိေနပါတယ္။