လီဗာပူးက ရှက်ဖီးကို အဝေးကွင်းမှာ ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ ဂျုံးနဲ့ ဖာမင်နိုတို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ဖာမင်နိုရဲ့ သွင်းဂိုးက အတော်လေး ကောင်းမွန်ခဲ့ပြီး အဆုံးမှာတော့ ကိုယ်ဂိုးကိုယ် သွင်းယူမှုအဖြစ် သက်မှတ်လိုက်ခြင်းကြောင့် ဖာမင်နိုရဲ့ သွင်းဂိုး မဖြစ်ခဲ့ဘူး။ ကားတစ်ဂျုံးရဲ့ သွင်းဂိုး မတိုင်ခင် ကောင်းမွန်တဲ့ ဖန်တီးမှုကတော့ ထရန့်ရဲ့ အဆုံးထိတိုင် ကြိုးစားပေးမှုကြောင့် ရလာတဲ့ အကျိုးအမြတ်ပဲ ဖြစ်ပါတယ်။

ထရန့်က ” ကျနေ်ာတို့ အလိုရှိတဲ့ ရလဒ်ကို ရခဲ့တာဖြစ်ပါတယ်။ ဒီလို ရလဒ်ကို ဒီကာလတွေအတွင်း ကျနေ်ာတို့ လိုအပ်နေခဲ့တာပါ။ ” ဆိုပြီး ပြောပါတယ်။

လီဗာပူးရဲ့ အဖွင့်ဂိုးအတွက် ထရန့်ရဲ့ ဘောလုံးပေးမှုဟာ စည်းကျော်ခဲ့တယ်လို့ ထင်မှတ်စရာ ရှိခဲ့တယ်။ ဒါပေမယ့် ညာအစွန်လူက သူလုပ်ရမယ့် အလုပ်ကို အဆုံးထိ လုပ်ခဲ့သလို နောက်ပိုင်း သွင်းဂိုးကို VAR နဲ့ ပြန်စစ်ရာမှာ ဘောလုံးက စည်းမကျော်ခဲ့ပါဘူး။ ဒါနဲ့ ပက်သက်လို့ ထရန့်က မှတ်ချက်ပေးပါသေးတယ်။

” ကျနော်လည်း မသိခဲ့ပါဘူး။ အားလုံးက VAR နဲ့ပဲ ဆိုင်တာလေ။ ဒီရက်တွေမှာက ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။ ကျနော်ကတော့ အစွမ်ကုန် အားထုတ်ခဲ့တာပါပဲ ဂိုးရခဲ့တာအတွက်တော့ ကျနေ်ာတို့တွေ ပျော်ရွှင်ရပါတယ်။

ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ ကျနော်တို့က ဆိုးရွား ညံ့ဖျင်းနေတာ မဟုတ်ပါဘူး။ လိုချင်တဲ့ ရလဒ်ကိုတော့ ရအောင် မယူနိုင်ခဲ့ဘူးပေါ့။ အခုတော့ ရလဒ် ယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက အရေးကြီးပါတယ်။

ပွဲတွေက ကိုယ်လိုချင်တဲ့အတိုင်း မကစားနိုင်တဲ့အခါ မှန်ကန်တာတွေကို လုပ်လိုပါတယ်။ တစ်ပတ်လုံး ပွဲကစားရဖို့ မရှိတာက ကျနေ်ာတို့အတွက် ကောင်းပါတယ်။ ကျနေ်ာတို့ အတူတကွ အလုပ်လုပ်ခွင့်ရခဲ့ပြီး ခံစစ်ကြောင်း အသစ်အတွက် လေ့ကျင့်ချိန်လည်း ရခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ရွက္ဖီးကို အေဝးကြင္းမွာ ၂-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာေတာ့ ဂ်ံဳးနဲ႔ ဖာမင္ႏိုတို႔က ဂိုးေတြ သြင္းယူေပးခဲ့ပါတယ္။

ဖာမင္ႏိုရဲ႕ သြင္းဂိုးက အေတာ္ေလး ေကာင္းမြန္ခဲ့ျပီး အဆံုးမွာေတာ့ ကိုယ္ဂိုးကိုယ္ သြင္းယူမႈအျဖစ္ သက္မွတ္လိုက္ျခင္းေၾကာင့္ ဖာမင္ႏိုရဲ႕ သြင္းဂိုး မျဖစ္ခဲ့ဘူး။ ကားတစ္ဂ်ံဳးရဲ႕ သြင္းဂိုး မတိုင္ခင္ ေကာင္းမြန္တဲ့ ဖန္တီးမႈကေတာ့ ထရန္႔ရဲ႕ အဆံုးထိတိုင္ ၾကိဳးစားေပးမႈေၾကာင့္ ရလာတဲ့ အက်ိဳးအျမတ္ပဲ ျဖစ္ပါတယ္။

ထရန္႔က ” က်ေန္ာတို႔ အလိုရွိတဲ့ ရလဒ္ကို ရခဲ့တာျဖစ္ပါတယ္။ ဒီလို ရလဒ္ကို ဒီကာလေတြအတြင္း က်ေန္ာတို႔ လိုအပ္ေနခဲ့တာပါ။ ” ဆိုျပီး ေျပာပါတယ္။

လီဗာပူးရဲ႕ အဖြင့္ဂိုးအတြက္ ထရန္႔ရဲ႕ ေဘာလံုးေပးမႈဟာ စည္းေက်ာ္ခဲ့တယ္လို႔ ထင္မွတ္စရာ ရွိခဲ့တယ္။ ဒါေပမယ့္ ညာအစြန္လူက သူလုပ္ရမယ့္ အလုပ္ကို အဆံုးထိ လုပ္ခဲ့သလို ေနာက္ပိုင္း သြင္းဂိုးကို VAR နဲ႔ ျပန္စစ္ရာမွာ ေဘာလံုးက စည္းမေက်ာ္ခဲ့ပါဘူး။ ဒါနဲ႔ ပက္သက္လို႔ ထရန္႔က မွတ္ခ်က္ေပးပါေသးတယ္။

” က်ေနာ္လည္း မသိခဲ့ပါဘူး။ အားလံုးက VAR နဲ႔ပဲ ဆိုင္တာေလ။ ဒီရက္ေတြမွာက ဘာျဖစ္လာမယ္ဆိုတာ မသိႏိုင္ပါဘူး။ က်ေနာ္ကေတာ့ အစြမ္ကုန္ အားထုတ္ခ့ဲတာပါပဲ ဂိုးရခဲ့တာအတြက္ေတာ့ က်ေန္ာတို႔ေတြ ေပ်ာ္ရႊင္ရပါတယ္။

ကုန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ က်ေနာ္တို႔က ဆိုးရြား ညံ့ဖ်င္းေနတာ မဟုတ္ပါဘူး။ လိုခ်င္တဲ့ ရလဒ္ကိုေတာ့ ရေအာင္ မယူႏဳိင္ခဲ့ဘူးေပါ့။ အခုေတာ့ ရလဒ္ ယူႏုိင္ခဲ့ပါတယ္။ ဒီႏုိင္ပြဲက အေရးၾကီးပါတယ္။

ပြဲေတြက ကိုယ္လိုခ်င္တဲ့အတိုင္း မကစားႏုိင္တဲ့အခါ မွန္ကန္တာေတြကို လုပ္လိုပါတယ္။ တစ္ပတ္လံုး ပြဲကစားရဖို႔ မရွိတာက က်ေန္ာတို႔အတြက္ ေကာင္းပါတယ္။ က်ေန္ာတို႔ အတူတကြ အလုပ္လုပ္ခြင့္ရခဲ့ျပီး ခံစစ္ေၾကာင္း အသစ္အတြက္ ေလ့က်င့္ခ်ိန္လည္း ရခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။