ချယ်ဆီးမန်နေဂျာ တူချယ်က သူ့အသင်းရဲ့ အဓိက တိုက်စစ်သမားဖြစ်သူ ဗာနာကို ယူနိုက်တက်နဲ့ပွဲမှာ ချန်လှပ်ခဲ့တာက လာမယ့် လီဗာပူးကို ရင်ဆိုင်ရတဲ့ပွဲအတွက်ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

ဗာနာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၂၆ ပွဲမှာ ၂၄ ပွဲထိ ပါဝင်ကစားထားသူပါ။ ဒါပေမယ့်လို့ အမှတ်ပေးဇယား ဒုတိယနေရာက ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာတော့ လူစားဝင် ကစားသမားအဖြစ်ပဲ ကစားခွင့်ရခဲ့တာဖြစ်တယ်။ မန်နေဂျာတူချယ်က ချန်ပီယံလိဂ်ပွဲအပြီးမှာ တိုက်စစ်သမားကို အနားပေးဖို့ လိုမယ်လို့ ယုံကြည်ခဲ့တယ်။

လာမယ့် မတ်လ ၅ ရက်နေ့ မနက် ၂း၄၅ မိနစ်မှာတော့ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ နှစ်သင်းဟာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ အပြင်းအထန် ကြိုးစားရမယ့် အသင်းတွေဖြစ်လာမှာဖြစ်တယ်။

ချယ်ဆီးမန်နေဂျာ တူချယ်က “ တီမိုဗာနာက အနားပေးဖို့ လိုအပ်နေပြီလို့ ကျနေ်ာတို့ ခံစားခဲ့ရတယ်။ အရန်စာရင်းကနေပဲ သူ့ကို ပွဲထုတ်တာက လာမယ့် လီဗာပူးကို ရင်ဆိုင်ရမယ့်ပွဲမှာ သူလန်ဆန်းနေအောင် အနားပေးလိုတာကြောင့်ဖြစ်ပါတယ်။

ဗာနာက ပွဲဆက်တွေ သိပ်များနေပြီး သူ ပင်ပန်းနေတယ်လို့လည်း ကျနော် ခံစားမိနေပါတယ် ” လို့ ယူနိုက်တက်ကို ဂိုးမရှိသရေကျတဲ့ပွဲအပြီးမှာ ဂျာမာန်သား တိုက်စစ်သမားကို ပွဲချိန် ၇၈ မိနစ်မှ ထည့်ရခြင်းနဲ့ပက်သက်ပြီး အဖြေပြန်ပါတယ်။

အဆိုပါပွဲမှာတော့ ဗာနာနည်းတူ လီဗာပူးဘက်ကလည်း နွေတုန်းက ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် ဂျိုတာ ပါဝင်သွားနိုင်ဖွယ် ရှိတယ်။ ပေါ်တူဂီသား တိုက်စစ်သမားကလည်း ဒဏ်ရာကနေ ပြန်သက်သာလာနေပြီး အသင်းနဲ့အတူ လေ့ကျင့်ရေးတွေ ဆင်းနိုင်နေပြီဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ တူခ်ယ္က သူ႔အသင္းရဲ႕ အဓိက တိုက္စစ္သမားျဖစ္သူ ဗာနာကို ယူႏုိက္တက္နဲ႔ပြဲမွာ ခ်န္လွပ္ခဲ့တာက လာမယ့္ လီဗာပူးကို ရင္ဆိုင္ရတဲ့ပြဲအတြက္ျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါတယ္။

ဗာနာဟာ ဒီရာသီ ပရီးမီးယားလိဂ္ပြဲ ၂၆ ပြဲမွာ ၂၄ ပြဲထိ ပါဝင္ကစားထားသူပါ။ ဒါေပမယ့္လို႔ အမွတ္ေပးဇယား ဒုတိယေနရာက ယူႏုိက္တက္ကို ရင္ဆိုင္တဲ့ပြဲမွာေတာ့ လူစားဝင္ ကစားသမားအျဖစ္ပဲ ကစားခြင့္ရခဲ့တာျဖစ္တယ္။ မန္ေနဂ်ာတူခ်ယ္က ခ်န္ပီယံလိဂ္ပြဲအျပီးမွာ တိုက္စစ္သမားကို အနားေပးဖို႔ လိုမယ္လို႔ ယံုၾကည္ခဲ့တယ္။

လာမယ့္ မတ္လ ၅ ရက္ေန႔ မနက္ ၂း၄၅ မိနစ္မွာေတာ့ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။ ႏွစ္သင္းဟာ ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္း ဝင္ေရာက္ဖို႔ အျပင္းအထန္ ၾကိဳးစားရမယ့္ အသင္းေတြျဖစ္လာမွာျဖစ္တယ္။

ခ်ယ္ဆီးမန္ေနဂ်ာ တူခ်ယ္က “ တီမိုဗာနာက အနားေပးဖို႔ လိုအပ္ေနျပီလို႔ က်ေန္ာတို႔ ခံစားခဲ့ရတယ္။ အရန္စာရင္းကေနပဲ သူ႔ကို ပြဲထုတ္တာက လာမယ့္ လီဗာပူးကို ရင္ဆိုင္ရမယ့္ပြဲမွာ သူလန္ဆန္းေနေအာင္ အနားေပးလိုတာေၾကာင့္ျဖစ္ပါတယ္။

ဗာနာက ပြဲဆက္ေတြ သိပ္မ်ားေနျပီး သူ ပင္ပန္းေနတယ္လို႔လည္း က်ေနာ္ ခံစားမိေနပါတယ္ ” လို႔ ယူႏုိက္တက္ကို ဂိုးမရွိသေရက်တဲ့ပြဲအျပီးမွာ ဂ်ာမာန္သား တိုက္စစ္သမားကို ပြဲခ်ိန္ ၇၈ မိနစ္မွ ထည့္ရျခင္းနဲ႔ပက္သက္ျပီး အေျဖျပန္ပါတယ္။

အဆိုပါပြဲမွာေတာ့ ဗာနာနည္းတူ လီဗာပူးဘက္ကလည္း ေႏြတုန္းက ေခၚယူထားတဲ့ တိုက္စစ္မွဴးသစ္ ဂ်ိဳတာ ပါဝင္သြားႏုိင္ဖြယ္ ရွိတယ္။ ေပၚတူဂီသား တိုက္စစ္သမားကလည္း ဒဏ္ရာကေန ျပန္သက္သာလာေနျပီး အသင္းနဲ႔အတူ ေလ့က်င့္ေရးေတြ ဆင္းႏုိင္ေနျပီျဖစ္ပါတယ္။