လီဗာပူးက ရှက်ဖီးကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ရံှူးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြန်လည် ယှဉ်ပြိုင်လာနိုင်မယ့် အခြေအနေပေါ် ပြန်တက်လာနိုင်ခဲ့ပါပြီ။

နိုင်ပွဲအပြီး ကလော့ပ်က ပြောရာမှာ “ အစီအစဉ်ကတော့ ဆက် ကြိုးစားနေပြီး တူညီတဲ့ကိစ္စတွေ ဆက်လုပ်နိုင်ဖို့ပါ။ ကျနေ်ာတို့ ကစားချင်တဲ့အတိုင်း ကစားနိုင်ပြီဆိုရင် ပြိုင်ဘက်က ကျနေ်ာတို့ကို ကိုင်တွယ်နိုင်ခြင်း မရှိပါဘူး။

ရှက်ဖီးက နေရာအများအပြားမှာ ကျနေ်ာတို့ကို အရေးမသာခဲ့ဘူး။ ပွဲက အဆုံးထိ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တယ်ဆိုတာတော့ ရှင်းပါတယ်။ ပထမပိုင်းမှာတင် ကျနေ်ာတို့က သွင်းဂိုး ၃ ဂိုးလောက် ရခဲ့သင့်တာပါ။ ကျနေ်ာတို့ ဖန်တီးခဲ့တာတွေက သိပ်ကောင်းပါတယ်။ အဆုံးသတ်မှုကလည်း ဒီနေ့အတွက် ကောင်းပေမယ့် ကျနေ်ာတို့ တိုးတက်လာဖို့ လိုပါသေးတယ်။

ကျနေ်ာတို့ ဝေဖန်ခံနေရတာတွေက ပုံမှန်ပဲ ဖြစ်သလို ကျနေ်ာတို့နဲ့ ပက်သက်ပြီး လူတွေက ပြိုင်ပွဲကနေ ထုတ်ပယ်တဲ့သဘော ရေးနေကြတာတွေအတွက်လည်း အဆင်ပြေပါတယ်။ ” လို့ဖြစ်တယ်။

ကာတစ်ဂျုံးက ကစားသမားကောင်းဖြစ်ပြီး ဒါကြောင့်လည်း ပွဲကစားခွင့်တွေ ရနေတာပါလို့ ကလော့ပ်က ဝန်ခံပါတယ်။ ပွဲမှာ ထူးထူးခြားခြားအဖြစ် ကာလရှည်အတွင်း ပထမဆုံးအကြိမ် ဖာမင်နိုက ဂိုးပြန်သွင်းပေမယ့်လို့ သူ့ရဲ့ ဂိုးကို ပြိုင်ဘက်ရဲ့ ကိုယ်ဂိုးကိုယ် သွင်းမှုအဖြစ် ပယ်ဖျက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ကလော့ပ်ကပဲ “ ဖာမင်နိုက ဂိုးရခဲ့တာပဲလေ။ ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ? သူ့အတွက်တော့ ထည့်ရေတွက်လို့ ရပါတယ်။ အချက်အလက်တွေအရ ထည့်တွက်လို့ မရဘူးဆိုရင်လည်း ကျနော်ကတော့ ဂရုမစိုက်ပါဘူး။

ဒီနိုင်ပွဲအရ ကျနေ်ာတို့က ပြိုင်ပွဲထဲ ဆက်ရှိနေဆဲဆိုတာ ပြသပါတယ်။ ကြားရက်မှာ ချယ်ဆီးနဲ့ ကစားရမှာဖြစ်ကာ အဲ့ပွဲမှာလည်း ထပ်ပြီး ပြသရမှာပါ။ ဘောလုံးပွဲတွေကို နိုင်နေဖို့ လိုပါတယ်။ ဒါကို ကျနေ်ာတို့ သိပါတယ်။ ရလဒ်တွေ မရဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ပါဝင်နိုင်စရာ နည်းလမ်း မရှိပါဘူး။ ဒီညမှာ ကျနေ်ာတို့ နိုင်ခဲ့တယ်။ ဆက်ပြီး သွားရပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ရွက္ဖီးကို ၂-၀ ျဖင့္ အႏုိင္ရခဲ့တာေၾကာင့္ ရံွဴးပြဲဆက္ေနမႈကို ရပ္တန္႔ႏုိင္ခဲ့ျပီျဖစ္ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျပန္လည္ ယွဥ္ျပိဳင္လာႏုိင္မယ့္ အေျခအေနေပၚ ျပန္တက္လာႏုိင္ခဲ့ပါျပီ။

ႏုိင္ပြဲအျပီး ကေလာ့ပ္က ေျပာရာမွာ “ အစီအစဥ္ကေတာ့ ဆက္ ၾကိဳးစားေနျပီး တူညီတဲ့ကိစၥေတြ ဆက္လုပ္ႏုိင္ဖို႔ပါ။ က်ေန္ာတို႔ ကစားခ်င္တဲ့အတိုင္း ကစားႏုိင္ျပီဆိုရင္ ျပိဳင္ဘက္က က်ေန္ာတို႔ကို ကိုင္တြယ္ႏုိင္ျခင္း မရွိပါဘူး။

ရွက္ဖီးက ေနရာအမ်ားအျပားမွာ က်ေန္ာတို႔ကို အေရးမသာခဲ့ဘူး။ ပြဲက အဆံုးထိ စိတ္လႈပ္ရွားစရာ ျဖစ္ခဲ့တယ္ဆိုတာေတာ့ ရွင္းပါတယ္။ ပထမပိုင္းမွာတင္ က်ေန္ာတို႔က သြင္းဂိုး ၃ ဂိုးေလာက္ ရခဲ့သင့္တာပါ။ က်ေန္ာတို႔ ဖန္တီးခဲ့တာေတြက သိပ္ေကာင္းပါတယ္။ အဆံုးသတ္မႈကလည္း ဒီေန႔အတြက္ ေကာင္းေပမယ့္ က်ေန္ာတို႔ တိုးတက္လာဖို႔ လိုပါေသးတယ္။

က်ေန္ာတို႔ ေဝဖန္ခံေနရတာေတြက ပံုမွန္ပဲ ျဖစ္သလို က်ေန္ာတို႔နဲ႔ ပက္သက္ျပီး လူေတြက ျပိဳင္ပြဲကေန ထုတ္ပယ္တဲ့သေဘာ ေရးေနၾကတာေတြအတြက္လည္း အဆင္ေျပပါတယ္။ ” လို႔ျဖစ္တယ္။

ကာတစ္ဂ်ံဳးက ကစားသမားေကာင္းျဖစ္ျပီး ဒါေၾကာင့္လည္း ပြဲကစားခြင့္ေတြ ရေနတာပါလို႔ ကေလာ့ပ္က ဝန္ခံပါတယ္။ ပြဲမွာ ထူးထူးျခားျခားအျဖစ္ ကာလရွည္အတြင္း ပထမဆံုးအၾကိမ္ ဖာမင္ႏိုက ဂိုးျပန္သြင္းေပမယ့္လို႔ သူ႔ရဲ႕ ဂိုးကို ျပိဳင္ဘက္ရဲ႕ ကိုယ္ဂိုးကိုယ္ သြင္းမႈအျဖစ္ ပယ္ဖ်က္ခဲ့ျခင္းပဲ ျဖစ္ပါတယ္။

ကေလာ့ပ္ကပဲ “ ဖာမင္ႏိုက ဂိုးရခဲ့တာပဲေလ။ ဘယ္သူ႔ကို ဂရုစိုက္ေနရမွာလဲ? သူ႔အတြက္ေတာ့ ထည့္ေရတြက္လို႔ ရပါတယ္။ အခ်က္အလက္ေတြအရ ထည့္တြက္လို႔ မရဘူးဆိုရင္လည္း က်ေနာ္ကေတာ့ ဂရုမစိုက္ပါဘူး။

ဒီႏုိင္ပြဲအရ က်ေန္ာတို႔က ျပိဳင္ပြဲထဲ ဆက္ရွိေနဆဲဆိုတာ ျပသပါတယ္။ ၾကားရက္မွာ ခ်ယ္ဆီးနဲ႔ ကစားရမွာျဖစ္ကာ အဲ့ပြဲမွာလည္း ထပ္ျပီး ျပသရမွာပါ။ ေဘာလံုးပြဲေတြကို ႏုိင္ေနဖို႔ လိုပါတယ္။ ဒါကို က်ေန္ာတို႔ သိပါတယ္။ ရလဒ္ေတြ မရဘဲ ခ်န္ပီယံလိဂ္ျပိဳင္ပြဲထဲ ပါဝင္ႏုိင္စရာ နည္းလမ္း မရွိပါဘူး။ ဒီညမွာ က်ေန္ာတို႔ ႏုိင္ခဲ့တယ္။ ဆက္ျပီး သြားရပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။