လီဗာပူးအသင်းက ကာတစ်ဂျုံး၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုး (နောက်ပိုင်း OG သက်မှတ်ခံရ) တို့ဖြင့် ရှက်ဖီးကို အနိုင်ရတဲ့ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က လာမယ့်ပွဲအတွက် အသင်းရဲ့ အခြေအနေကို ထုတ်ပြောခဲ့ပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်သွားခြင်းကြောင့် အယ်လီဆန် မပါနိုင်ဘဲ ဂိုးသမားနေရာကို အတ်ဒရီယန် တာဝန်ယူခဲ့တယ်။ စပိန်ဂိုးသမားက ရာသီ အစောပိုင်းတုန်းက ဝေဖန်မှုတွေ အများကြီး ရခဲ့ပေမယ့်လည်း ဒီပွဲမှာတော့ အကောင်းဆုံး ကြိုးစား ကစားပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ကလော့ပ်က ဘရာဇီး ကစားသမားတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ အယ်လီဆန်တို့ နှစ်ဦး ချယ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ချေ ရှိကြောင်း ထုတ်ပြောခဲ့တယ်။ ဖာဘင်ညိုဟာ အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်နေတဲ့ အခြေအနေဖြစ်ကာ ပိုမို စိတ်ချရစေဖို့ ရှက်ဖီးနဲ့ပွဲမှာ ချန်လှပ်ခဲ့ခြင်းလို့ ယူဆရတယ်။ အယ်လီဆန်ရဲ့ အနေအထားကတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

ဒဏ်ရာကြောင့် ၂ လခွဲ နီးပါး အနားယူနေရတဲ့ ဂျိုတာနဲ့ ပက်သက်ပြီး ကလော့ပ်က ပြောပြရာမှာ ရှက်ဖီးနဲ့ပွဲမှာ သူ့ကို မထည့်တာက အဖျားကြောင့်လို့ သိရတယ်။ ပွဲနေ့ခရီးကို လိုက်ပါလာခဲ့ပေမယ့်လည်း အဖျားကြောင့်ပဲ သူ့ကို ထုတ်သုံးဖို့ မလောခဲ့ဘဲ ချန်လှပ်ခဲ့ရပါတယ်။ ဒါပေမယ့်လို့ ကြားရက် ချယ်ဆီးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ယူဆကြောင်းလည်း ဆိုခဲ့တယ်။

ဒီတစ်ကြိမ် လီဗာပူးနဲ့ ချယ်ဆီးတို့ အန်ဖီးမှာ တွေ့ဆုံမှုက အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်သင်းဟာ တူညီတဲ့ အခွင့်အရေး ရှိနေတာဖြစ်ကာ ဂျာမာန်သား မန်နေဂျာနှစ်ဦးရဲ့ အင်္ဂလန်မြေအတွင်း ပထမဆုံးအကြိမ် စီးချင်းထိုးမှုလည်း ဖြစ်လာပါလိမ့်မယ်။

ZAWGYI

လီဗာပူးအသင္းက ကာတစ္ဂ်ံဳး၊ ဖာမင္ႏိုတို႔ရဲ႕ သြင္းဂိုး (ေနာက္ပိုင္း OG သက္မွတ္ခံရ) တို႔ျဖင့္ ရွက္ဖီးကို အႏုိင္ရတဲ့ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္က လာမယ့္ပြဲအတြက္ အသင္းရဲ႕ အေျခအေနကို ထုတ္ေျပာခဲ့ပါတယ္။

ဖခင္ျဖစ္သူ ကြယ္လြန္သြားျခင္းေၾကာင့္ အယ္လီဆန္ မပါႏုိင္ဘဲ ဂိုးသမားေနရာကို အတ္ဒရီယန္ တာဝန္ယူခဲ့တယ္။ စပိန္ဂိုးသမားက ရာသီ အေစာပိုင္းတုန္းက ေဝဖန္မႈေတြ အမ်ားၾကီး ရခဲ့ေပမယ့္လည္း ဒီပြဲမွာေတာ့ အေကာင္းဆံုး ၾကိဳးစား ကစားေပးသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲအျပီးမွာေတာ့ ကေလာ့ပ္က ဘရာဇီး ကစားသမားေတြျဖစ္တဲ့ ဖာဘင္ညိဳနဲ႔ အယ္လီဆန္တို႔ ႏွစ္ဦး ခ်ယ္ဆီးနဲ႔ပြဲမွာ ပါဝင္ႏုိင္ေခ် ရွိေၾကာင္း ထုတ္ေျပာခဲ့တယ္။ ဖာဘင္ညိဳဟာ အသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ေနတဲ့ အေျခအေနျဖစ္ကာ ပိုမို စိတ္ခ်ရေစဖို႔ ရွက္ဖီးနဲ႔ပြဲမွာ ခ်န္လွပ္ခဲ့ျခင္းလို႔ ယူဆရတယ္။ အယ္လီဆန္ရဲ႕ အေနအထားကေတာ့ ရွင္းလင္းစြာ မသိရေသးပါဘူး။

ဒဏ္ရာေၾကာင့္ ၂ လခြဲ နီးပါး အနားယူေနရတဲ့ ဂ်ိဳတာနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ေျပာျပရာမွာ ရွက္ဖီးနဲ႔ပြဲမွာ သူ႔ကို မထည့္တာက အဖ်ားေၾကာင့္လို႔ သိရတယ္။ ပြဲေန႔ခရီးကို လုိက္ပါလာခဲ့ေပမယ့္လည္း အဖ်ားေၾကာင့္ပဲ သူ႔ကို ထုတ္သံုးဖို႔ မေလာခဲ့ဘဲ ခ်န္လွပ္ခဲ့ရပါတယ္။ ဒါေပမယ့္လို႔ ၾကားရက္ ခ်ယ္ဆီးနဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနလိမ့္မယ္လို႔ ယူဆေၾကာင္းလည္း ဆိုခ့ဲတယ္။

ဒီတစ္ၾကိမ္ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ အန္ဖီးမွာ ေတြ႔ဆံုမႈက အေရးပါတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္လာႏုိင္ပါတယ္။ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႏွစ္သင္းဟာ တူညီတဲ့ အခြင့္အေရး ရွိေနတာျဖစ္ကာ ဂ်ာမာန္သား မန္ေနဂ်ာႏွစ္ဦးရဲ႕ အဂၤလန္ေျမအတြင္း ပထမဆံုးအၾကိမ္ စီးခ်င္းထိုးမႈလည္း ျဖစ္လာပါလိမ့္မယ္။