ဒီရာသီ လီဗာပူးအသင်းရဲ့ အမှတ်ပေးဇယား အဆင့်ရပ်တည်မှုဟာ နွေဈေးကွက် ပြင်ဆင်မှုတွေအတွက် သက်ရောက်မှု ကြီးမားပါမယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ နွေမှာ တိုက်စစ်သမား၊ ကွင်းလယ်နဲ့ ခံစစ်သမား တစ်ဦးစီ ခေါ်ယူဖို့ လိုအပ်မှာဖြစ်ကာ ဒါတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ လိုတယ်လို့ ၎င်းသတင်းဌာနက ဆိုတယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အာမခံချက် မရှိသေးပါဘူး။

ချန်ပီယံလိဂ်ဝင်ခွင့်ရ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ အနည်းဆုံး ယူရို သန်း ၄၀ ဆုကြေး ရသလို အုပ်စုတွင်းမှာ နိုင်ပွဲနဲ့ သရေပွဲ ရလဒ်တွေအရ ယူရို ၂.၇ သန်းနဲ့ ယူရို ဝ.၉ သန်း တို့ကို ဆုကြေးအဖြစ် ရရှိတယ်။ ရံှူးထွက်အဆင့်ကို ရောက်ရှိရင် ယူရို ၉.၅ သန်းနဲ့ ကွာတားဖိုင်နယ်ကို ရောက်မယ်ဆိုရင် ယူရို ၁၀.၅ သန်းတို့ ရမှာဖြစ်တယ်။

အဆိုးဆုံး ချန်ပီယံလိဂ်ဘောလုံးရာသီ ဖြစ်ရင်တောင်မှ ယူရို သန်း ၄၀-၅၀ ကြား ရမှာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက လီဗာပူးအသင်း ချန်ပီယံလိဂ်ကို အနိုင်ရခဲ့စဉ် ဆုကြေး ယူရို ၁၁၁ သန်းထိ ရခဲ့ပါတယ်။

ယူရိုပါလိဂ်မှာတော့ ပြိုင်ပွဲကို ဝင်ခွင့်ရရင် ယူရို သန်း ၂၀ လောက် ရမှာဖြစ်ကာ ဆုဖလား အနိုင်ရမယ်ဆိုရင်တောင် ယူရို ၄၅ သန်းလောက်ထိပဲ ရမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ လုပ်ခပေးချေမှု တတိယ အမြင့်ဆုံး အသင်းအဖြစ် ယူနိုက်တက်၊ မန်စီးတီးတို့နောက်မှာ ရပ်တည်နေတယ်။ မကြာခင်မှာ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဆာလာ၊ မာနေး အစရှိတဲ့ ကစားသမားတွေကို သက်တမ်းတိုးရမှာဖြစ်လို့ အသင်းလိုက် လုပ်ခပိုင်းက လက်ရှိ ပေးနေရတဲ့ တစ်နှစ် ပေါင် သန်း ၃၀၀ ကို ကျော်လွန်လာဖို့ ရှိပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရရင် လီဗာပူးအသင်းက ကြီးကြီးမားမား ထိခိုက်မှု ရှိလာမှာဖြစ်တယ်။ Opta ရဲ့ ခန့်မှန်းချက်အရတော့ ရာသီကုန်မှာ လီဗာပူးအသင်း အဆင့် ၄ အတွင်း တိုက်ရိုက်ဝင်ခွင့်ရဖို့ အခွင့်အရေးက ၅၈% ရှိနေဆဲလို့ သိရတယ်။

အကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့် လက်လွတ်ရမယ်ဆိုရင် ဒီနောက်ပိုင်းနှစ်မှာ လီဗာပူးအသင်း စုဆောင်းထားတဲ့ လူစာရင်းနဲ့ လုပ်ခပိုင်း ပေးချေမှုတွေအရ နွေမှာ ထိပ်တန်း ကစားသမားသစ် ခေါ်ယူဖို့ အခက်အခဲကြီး ရင်ဆိုင်ရနိုင်တယ်။ ကစားသမား ရှင်းထုတ်မှုတွေ ရှိလာရင်တောင် ပြန်လည် ခေါ်ယူဖို့မှာ ဒုက္ခကြီးဖြစ်နိုင်မယ်လို့ သုံးသပ် ဖော်ပြသွားပါတယ်။

ZAWGYI

ဒီရာသီ လီဗာပူးအသင္းရဲ႕ အမွတ္ေပးဇယား အဆင့္ရပ္တည္မႈဟာ ေႏြေစ်းကြက္ ျပင္ဆင္မႈေတြအတြက္ သက္ေရာက္မႈ ၾကီးမားပါမယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

လီဗာပူးအသင္းဟာ ေႏြမွာ တိုက္စစ္သမား၊ ကြင္းလယ္နဲ႔ ခံစစ္သမား တစ္ဦးစီ ေခၚယူဖို႔ လိုအပ္မွာျဖစ္ကာ ဒါေတြအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆက္လက္ ဆုပ္ကိုင္ထားႏုိင္ဖို႔ လိုတယ္လို႔ ၄င္းသတင္းဌာနက ဆိုတယ္။ လီဗာပူးအသင္းဟာ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနျပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြက္ အာမခံခ်က္ မရွိေသးပါဘူး။

ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ အနည္းဆံုး ယူရို သန္း ၄၀ ဆုေၾကး ရသလို အုပ္စုတြင္းမွာ ႏုိင္ပြဲနဲ႔ သေရပြဲ ရလဒ္ေတြအရ ယူရို ၂.၇ သန္းနဲ႔ ယူရို ၀.၉ သန္း တို႔ကို ဆုေၾကးအျဖစ္ ရရွိတယ္။ ရံွဴးထြက္အဆင့္ကို ေရာက္ရွိရင္ ယူရို ၉.၅ သန္းနဲ႔ ကြာတားဖိုင္နယ္ကို ေရာက္မယ္ဆိုရင္ ယူရို ၁၀.၅ သန္းတို႔ ရမွာျဖစ္တယ္။

အဆိုးဆံုး ခ်န္ပီယံလိဂ္ေဘာလံုးရာသီ ျဖစ္ရင္ေတာင္မွ ယူရို သန္း ၄၀-၅၀ ၾကား ရမွာျဖစ္ျပီး ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီတုန္းက လီဗာပူးအသင္း ခ်န္ပီယံလိဂ္ကို အႏုိင္ရခဲ့စဥ္ ဆုေၾကး ယူရို ၁၁၁ သန္းထိ ရခဲ့ပါတယ္။

ယူရိုပါလိဂ္မွာေတာ့ ျပိဳင္ပြဲကို ဝင္ခြင့္ရရင္ ယူရို သန္း ၂၀ ေလာက္ ရမွာျဖစ္ကာ ဆုဖလား အႏုိင္ရမယ္ဆိုရင္ေတာင္ ယူရို ၄၅ သန္းေလာက္ထိပဲ ရမွာျဖစ္တယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ လုပ္ခေပးေခ်မႈ တတိယ အျမင့္ဆံုး အသင္းအျဖစ္ ယူႏုိက္တက္၊ မန္စီးတီးတို႔ေနာက္မွာ ရပ္တည္ေနတယ္။ မၾကာခင္မွာ ဗန္ဒိုက္၊ ဖာဘင္ညိဳ၊ ဆာလာ၊ မာေနး အစရွိတဲ့ ကစားသမားေတြကို သက္တမ္းတိုးရမွာျဖစ္လို႔ အသင္းလိုက္ လုပ္ခပိုင္းက လက္ရွိ ေပးေနရတဲ့ တစ္ႏွစ္ ေပါင္ သန္း ၃၀၀ ကို ေက်ာ္လြန္လာဖို႔ ရွိပါတယ္။

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္မရရင္ လီဗာပူးအသင္းက ၾကီးၾကီးမားမား ထိခိုက္မႈ ရွိလာမွာျဖစ္တယ္။ Opta ရဲ႕ ခန္႔မွန္းခ်က္အရေတာ့ ရာသီကုန္မွာ လီဗာပူးအသင္း အဆင့္ ၄ အတြင္း တိုက္ရိုက္ဝင္ခြင့္ရဖို႔ အခြင့္အေရးက ၅၈% ရွိေနဆဲလို႔ သိရတယ္။

အကယ္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ လက္လြတ္ရမယ္ဆိုရင္ ဒီေနာက္ပိုင္းႏွစ္မွာ လီဗာပူးအသင္း စုေဆာင္းထားတဲ့ လူစာရင္းနဲ႔ လုပ္ခပိုင္း ေပးေခ်မႈေတြအရ ေႏြမွာ ထိပ္တန္း ကစားသမားသစ္ ေခၚယူဖို႔ အခက္အခဲၾကီး ရင္ဆိုင္ရႏုိင္တယ္။ ကစားသမား ရွင္းထုတ္မႈေတြ ရွိလာရင္ေတာင္ ျပန္လည္ ေခၚယူဖို႔မွာ ဒုကၡၾကီးျဖစ္ႏုိင္မယ္လို႔ သံုးသပ္ ေဖာ္ျပသြားပါတယ္။