ပြင်သစ်သား ခံစစ်မှူး ဗာရိန်းက ရီးရဲလ်မက်ဒရစ်မှာ ဆက်မနေဘဲ ထွက်ခွာလိုစိတ် ပိုမို ထက်သန်မယ်ဆိုရင် လာလီဂါကလပ်ကလည်း သူ့ကို ရောင်းထုတ်သွားလိမ့်မယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

စပိန်သတင်းကို ကိုးကားပြီး အင်္ဂလန်သတင်းတွေက ဖော်ပြရာမှာတော့ လာမယ့်ရာသီ ရာသီကုန်မှာ စာချုပ်ကုန်တော့မယ့် ဗာရိန်းကို သက်တမ်းတိုးဖို့ ကိစ္စအတွက် ရီးရဲလ်မက်ဒရစ်ဘက်က စိုးရိမ်နေတယ်။ သူတို့ဘက်ကတော့ စာချုပ်သစ်အတွက် ယုံကြည်မှု မရှိတော့ရင် ဒီနွေမှာပဲ ဗာရိန်းကို ရောင်းထုတ်ဖို့ စီစဉ်စားထားပါတယ်။

ကစားသမားအတွက် တန်ကြေးက ပေါင် သန်း ၇၀ လောက်ဖြစ်နိုင်ပြီး စာချုပ်သက်တမ်းအရ ပိုနည်းကောင်းလည်း နည်းပါးနိုင်တယ်။ လက်တလောမှာ ယူနိုက်တက်ဘက်က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြခံရသလို နောက်ထပ် စိတ်ဝင်စားကလပ်တွေကတော့ ပီအက်စ်ဂျီနဲ့ လီဗာပူးအသင်းတို့ဖြစ်ကြောင်း ထည့်တွင်း ဖော်ပြထားခဲ့တယ်။

လီဗာပူးအသင်းဟာ နွေမှာ ခံစစ်သမား တစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကာ အဆိုပါ ခံစစ်မှူးက ကာလရှည်အတွက် ဖြစ်လိမ့်မယ်လို့ သိထားရတယ်။ ဇန်နဝါရီမှာ ခါဘတ်နဲ့ ဘမ် ဒေးဗစ်တို့ နှစ်ဦးကို ခေါ်ယူခဲ့သော်လည်း ဘမ်ဒေးဗစ်ဟာ ကလပ်ရဲ့ ရေရှည် အစီအမံမှာ ပါဝင်ဖို့ထက် အရေးပေါ် အခြေအနေမှာ ထုတ်သုံးနိုင်ဖို့ကိုပဲ ရည်ရွယ်ခဲ့ဟန် ရှိပါတယ်။

အသက် ၂၇ နှစ်အရွယ် ဗာရိန်းဟာ ဗန်ဒိုက်နဲ့ တွဲဘက်နိုင်သလို သူကိုယ်တိုင်ကလည်း ဂိုးမက်စ်၊ ခါဘတ်တို့ကို တွဲခေါ်နိုင်စွမ်းရှိသူတစ်ဦးဖြစ်တယ်။ ဒါကြောင့် သူ့ကို ခေါ်ယူခွင့်ရခဲ့မယ်ဆိုရင် လီဗာပူးဘက်က ကြိုးစားကြည့်ဖွယ်တော့ ရှိနိုင်ပါတယ်။

လီဗာပူးအသင်းဟာ အသက် ၃၀ အရွယ် ရောက်လာတဲ့ ကစားသမားတွေ များပြားလာနေပြီဖြစ်လို့ သွေးသစ်လောင်းမှုတွေကို စတင်နေခဲ့ပြီလည်းဖြစ်တယ်။ ဒီနွေမှာ ကစားသမားသစ်တွေ အင်အားဖြည့်တဲ့အခါ ထိပ်တန်း ကစားသမားတွေလည်း ပါနိုင်ပြီး တိုက်စစ်ကို ဦးစားပေးမလား၊ ခံစစ်ကို ဦးစားပေးသွားမလားက စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ျပင္သစ္သား ခံစစ္မွဴး ဗာရိန္းက ရီးရဲလ္မက္ဒရစ္မွာ ဆက္မေနဘဲ ထြက္ခြာလိုစိတ္ ပိုမို ထက္သန္မယ္ဆိုရင္ လာလီဂါကလပ္ကလည္း သူ႔ကို ေရာင္းထုတ္သြားလိမ့္မယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။

စပိန္သတင္းကို ကိုးကားျပီး အဂၤလန္သတင္းေတြက ေဖာ္ျပရာမွာေတာ့ လာမယ့္ရာသီ ရာသီကုန္မွာ စာခ်ဳပ္ကုန္ေတာ့မယ့္ ဗာရိန္းကို သက္တမ္းတိုးဖို႔ ကိစၥအတြက္ ရီးရဲလ္မက္ဒရစ္ဘက္က စိုးရိမ္ေနတယ္။ သူတို႔ဘက္ကေတာ့ စာခ်ဳပ္သစ္အတြက္ ယံုၾကည္မႈ မရွိေတာ့ရင္ ဒီေႏြမွာပဲ ဗာရိန္းကို ေရာင္းထုတ္ဖို႔ စီစဥ္စားထားပါတယ္။

ကစားသမားအတြက္ တန္ေၾကးက ေပါင္ သန္း ၇၀ ေလာက္ျဖစ္ႏုိင္ျပီး စာခ်ဳပ္သက္တမ္းအရ ပိုနည္းေကာင္းလည္း နည္းပါးႏုိင္တယ္။ လက္တေလာမွာ ယူႏုိက္တက္ဘက္က ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း ေဖာ္ျပခံရသလို ေနာက္ထပ္ စိတ္ဝင္စားကလပ္ေတြကေတာ့ ပီအက္စ္ဂ်ီနဲ႔ လီဗာပူးအသင္းတို႔ျဖစ္ေၾကာင္း ထည့္တြင္း ေဖာ္ျပထားခဲ့တယ္။

လီဗာပူးအသင္းဟာ ေႏြမွာ ခံစစ္သမား တစ္ဦးကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ကာ အဆိုပါ ခံစစ္မွဴးက ကာလရွည္အတြက္ ျဖစ္လိမ့္မယ္လို႔ သိထားရတယ္။ ဇန္နဝါရီမွာ ခါဘတ္နဲ႔ ဘမ္ ေဒးဗစ္တို႔ ႏွစ္ဦးကို ေခၚယူခဲ့ေသာ္လည္း ဘမ္ေဒးဗစ္ဟာ ကလပ္ရဲ႕ ေရရွည္ အစီအမံမွာ ပါဝင္ဖို႔ထက္ အေရးေပၚ အေျခအေနမွာ ထုတ္သံုးႏုိင္ဖို႔ကိုပဲ ရည္ရြယ္ခဲ့ဟန္ ရွိပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဗာရိန္းဟာ ဗန္ဒိုက္နဲ႔ တြဲဘက္ႏုိင္သလို သူကိုယ္တိုင္ကလည္း ဂိုးမက္စ္၊ ခါဘတ္တို႔ကို တြဲေခၚႏုိင္စြမ္းရွိသူတစ္ဦးျဖစ္တယ္။ ဒါေၾကာင့္ သူ႔ကို ေခၚယူခြင့္ရခဲ့မယ္ဆိုရင္ လီဗာပူးဘက္က ၾကိဳးစားၾကည့္ဖြယ္ေတာ့ ရွိႏုိင္ပါတယ္။

လီဗာပူးအသင္းဟာ အသက္ ၃၀ အရြယ္ ေရာက္လာတဲ့ ကစားသမားေတြ မ်ားျပားလာေနျပီျဖစ္လို႔ ေသြးသစ္ေလာင္းမႈေတြကို စတင္ေနခဲ့ျပီလည္းျဖစ္တယ္။ ဒီေႏြမွာ ကစားသမားသစ္ေတြ အင္အားျဖည့္တဲ့အခါ ထိပ္တန္း ကစားသမားေတြလည္း ပါႏုိင္ျပီး တိုက္စစ္ကို ဦးစားေပးမလား၊ ခံစစ္ကို ဦးစားေပးသြားမလားက ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။