အာဆင်နယ်အသင်း အဓိက ပြောင်းလဲနေတဲ့ အချက်ကတော့ ပထမအသင်း ကစားသမားတွေရဲ့ လုပ်ခပိုင်းဆိုင်ရာ အသုံးစရိတ်ကို လျော့ချဖို့ဖြစ်ကြောင်း Goal သတင်းမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်ဟာ ပထမအသင်းကြီးအတွက် တစ်နှစ်ကို လုပ်ခလစာအဖြစ် ပေါင် သန်း ၂၂၀ လောက် အသုံးပြုနေရတာကြောင့် ဒီပမာဏကို ဆက်တိုက်လျော့ချလာခဲ့ပြီး ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ အကျိုးထူးဖို့ ရှိနေပါတယ်။

ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာတဲ့ စီနီယာ ကစားသမားများ ရှိသလို မီခီတာရန်ရဲ့ တစ်ပတ်လုပ်ခ ပေါင် 180,000 နဲ့ အိုဇေးရဲ့ တစ်ပတ် ပေါင် 350,000 ကို လျော့ချနိုင်မယ်ဆိုရင် အာဆင်နယ်ဟာ ဒီရာသီမှာ လုပ်ခပိုင်း ဟန်ချက်ညီသွားမှာဖြစ်ပြီး နောက်ရာသီမှာတော့ ကစားသမားခေါ်ယူမှုတွေကို ပိုမို အာရုံစိုက်နိုင်တော့မှာပါ။

ကစားသမားများ ဒဏ်ရာရသွားမှာ စိုးရိမ်မှု ရှိပေမယ့် အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပြင်ဆင်မှု အဖြစ် လာမယ့် ကြာသပတေးနေ့ လေ့ကျင့်ရေးကွင်းမှာပဲ သြစတြီးယားကလပ် LASK Linz တံခါးပိတ် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားကြမှာပါ။

အာဆင်နယ်အသင်း အကယ်ဒမီမှာ U23, U21 အသင်းများကို တာဝန်ယူ နည်းပြနေတဲ့ ကစားသမားဟောင်းကြီး ယွန်းဘတ်ဟာ ဒီနွေမှာ အသင်းကြီး နည်းပြ အူနိုင်းအမ်မရီရဲ့ အဖွဲ့ထဲ ပါဝင်လာဖို့ ရှိပါတယ်။

အာဆင်နယ်အသင်းဟာ ပေါင် ၂၅ သန်းတန် အေဂျက်စတား ဇီယက်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနိုင်ပါတယ်။ ၄င်းက အမ်းမရိတ်မှာ ကစားခွင့်ရဖို့က သူ့ရဲ့ စိတ်ကူးအိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။