ဒီကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အဖြစ် လီဗာပူးဟာ ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

မတ်လရဲ့ ပထမ သုံးပတ်ကာလလောက်မှာ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ပြီးရင်တော့ နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာမှာဖြစ်တယ်။ ဒီကာလအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကစားရဖို့ ရှိနေမှာပါ။ ဧပရယ်လအတွင်း ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပေမယ့် ဒီပွဲဟာ လီဗာပူးအသင်း အနိုင်ရဖို့ လိုအပ်သလို လွယ်ကူမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

ကြီး ၆ ကြီး စာရင်းဝင် နှစ်သင်း ထိပ်တိုက်တွေ့မှုနဲ့ ပက်သက်လို့ အိုဝင်က ” ကြားရက် ပွဲစဉ်တွေထဲမှာ ရွေးချယ်ရမယ့် ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ အန်ဖီးမှာ ပြန်လည် ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်တယ်။ အိမ်ကွင်းမှာ လီဗာပူးအသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေ ရနေခဲ့တာကြောင့် ပုံစံကောင်းတွေ ပြန်ရယူလိုနေပါလိမ့်မယ်။

သတိထားရမယ့် ချယ်ဆီးအသင်းကို လီဗာပူးက ကြိုဆိုရမှာဖြစ်တယ်။ သောမက်စ် တူချယ်ရဲ့ အသင်းက ကောင်တာကစားဖို့ စီစသ်ခဲ့မယ်ဆိုရင် သူတို့က လီဗာပူးကို ပြဿနာတွေ ပေးနိုင်မှာဖြစ်တယ်။ ဒါပေမယ့်လို့ ချယ်ဆီးအတွက် လစ်ဟာနေတဲ့ တစ်ခုတည်းသော အားနည်းချက်ကလည်း နံပါတ် ၉ နေရာအတွက် ဖြစ်ပါတယ်။

ဒီအကြောင်းရင်းနဲ့အတူ ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုက သူမသာ ကိုယ်မသာ အနေအထားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ ၁-၁ ဆိုတဲ့ ရလဒ် ထွက်ပေါ်သွားမယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ဒီၾကားရက္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၇ အျဖစ္ လီဗာပူးဟာ ခ်ယ္ဆီးကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။

မတ္လရဲ႕ ပထမ သံုးပတ္ကာလေလာက္မွာ ျပိဳင္ပြဲေတြကို ယွဥ္ျပိဳင္ျပီးရင္ေတာ့ ႏုိင္ငံတကာ သီတင္းပတ္ ဝင္ေရာက္လာမွာျဖစ္တယ္။ ဒီကာလအတြင္းမွာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြ ကစားရဖို႔ ရွိေနမွာပါ။ ဧပရယ္လအတြင္း ဘာျဖစ္လာမယ္ဆိုတာ မသိႏုိင္ေသးေပမယ့္ ဒီပြဲဟာ လီဗာပူးအသင္း အႏုိင္ရဖို႔ လိုအပ္သလို လြယ္ကူမယ့္ ပြဲတစ္ပြဲလည္း ျဖစ္လာမွာ မဟုတ္ပါဘူး။

ၾကီး ၆ ၾကီး စာရင္းဝင္ ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈနဲ႔ ပက္သက္လို႔ အိုဝင္က ” ၾကားရက္ ပြဲစဥ္ေတြထဲမွာ ေရြးခ်ယ္ရမယ့္ ပြဲတစ္ပြဲပဲ ျဖစ္ပါတယ္။ အန္ဖီးမွာ ျပန္လည္ ယွဥ္ျပိဳင္ရမယ့္ပြဲျဖစ္တယ္။ အိမ္ကြင္းမွာ လီဗာပူးအသင္းဟာ ဆိုးရြားတဲ့ ရလဒ္ေတြ ရေနခဲ့တာေၾကာင့္ ပံုစံေကာင္းေတြ ျပန္ရယူလိုေနပါလိမ့္မယ္။

သတိထားရမယ့္ ခ်ယ္ဆီးအသင္းကို လီဗာပူးက ၾကိဳဆိုရမွာျဖစ္တယ္။ ေသာမက္စ္ တူခ်ယ္ရဲ႕ အသင္းက ေကာင္တာကစားဖို႔ စီစသ္ခဲ့မယ္ဆိုရင္ သူတို႔က လီဗာပူးကို ျပႆနာေတြ ေပးႏုိင္မွာျဖစ္တယ္။ ဒါေပမယ့္လို႔ ခ်ယ္ဆီးအတြက္ လစ္ဟာေနတဲ့ တစ္ခုတည္းေသာ အားနည္းခ်က္ကလည္း နံပါတ္ ၉ ေနရာအတြက္ ျဖစ္ပါတယ္။

ဒီအေၾကာင္းရင္းနဲ႔အတူ ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈက သူမသာ ကိုယ္မသာ အေနအထားျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ က်ေနာ္ကေတာ့ ၁-၁ ဆိုတဲ့ ရလဒ္ ထြက္ေပၚသြားမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။