ဒီလတွေအတွင်း လီဗာပူးရဲ့ နည်းစနစ်ဟာ အသွင်ပြောင်းမှုတွေ စတင်လာခဲ့ရာမှာ နောက်ဆုံး ပွဲစဉ် အနည်းငယ်မှာတော့ သိသာတဲ့ ထင်ရှားမှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ခံစစ်ကလွဲရင် ကွင်းလယ်နဲ့ တိုက်စစ်ကို တူညီတဲ့ လူစာရင်းတွေ ဆက်တိုက် ထုတ်လာခဲ့တဲ့ မန်နေဂျာကလော့ပ်က ရှက်ဖီးပွဲမှာတော့ ၄-၃-၃ အခင်းအကျင်းကို ထင်ထင်ရှားရှား ထုတ်သုံးခဲ့ပြီး ဖာမင်နိုဟာ အတွင်းကို မဆင်းခင်ချိန်တွေထိ တိုက်စစ် ဦးဆောင်သူ ဖြစ်ပါတယ်။

ကွင်းလယ်ကို ဖာမင်နို ဆင်းကစားချိန်တိုင်းမှာ ဆာလာနဲ့ မာနေးတို့က တောင်ပံတွေကနေ ဖိအားပေး ကစားဖို့ ပြင်ဆင်လေ့ရှိပြီး ကောင်တာအတွက် ပိုမို အားထုတ်လာကြတယ်။ လီဗာပူးရဲ့ ခံစစ်ကွက်ကတော့ အတိတ်က မြင်ထားဖူးတဲ့ ၄-၄-၂ စိန်ပွင့်ပုံစံ ဖြစ်လာနေခဲ့တယ်။

ဘောလုံးပိုင်ဆိုင်မှု ရချိန်တွေမှာ လီဗာပူးရဲ့ အခင်းအကျင်းက ၂-၃-၅ ပုံစံ ကူးပြောင်းလာခဲ့ပြီး ဘယ်ခြမ်းတိုက်စစ်အတွက် ရော်ဘတ်ဆန်က လိုက်ပေးသလို အဆိုပါ ဘက်ခြမ်း အနားမှာပဲ ဂျုံးကလည်း တိုက်စစ်လိုက်တဲ့ ပုံစံကစားနေတယ်။ ညာခြမ်းမှာတော့ ဖာမင်နို၊ ဆာလာတို့ ရှိနေပြီး ထရန့်က သူတို့ နှစ်ဦးနောက်က ပံ့ပိုးသူနေရာမှာ ရှိနေသလို ဆာလာနဲ့ မာနေးတို့က တိုက်စစ်မြှားဦးမှာ အလျှင်သင့်သလို နေတဲ့ ပုံစံဖြစ်ပါတယ်။

ဒီနောက်ပိုင်း ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ ထူးခြားမှု တစ်ခုက ကွင်းလယ် သုံးဦးထဲမှာ သမ္ဘာအနည်းဆုံးဖြစ်တဲ့ ဂျုံးကို တိုက်စစ်လိုက်ခိုင်းခြင်းပါပဲ။ ဒါက အထူးအဆန်းတော့ မဟုတ်လှဘဲ ဝိုက်နယ်ဒမ်၊ သီယာဂိုနဲ့ ဂျုံးတို့ထဲက ဂျုံးကပဲ တိုက်စစ်ကို ပိုအားသန်လွန်းသူဖြစ်ပါတယ်။ ကလော့ပ်က ကစားသမားရဲ့ ပိုင်နိုင်စွာ ကစားနိုင်မှုအတိုင်း တိုက်စစ်ကို တင်ကစားစေတယ်။

ဂျုံးဟာ ကွင်းလယ်ကနေ စတင်ကစားလာပေမယ့် တိုက်စစ်အတွက် အခွင့်ရှိသူတစ်ဦး ဖြစ်လာနေတယ်။ ရံဖန်ရံခါဆိုရင် သူ့ရဲ့ နေရာယူမှုက မာနေးနဲ့ ဖာမင်နိုထက်တောင် ရှေ့ကို ပိုရောက်နေတတ်ပါတယ်။ ကလော့ပ်က အခွင့်အရေးရရင် အဆုံးသတ်ဖို့ ဂျုံးကို မှာကြားထားခဲ့ပြီး ဒါဟာ အတိတ်တုန်းက လယ်လာနာကို နောက်ချန် တိုက်စစ်သမားအဖြစ် သုံးခဲ့တဲ့ ပုံစံမျိုးတောင် နေရာပေးတာလို့ ယူဆနိုင်တယ်။

ကလော့ပ်က “ အထူးသဖြင့် ဒီအပတ်မတိုင်ခင်မှာ ကျနေ်ာတို့ စကားပြောမှုတွေ အများကြီး လုပ်ခဲ့ရတယ်။ သေချာတဲ့ ဧရိယာတွေမှာ ဂျုံး ပိုကစားနိုင်ဖို့ ဗီဒီယို စိစစ်မှုတွေကိုလည်း လုပ်ခဲ့ရတယ်။ ဘာလို့လည်းဆိုတော့ သူက ဘောလုံးနဲ့အတူ ကစားရာမှာ ထူးချွန်ပါတယ်။

သူက အထိန်းအသိမ်းကောင်းတယ်။ ပွဲထိန်းတာလည်း ကောင်းပြီး ဘောလုံးထိန်းတာလည်း ကောင်းတယ်။ အဲ့အပိုင်းတွေမှာ ကောင်းပေမယ့် အရည်အချင်းရှိတဲ့ ကစားသမား တစ်ယောက်အဖြစ် သူ့ရဲ့ အဆုံးသတ်ပိုင်းတွေ ပိုကောင်းလာဖို့ လိုနေတယ်။ ဒါကို လေ့ကျင့်ထားပြီး သူ ကောင်းကောင်းလုပ်နေတော့ အဆင်ပြေပါတယ် ” လို့ ဆိုခဲ့တယ်။

ကာတစ်ဂျုံးဟာ ဖလားပွဲတွေမှာ စတင်နေရာရလာခဲ့ပြီး ဒီရာသီစမှာတော့ လူငယ်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ စီနီယာတစ်ယောက်အဖြစ် ပွဲထွက်ခွင့် တိုက်ပွဲဝင်ရမယ်လို့ ကလော့ပ်က အတည်ပြုပေးခဲ့ပါတယ်။

ရာသီအစပိုင်းတွေမှာ အရည်အချင်းကောင်းတွေ ပြသထားပေမယ့် ပုံမှန်နေရာ မဆုပ်ကိုင်ထားနိုင်တဲ့ ဂျုံးဟာ ဒီနောက်ပိုင်းမှာတော့ ကလေ့ာပ် အားထားရတဲ့ ကစားသမားဖြစ်လာခဲ့သလို နည်းစနစ်ပိုင်းအရပါ အံဝင်မှုတွေ ပြသလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ဒီလေတြအတြင္း လီဗာပူးရဲ႕ နည္းစနစ္ဟာ အသြင္ေျပာင္းမႈေတြ စတင္လာခဲ့ရာမွာ ေနာက္ဆံုး ပြဲစဥ္ အနည္းငယ္မွာေတာ့ သိသာတဲ့ ထင္ရွားမႈေတြ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ခံစစ္ကလြဲရင္ ကြင္းလယ္နဲ႔ တိုက္စစ္ကို တူညီတဲ့ လူစာရင္းေတြ ဆက္တိုက္ ထုတ္လာခဲ့တဲ့ မန္ေနဂ်ာကေလာ့ပ္က ရွက္ဖီးပြဲမွာေတာ့ ၄-၃-၃ အခင္းအက်င္းကို ထင္ထင္ရွားရွား ထုတ္သံုးခဲ့ျပီး ဖာမင္ႏိုဟာ အတြင္းကို မဆင္းခင္ခ်ိန္ေတြထိ တိုက္စစ္ ဦးေဆာင္သူ ျဖစ္ပါတယ္။

ကြင္းလယ္ကို ဖာမင္ႏို ဆင္းကစားခ်ိန္တိုင္းမွာ ဆာလာနဲ႔ မာေနးတို႔က ေတာင္ပံေတြကေန ဖိအားေပး ကစားဖို႔ ျပင္ဆင္ေလ့ရွိျပီး ေကာင္တာအတြက္ ပိုမို အားထုတ္လာၾကတယ္။ လီဗာပူးရဲ႕ ခံစစ္ကြက္ကေတာ့ အတိတ္က ျမင္ထားဖူးတဲ့ ၄-၄-၂ စိန္ပြင့္ပံုစံ ျဖစ္လာေနခဲ့တယ္။

ေဘာလံုးပိုင္ဆိုင္မႈ ရခ်ိန္ေတြမွာ လီဗာပူးရဲ႕ အခင္းအက်င္းက ၂-၃-၅ ပံုစံ ကူးေျပာင္းလာခဲ့ျပီး ဘယ္ျခမ္းတိုက္စစ္အတြက္ ေရာ္ဘတ္ဆန္က လိုက္ေပးသလို အဆိုပါ ဘက္ျခမ္း အနားမွာပဲ ဂ်ံဳးကလည္း တိုက္စစ္လိုက္တဲ့ ပံုစံကစားေနတယ္။ ညာျခမ္းမွာေတာ့ ဖာမင္ႏို၊ ဆာလာတို႔ ရွိေနျပီး ထရန္႔က သူတို႔ ႏွစ္ဦးေနာက္က ပံ့ပိုးသူေနရာမွာ ရွိေနသလို ဆာလာနဲ႔ မာေနးတို႔က တိုက္စစ္ျမွားဦးမွာ အလွ်င္သင့္သလို ေနတဲ့ ပံုစံျဖစ္ပါတယ္။

ဒီေနာက္ပိုင္း ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ ထူးျခားမႈ တစ္ခုက ကြင္းလယ္ သံုးဦးထဲမွာ သမၻာအနည္းဆံုးျဖစ္တဲ့ ဂ်ံဳးကို တိုက္စစ္လိုက္ခိုင္းျခင္းပါပဲ။ ဒါက အထူးအဆန္းေတာ့ မဟုတ္လွဘဲ ဝိုက္နယ္ဒမ္၊ သီယာဂိုနဲ႔ ဂ်ံဳးတို႔ထဲက ဂ်ံဳးကပဲ တိုက္စစ္ကို ပိုအားသန္လြန္းသူျဖစ္ပါတယ္။ ကေလာ့ပ္က ကစားသမားရဲ႕ ပိုင္ႏုိင္စြာ ကစားႏုိင္မႈအတိုင္း တိုက္စစ္ကို တင္ကစားေစတယ္။

ဂ်ံဳးဟာ ကြင္းလယ္ကေန စတင္ကစားလာေပမယ့္ တိုက္စစ္အတြက္ အခြင့္ရွိသူတစ္ဦး ျဖစ္လာေနတယ္။ ရံဖန္ရံခါဆိုရင္ သူ႔ရဲ႕ ေနရာယူမႈက မာေနးနဲ႔ ဖာမင္ႏိုထက္ေတာင္ ေရွ႔ကို ပိုေရာက္ေနတတ္ပါတယ္။ ကေလာ့ပ္က အခြင့္အေရးရရင္ အဆံုးသတ္ဖို႔ ဂ်ံဳးကို မွာၾကားထားခဲ့ျပီး ဒါဟာ အတိတ္တုန္းက လယ္လာနာကို ေနာက္ခ်န္ တိုက္စစ္သမားအျဖစ္ သံုးခဲ့တဲ့ ပံုစံမ်ိဳးေတာင္ ေနရာေပးတာလို႔ ယူဆႏုိင္တယ္။

ကေလာ့ပ္က “ အထူးသျဖင့္ ဒီအပတ္မတိုင္ခင္မွာ က်ေန္ာတို႔ စကားေျပာမႈေတြ အမ်ားၾကီး လုပ္ခဲ့ရတယ္။ ေသခ်ာတဲ့ ဧရိယာေတြမွာ ဂ်ံဳး ပိုကစားႏုိင္ဖို႔ ဗီဒီယို စိစစ္မႈေတြကိုလည္း လုပ္ခဲ့ရတယ္။ ဘာလို႔လည္းဆိုေတာ့ သူက ေဘာလံုးနဲ႔အတူ ကစားရာမွာ ထူးခၽြန္ပါတယ္။

သူက အထိန္းအသိမ္းေကာင္းတယ္။ ပြဲထိန္းတာလည္း ေကာင္းျပီး ေဘာလံုးထိန္းတာလည္း ေကာင္းတယ္။ အဲ့အပိုင္းေတြမွာ ေကာင္းေပမယ့္ အရည္အခ်င္းရွိတဲ့ ကစားသမား တစ္ေယာက္အျဖစ္ သူ႔ရဲ႕ အဆံုးသတ္ပိုင္းေတြ ပိုေကာင္းလာဖို႔ လိုေနတယ္။ ဒါကို ေလ့က်င့္ထားျပီး သူ ေကာင္းေကာင္းလုပ္ေနေတာ့ အဆင္ေျပပါတယ္ ” လို႔ ဆိုခဲ့တယ္။

ကာတစ္ဂ်ံဳးဟာ ဖလားပြဲေတြမွာ စတင္ေနရာရလာခဲ့ျပီး ဒီရာသီစမွာေတာ့ လူငယ္တစ္ေယာက္ အေနနဲ႔ မဟုတ္ဘဲ စီနီယာတစ္ေယာက္အျဖစ္ ပြဲထြက္ခြင့္ တိုက္ပြဲဝင္ရမယ္လို႔ ကေလာ့ပ္က အတည္ျပဳေပးခဲ့ပါတယ္။

ရာသီအစပိုင္းေတြမွာ အရည္အခ်င္းေကာင္းေတြ ျပသထားေပမယ့္ ပံုမွန္ေနရာ မဆုပ္ကိုင္ထားႏုိင္တဲ့ ဂ်ံဳးဟာ ဒီေနာက္ပိုင္းမွာေတာ့ ကေလ့ာပ္ အားထားရတဲ့ ကစားသမားျဖစ္လာခဲ့သလို နည္းစနစ္ပိုင္းအရပါ အံဝင္မႈေတြ ျပသလာခဲ့ျပီျဖစ္ပါတယ္။