နာမည်ကျော် ဘောလုံးခန့်မှန်းသူ လော်ရိုးက ဒီကြားရက် ပွဲကောင်းဖြစ်တဲ့ လီဗာပူး Vs ချယ်ဆီးပွဲအတွက် သုံးသပ်ခန့်မှန်းမှု ပြုလုပ်သွားပါတယ်။

မနက်က အဲဗာတန်က ဆောက်သမ်တန်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးနဲ့ ရမှတ်တူ တစ်ပွေဲလျော့ဖြင့် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ရောက်လာပါတယ်။ ဒီတစ်ကြိမ် ထိပ်တိုက်တွေ့တဲ့ ချယ်ဆီးက လီဗာပူးရဲ့ အထက် အဆင့် ၅ နေရာမှာ ရှိနေတာဖြစ်လို့ ဒီပွဲ ရလဒ်ကောင်းဖို့ဟာ အထက်ကအသင်းကို ကျော်တက်ဖို့ကော အောက်က အသင်းတွေရဲ့ ဖိအားပေးမှုကို လျော့ချဖို့ပါ လီဗာပူးအတွက် အရေးပါလာခဲ့ပါပြီ။

လော်ရိုးက ” ချယ်ဆီးက ပေးဂိုးတွေ အများကြီး ခွင့်ပြုထားရခြင်း မရှိဘူး။ သူတို့က တိုက်စစ်ကနေ ဂိုးတွေ အများကြီးလည်း သွင်းယူမထားနိုင်ဘူး။ မန်နေဂျာသစ် တူချယ်က ခြေလှမ်း တစ်လှမ်း၊ နှစ်လှမ်းလောက်တော့ လုပ်ထားနိုင်ပြီး ခံစစ်ကို ပိုမို ကျစ်လစ်လာဖို့နဲ့ ဂိုးတွေ ပေးနေရတာတွေကို ရပ်တန်နိုင်ဖို့ ကြိုးစားထားနိုင်တယ်။

တူချယ်ဟာ တတိယမြောက် ခြေလှမ်းအဖြစ် သူ့အသင်း ဂိုးတွေအတွက် ပိုမို ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ဖို့ ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ လီဗာပူးက ရှက်ဖီးကို အနိုင်ယူပြီး နိုင်ပွဲ ပြန်ရလာခဲ့တယ် ဒါပေမယ့် သူတို့က ပိုကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ရမှတ် ၁ မှတ် ခွဲယူနိုင်မယ်ဆိုရင် လီဗာပူးဘက်ကလည်း ကျေနပ် ပျော်ရွှင်နေမယ်လို့ ကျနော် ထင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တယ်။

လီဗာပူးနဲ့ ချယ်ဆီးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်း ရလဒ်ကတော့ တစ်ဘက်ကို ၁ ဂိုးစီနဲ့ သရေကျမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

နာမည္ေက်ာ္ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ဒီၾကားရက္ ပြဲေကာင္းျဖစ္တဲ့ လီဗာပူး Vs ခ်ယ္ဆီးပြဲအတြက္ သံုးသပ္ခန္႔မွန္းမႈ ျပဳလုပ္သြားပါတယ္။

မနက္က အဲဗာတန္က ေဆာက္သမ္တန္ကို အႏုိင္ရခဲ့တာေၾကာင့္ လီဗာပူးနဲ႔ ရမွတ္တူ တစ္ေပြဲေလ်ာ့ျဖင့္ အမွတ္ေပးဇယား အဆင့္ ၇ ေနရာကို ေရာက္လာပါတယ္။ ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔တဲ့ ခ်ယ္ဆီးက လီဗာပူးရဲ႕ အထက္ အဆင့္ ၅ ေနရာမွာ ရွိေနတာျဖစ္လို႔ ဒီပြဲ ရလဒ္ေကာင္းဖို႔ဟာ အထက္ကအသင္းကို ေက်ာ္တက္ဖို႔ေကာ ေအာက္က အသင္းေတြရဲ႕ ဖိအားေပးမႈကို ေလ်ာ့ခ်ဖို႔ပါ လီဗာပူးအတြက္ အေရးပါလာခဲ့ပါျပီ။

ေလာ္ရိုးက ” ခ်ယ္ဆီးက ေပးဂိုးေတြ အမ်ားၾကီး ခြင့္ျပဳထားရျခင္း မရွိဘူး။ သူတို႔က တိုက္စစ္ကေန ဂိုးေတြ အမ်ားၾကီးလည္း သြင္းယူမထားႏုိင္ဘူး။ မန္ေနဂ်ာသစ္ တူခ်ယ္က ေျခလွမ္း တစ္လွမ္း၊ ႏွစ္လွမ္းေလာက္ေတာ့ လုပ္ထားႏုိင္ျပီး ခံစစ္ကို ပိုမို က်စ္လစ္လာဖို႔နဲ႔ ဂိုးေတြ ေပးေနရတာေတြကို ရပ္တန္ႏုိင္ဖို႔ ၾကိဳးစားထားႏုိင္တယ္။

တူခ်ယ္ဟာ တတိယေျမာက္ ေျခလွမ္းအျဖစ္ သူ႔အသင္း ဂိုးေတြအတြက္ ပိုမို ျခိမ္းေျခာက္မႈေတြ လုပ္လာႏုိင္ဖို႔ ၾကိဳးစားသြားၾကရမွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာေတာ့ လီဗာပူးက ရွက္ဖီးကို အႏုိင္ယူျပီး ႏုိင္ပြဲ ျပန္ရလာခဲ့တယ္ ဒါေပမယ့္ သူတို႔က ပိုၾကီးမားတဲ့ စိန္ေခၚမႈကို ရင္ဆိုင္ၾကရမွာ ျဖစ္ပါတယ္။ ဒီပြဲမွာ ရမွတ္ ၁ မွတ္ ခြဲယူႏုိင္မယ္ဆိုရင္ လီဗာပူးဘက္ကလည္း ေက်နပ္ ေပ်ာ္ရႊင္ေနမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” ဆိုျပီး သံုးသပ္ခဲ့တယ္။

လီဗာပူးနဲ႔ ခ်ယ္ဆီးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ တစ္ဘက္ကို ၁ ဂိုးစီနဲ႔ သေရက်မယ္လို႔ ျဖစ္ပါတယ္။