လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်အဆင့်ရဲ့ ဒုတိယအကျော့ပွဲကို ပထမအကျော့ ကစားခဲ့ရာ ကွင်းမှာပဲ ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

နှစ်သင်းဟာ ပထမအကျော့အဖြစ် ဟန်ဂေရီမြို့တော် ဘာဒါပက်စ်မှ ပူးစကက်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ဂျာမနီအစိုးရရဲ့ ကိုဗစ်ဆိုင်ရာ စည်းကမ်းတွေကြောင့် လိုက်ဇစ်ဟာ ၎င်းတို့ အိမ်ကွင်းမှာ ဧည့်ခံနိုင်ခြင်း မရှိဘဲ ကြားကွင်းမှာ ဧည့်ခံခဲ့ခြင်း ဖြစ်တယ်။ အဆိုပါ ပွဲမှာတော့ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ် အန်ဖီးမှာ ဧည့်ခံရမယ့် ပွဲကလည်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် မူလအတိုင်း မာဆေးဆိုဒ်မှာ ကစားနိုင်ကြဖွယ် မရှိပါဘူး။ လီဗာပူးက လိုက်ဇစ်ကို ဧည့်ခံရမယ့် ဒုတိယအကျော့ပွဲအတွက် ဥရောပနိုင်ငံ ၆ ခုအတွင်းမှ မြို့ကြီး ၈ မြို့ကို လေ့လာမှုတွေ ပြူလုပ်နေခဲ့တာဖြစ်တယ်။

အထူးသဖြင့် ကွာရန်တင်း မဝင်ရဖို့နဲ့ ယူအီးအက်ဖ်အေရဲ့ ခွင့်ပြုမိန့်ရဖို့ လုပ်ဆောင်နိုင်မယ့် ကွင်းတွေကို စစ်ထုတ်နေပါတယ်။ ပူးစကက်ကွင်းအပြင် နယ်သာလန်မှ ဖီယင်နိုကွင်းကလည်း လီဗာပူး ရွေးချယ်လိုတဲ့ ကွင်းတွေထဲ ပါဝင်သလို အီတလီမှ အူဒီးနီအသင်းရဲ့ကွင်းလည်း ပါဝင်နေတာဖြစ်တယ်။

လီဗာပူးဘက်က အစောပိုင်းမှာ ရှာဖွေသွားတဲ့အထဲက ဆိုက်ပရက်စ်၊ ရိုမေးနီးယန်းတို့မှ ကွင်းတွေကိုတော့ အသုံးပြုသွားတော့မှာ မဟုတ်ပါဘူး။ လက်တလော အခြေအနေထိ ကစားမယ့်ကွင်းကို အတည်မပြုနိုင်သေးပေမယ့် ပူးစကက်ကွင်းက အဓိက ရွေးချယ်စရာဖြစ်လာကြောင်း လီဗာပူးသတင်းထောက် Paul Joyce ကလည်း ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္အဆင့္ရဲ႕ ဒုတိယအေက်ာ့ပြဲကို ပထမအေက်ာ့ ကစားခဲ့ရာ ကြင္းမွာပဲ ယွဥ္ျပိဳင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ႏွစ္သင္းဟာ ပထမအေက်ာ့အျဖစ္ ဟန္ေဂရီျမိဳ႔ေတာ္ ဘာဒါပက္စ္မွ ပူးစကက္ကြင္းမွာ ယွဥ္ျပိဳင္ကစားခဲ့ၾကတာပါ။ ဂ်ာမနီအစိုးရရဲ႕ ကိုဗစ္ဆိုင္ရာ စည္းကမ္းေတြေၾကာင့္ လိုက္ဇစ္ဟာ ၄င္းတို႔ အိမ္ကြင္းမွာ ဧည့္ခံႏုိင္ျခင္း မရွိဘဲ ၾကားကြင္းမွာ ဧည့္ခံခဲ့ျခင္း ျဖစ္တယ္။ အဆိုပါ ပြဲမွာေတာ့ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရခဲ့တာျဖစ္ပါတယ္။

ဒီတစ္ၾကိမ္ အန္ဖီးမွာ ဧည့္ခံရမယ့္ ပြဲကလည္း ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြေၾကာင့္ မူလအတိုင္း မာေဆးဆိုဒ္မွာ ကစားႏုိင္ၾကဖြယ္ မရွိပါဘူး။ လီဗာပူးက လိုက္ဇစ္ကို ဧည့္ခံရမယ့္ ဒုတိယအေက်ာ့ပြဲအတြက္ ဥေရာပႏုိင္ငံ ၆ ခုအတြင္းမွ ျမိဳ႔ၾကီး ၈ ျမိဳ႔ကို ေလ့လာမႈေတြ ျပဴလုပ္ေနခဲ့တာျဖစ္တယ္။

အထူးသျဖင့္ ကြာရန္တင္း မဝင္ရဖို႔နဲ႔ ယူအီးအက္ဖ္ေအရဲ႕ ခြင့္ျပဳမိန္႔ရဖို႔ လုပ္ေဆာင္ႏုိင္မယ့္ ကြင္းေတြကို စစ္ထုတ္ေနပါတယ္။ ပူးစကက္ကြင္းအျပင္ နယ္သာလန္မွ ဖီယင္ႏိုကြင္းကလည္း လီဗာပူး ေရြးခ်ယ္လိုတဲ့ ကြင္းေတြထဲ ပါဝင္သလို အီတလီမွ အူဒီးနီအသင္းရဲ႔ကြင္းလည္း ပါဝင္ေနတာျဖစ္တယ္။

လီဗာပူးဘက္က အေစာပိုင္းမွာ ရွာေဖြသြားတဲ့အထဲက ဆိုက္ပရက္စ္၊ ရိုေမးနီးယန္းတို႔မွ ကြင္းေတြကိုေတာ့ အသံုးျပဳသြားေတာ့မွာ မဟုတ္ပါဘူး။ လက္တေလာ အေျခအေနထိ ကစားမယ့္ကြင္းကို အတည္မျပဳႏုိင္ေသးေပမယ့္ ပူးစကက္ကြင္းက အဓိက ေရြးခ်ယ္စရာျဖစ္လာေၾကာင္း လီဗာပူးသတင္းေထာက္ Paul Joyce ကလည္း ေဖာ္ျပလာခဲ့ျပီျဖစ္ပါတယ္။