စကိုင်းစပေါ့ သတင်းထောက်ဖြစ်သူ Dharmesh Sheth က ဒေါ့မွန်အသင်း တိုက်စစ်သမား ဟာလန်းကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ မန်ချက်စတာကလပ်တွေနဲ့ ချယ်ဆီး၊ လီဗာပူးတို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကလပ်တိုင်းက နံပါတ် ၉ တိုက်စစ်သမား နေရာအတွက် အားဖြည့်မှုတွေလုပ်ဖို့ လိုအပ်နေတာပါ။ Sheth ကတော့ လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေသလို ပြောင်းရွှေ့ကြေး ပေါင် ၆၆ သန်းပေးရမယ့် ဟာလန်းက လူကြိုက်များ ကစားသမားဖြစ်လာမယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တိုင်းမှာ ဟာလန်းကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး ကိုယ်ပိုင် အသာစီးရမှုတွေ ရှိနေပေမယ့် ဒေါ့မွန်မန်နေဂျာဟောင်းဖြစ်တဲ့ ယာဂင်ကလော့ပ် လက်အောက်မှာ ကစားရတာကို ဟာလန်း နှစ်သက်လိမ့်မယ်လို့ သူက မြင်ပါတယ်။

သူကပဲ “ လီဗာပူးကလည်း စိတ်ဝင်စားနေတယ်။ သူတို့က အတိတ်တုန်းကလည်း ပြောင်းရွှေ့ကြေးတွေ ထုတ်သုံးခဲ့တာတွေရှိတယ်။ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ နှစ်ဦးအတွက် ပေါင် သန်း ၁၅၀ လောက် သုံးခဲ့ပါသေးတယ်။

ဒေါ့မွန်မှာ ယာဂင်ကလော့ပ်ရဲ့ နာမည်က ဘယ်လောက်တောင် အရှိန်အဝါ ရှိနေမယ်ဆိုတာ မသေချာပါဘူး။ အဲ့တာက ဟာလန်း အပြောင်းအရွှေ့ ကိစ္စအတွက် ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်မယ်ဆိုတာလည်း မသိနိုင်ဘူး။ ဟာလန်းက ဖာမင်နိုနေရာ အစားထိုးမှု ဖြစ်လာနိုင်မလား?

လီဗာပူးက ဒေါ့မွန်ကနေ ဟာလန်းကို ခေါ်ယူဖို့ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စလို့တော့ မထင်ပါဘူး။ ဒါပေမယ့် ဟာလန်းကို ခေါ်ယူလိုစိတ် ရှိမယ်ဆိုရင် ငွေသုံးရဖို့ ရှိနေပါတယ်။ သူကိုယ်တိုင်ကလည်း ယာဂင်ကလော့ပ်နဲ့ လီဗာပူးအတွက် ကစားလိုစိတ်ရှိတယ်လို့ ကျနော် သိထားတယ်။ ဒီအခြေအနေမှာတော့ အသင်းတိုင်းက သူ့ကို ခေါ်ယူဖို့ အသာစီးရမှု အနည်းငယ်စီ ရှိကြတာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

စကိုင္းစေပါ့ သတင္းေထာက္ျဖစ္သူ Dharmesh Sheth က ေဒါ့မြန္အသင္း တိုက္စစ္သမား ဟာလန္းကို ေခၚယူလိုတဲ့ ကလပ္ေတြထဲမွာ မန္ခ်က္စတာကလပ္ေတြနဲ႔ ခ်ယ္ဆီး၊ လီဗာပူးတို႔ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

ကလပ္တိုင္းက နံပါတ္ ၉ တိုက္စစ္သမား ေနရာအတြက္ အားျဖည့္မႈေတြလုပ္ဖို႔ လိုအပ္ေနတာပါ။ Sheth ကေတာ့ လာမယ့္ ေႏြေစ်းကြက္မွာ ေဒါ့မြန္နဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနသလို ေျပာင္းေရႊ႔ေၾကး ေပါင္ ၆၆ သန္းေပးရမယ့္ ဟာလန္းက လူၾကိဳက္မ်ား ကစားသမားျဖစ္လာမယ္လို႔ ဆိုပါတယ္။

ပရီးမီးယားလိဂ္ ထိပ္တန္းကလပ္တိုင္းမွာ ဟာလန္းကို ေခၚယူဖို႔ ကိစၥနဲ႔ ပက္သက္ျပီး ကိုယ္ပိုင္ အသာစီးရမႈေတြ ရွိေနေပမယ့္ ေဒါ့မြန္မန္ေနဂ်ာေဟာင္းျဖစ္တဲ့ ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ကစားရတာကို ဟာလန္း ႏွစ္သက္လိမ့္မယ္လို႔ သူက ျမင္ပါတယ္။

သူကပဲ “ လီဗာပူးကလည္း စိတ္ဝင္စားေနတယ္။ သူတို႔က အတိတ္တုန္းကလည္း ေျပာင္းေရႊ႔ေၾကးေတြ ထုတ္သံုးခဲ့တာေတြရွိတယ္။ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ ႏွစ္ဦးအတြက္ ေပါင္ သန္း ၁၅၀ ေလာက္ သံုးခဲ့ပါေသးတယ္။

ေဒါ့မြန္မွာ ယာဂင္ကေလာ့ပ္ရဲ႕ နာမည္က ဘယ္ေလာက္ေတာင္ အရွိန္အဝါ ရွိေနမယ္ဆိုတာ မေသခ်ာပါဘူး။ အဲ့တာက ဟာလန္း အေျပာင္းအေရႊ႔ ကိစၥအတြက္ ဘယ္ေလာက္ထိ သက္ေရာက္မႈ ရွိႏုိင္မယ္ဆိုတာလည္း မသိႏုိင္ဘူး။ ဟာလန္းက ဖာမင္ႏိုေနရာ အစားထိုးမႈ ျဖစ္လာႏုိင္မလား?

လီဗာပူးက ေဒါ့မြန္ကေန ဟာလန္းကို ေခၚယူဖို႔ဆိုတာက မျဖစ္ႏုိင္တဲ့ ကိစၥလို႔ေတာ့ မထင္ပါဘူး။ ဒါေပမယ့္ ဟာလန္းကို ေခၚယူလိုစိတ္ ရွိမယ္ဆိုရင္ ေငြသံုးရဖို႔ ရွိေနပါတယ္။ သူကိုယ္တုိင္ကလည္း ယာဂင္ကေလာ့ပ္နဲ႔ လီဗာပူးအတြက္ ကစားလိုစိတ္ရွိတယ္လို႔ က်ေနာ္ သိထားတယ္။ ဒီအေျခအေနမွာေတာ့ အသင္းတိုင္းက သူ႔ကို ေခၚယူဖို႔ အသာစီးရမႈ အနည္းငယ္စီ ရွိၾကတာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။