ချယ်ဆီးပွဲကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ် ဒီကနေ့ အက်ဆာမှာ ပြုလုပ်တဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ကစားသမား ၆ ဦး အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ကြတယ်လို့ လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှုရေးရာ ပြဿနာတွေနဲ့ မိသားစုရေးရာ ကိစ္စတွေကြောင့် ရှက်ဖီးနဲ့ပွဲမှာ မပါနိုင်ခဲ့တဲ့ ဂျိုတာ၊ ဖာဘင်ညို၊ ဘမ်ဒေးဗစ်၊ အယ်လီဆန်တို့ဟာ မီလ်နာ၊ ကိတ်တာတို့နဲ့အတူ အသင်းရဲ့ လေ့ကျင့်ရေးကို ပူးပေါင်း ပါဝင်ခဲ့ကြတာဖြစ်တယ်။ ခံစစ်မှူးသစ် ဘမ်ဒေးဗစ်ဟာ အသင်းကို ရောက်လာပြီး မကြာခင်မှာပဲ ကြံ့ခိုင်မှုပိုင်း ပြဿနာတွေရှိလို့ အနားယူနေရတာပါ။

ရှက်ဖီးနဲ့ပွဲမှာ မန်နေဂျာကလော့ပ်က ခါဘတ်၊ နက်ဖီးလစ် ခံစစ်အတွဲကို ထုတ်သုံးခဲ့တယ်ဆိုပေမယ့် ချယ်ဆီးပွဲအတွက်တော့ ခါဘတ်၊ နက်ဖီးလစ်၊ ဝီလီယမ်၊ ဘမ်ဒေးဗစ်နဲ့ ဖာဘင်ညိုတို့ကို ရွေးချယ်ခွင့်ရမှာဖြစ်တယ်။ ခါဘတ်၊ ဖာဘင်ညို အတွဲက အကောင်းဆုံးဖြစ်မယ် ယူဆရပေမယ့် ဘယ်အတွဲ ထုတ်သုံးမယ် မသေချာသေးပါဘူး။

အကယ်လို့ ချယ်ဆီးနဲ့ပွဲမှာ ဖာဘင်ညိုကို သူ့ရဲ့ နေရာဖြစ်တဲ့ ကွင်းလယ်ခံစစ်မှာ ထုတ်သုံးမယ်ဆိုရင် ဘရာဇီးသားဟာ အောက်တိုဘာလတုန်းက အဲဗာတန်ကို သရေကျပြီးနောက်ပိုင်း သူ့ရဲ့ နေရာကနေ ပထမဆုံးအကြိမ် ပြန်လည် ပွဲထွက်မှု ဖြစ်လာပါမယ်။ ဖာဘင်ညိုဟာ အဆိုပါနေရာမှာ မကစားခဲ့ရတာ ၁၃၈ ရက်ထိ ရှိခဲ့ပြီဖြစ်ပါတယ်။

ဂျိုတာကတော့ ရှက်ဖီးပွဲ မတိုင်ခင်တည်းက ပုံမှန်လေ့ကျင့်ရေး ပြန်ဆင်းနေတာဖြစ်ပြီး ကိတ်တာ၊ မီလ်နာတို့ကလည်း ပုံမှန်အတိုင်း ပြန်ဆင်းနေခဲ့ပြီးပါပြီ။ ရှက်ဖီးနဲ့ပွဲအတွက်တော့ အယ်လီဆန်၊ ဂျိုတာ၊ ဖာဘင်ညိုတို့ ပြန်ပါလာနိုင်ခြင်းကပဲ ပွဲနေ့လူစာရင်းအတွက် အကျိုးများဖို့ ရှိနေပါတယ်။

ZAWGYI

ခ်ယ္ဆီးပြဲၾကိဳ ေလ့က်င့္ေရး အစီအစဥ္အျဖစ္ ဒီကေန႔ အက္ဆာမွာ ျပဳလုပ္တဲ့ အသင္းလိုက္ ေလ့က်င့္ေရးမွာ ကစားသမား ၆ ဦး အသင္းနဲ႔ ျပန္လည္ ပူးေပါင္းႏုိင္ခဲ့ၾကတယ္လို႔ လီဗာပူးသတင္းေထာက္ေတြရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

ဒဏ္ရာျပႆနာေတြ၊ ၾကံ႕ခိုင္မႈေရးရာ ျပႆနာေတြနဲ႔ မိသားစုေရးရာ ကိစၥေတြေၾကာင့္ ရွက္ဖီးနဲ႔ပြဲမွာ မပါႏုိင္ခဲ့တဲ့ ဂ်ိဳတာ၊ ဖာဘင္ညိဳ၊ ဘမ္ေဒးဗစ္၊ အယ္လီဆန္တို႔ဟာ မီလ္နာ၊ ကိတ္တာတို႔နဲ႔အတူ အသင္းရဲ႕ ေလ့က်င့္ေရးကို ပူးေပါင္း ပါဝင္ခဲ့ၾကတာျဖစ္တယ္။ ခံစစ္မွဴးသစ္ ဘမ္ေဒးဗစ္ဟာ အသင္းကို ေရာက္လာျပီး မၾကာခင္မွာပဲ ၾကံ႕ခိုင္မႈပိုင္း ျပႆနာေတြရွိလို႔ အနားယူေနရတာပါ။

ရွက္ဖီးနဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ခါဘတ္၊ နက္ဖီးလစ္ ခံစစ္အတြဲကို ထုတ္သံုးခဲ့တယ္ဆိုေပမယ့္ ခ်ယ္ဆီးပြဲအတြက္ေတာ့ ခါဘတ္၊ နက္ဖီးလစ္၊ ဝီလီယမ္၊ ဘမ္ေဒးဗစ္နဲ႔ ဖာဘင္ညိဳတို႔ကို ေရြးခ်ယ္ခြင့္ရမွာျဖစ္တယ္။ ခါဘတ္၊ ဖာဘင္ညိဳ အတြဲက အေကာင္းဆံုးျဖစ္မယ္ ယူဆရေပမယ့္ ဘယ္အတြဲ ထုတ္သံုးမယ္ မေသခ်ာေသးပါဘူး။

အကယ္လို႔ ခ်ယ္ဆီးနဲ႔ပြဲမွာ ဖာဘင္ညိဳကို သူ႔ရဲ႕ ေနရာျဖစ္တဲ့ ကြင္းလယ္ခံစစ္မွာ ထုတ္သံုးမယ္ဆိုရင္ ဘရာဇီးသားဟာ ေအာက္တိုဘာလတုန္းက အဲဗာတန္ကို သေရက်ျပီးေနာက္ပိုင္း သူ႔ရဲ႕ ေနရာကေန ပထမဆံုးအၾကိမ္ ျပန္လည္ ပြဲထြက္မႈ ျဖစ္လာပါမယ္။ ဖာဘင္ညိဳဟာ အဆိုပါေနရာမွာ မကစားခဲ့ရတာ ၁၃၈ ရက္ထိ ရွိခဲ့ျပီျဖစ္ပါတယ္။

ဂ်ိဳတာကေတာ့ ရွက္ဖီးပြဲ မတိုင္ခင္တည္းက ပံုမွန္ေလ့က်င့္ေရး ျပန္ဆင္းေနတာျဖစ္ျပီး ကိတ္တာ၊ မီလ္နာတို႔ကလည္း ပံုမွန္အတိုင္း ျပန္ဆင္းေနခဲ့ျပီးပါျပီ။ ရွက္ဖီးနဲ႔ပြဲအတြက္ေတာ့ အယ္လီဆန္၊ ဂ်ိဳတာ၊ ဖာဘင္ညိဳတို႔ ျပန္ပါလာႏုိင္ျခင္းကပဲ ပြဲေန႔လူစာရင္းအတြက္ အက်ိဳးမ်ားဖို႔ ရွိေနပါတယ္။