လီဗာပူးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဲဗာတန်က ပွဲကျန်တစ်ပွဲကို သရေ (သို့) အနိုင်ရမယ်ဆိုရင် အဆင့် ၇ နေရာထိ ဆင်းပေးရနိုင်ချေ ရှိနေပါတယ်။

ဒါပေမယ့်လို့ ရှက်ဖီးကို ၂-၀ ဖြင့် အနိုင်ရလိုက်တာကြောင့် လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်းက ပြန်တက်လာဖို့ ရှိနေပြီး မေလ အကုန်မှာ အမှတ်ပေးဇယား အဆင့် (၄) အတွင်း ဝင်ရောက်ဖို့ ပြန်လည် လုပ်ဆောင်နိုင်မယ် မျှော်လင့်ခံနေရတယ်။

ယူနိုက်တက်၊ လက်စတာ၊ ဝက်ဟမ်း၊ ချယ်ဆီး၊ အဲဗာတန်၊ စပါး၊ အက်စတွန်ဗီလာနဲ့ အာဆင်နယ်တို့ဟာ လီဗာပူးနည်းတူ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်နေကြတာဖြစ်တယ်။ မန်စီးတီးက ဒီရာသီ ချန်ပီယံဖြစ်ဖို့ နီးကပ်လာခြင်းကြောင့် ကလပ် ၉ သင်းဟာ လက်ကျန် ဝင်ခွင့် ၃ နေရာအတွက် ယှဉ်ပြိုင်ရပါလိမ့်မယ်။

နာမည်ကျော် အချက်အလက်ရေးရာ ဝဘ်ဆိုဒ် Opta က AI ပရိုဂရမ်တွေရဲ့ အကူအညီဖြင့် တွက်ချက်ရာမှာ လီဗာပူးဟာ ရာသီကုန်မှာ အဆင့် (၃) နေရာက ရပ်တည်သွားဖို့ ရာနှုန်း အများဆုံးဖြစ်တယ်လို့ ဆိုတယ်။ လီဗာပူးအသင်းရဲ့ အဆင့် (၄) အတွင်း ဝင်နိုင်ချေက ၆၈.၇ ထိ ရှိနေဆဲဖြစ်တယ်။

အဆင့် (၂) နေရာက ရပ်တည်နိုင်ချေ ၁၉.၂%၊ အဆင့် (၃) နေရာက ရပ်တည်နိုင်ချေ ၂၈%၊ အဆင့် (၄) နေရာက ရပ်တည်နိုင်ချေ ၂၁.၅% တို့ဖြစ်ပါတယ်။

လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ပြင်ပကို ရောက်သွားနိုင်ချေကလည်း ရာနှုန်း အများအပြား ရှိနေဆဲလို့ သိရပြီး Opta ကတော့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူး၊ လက်စတာတို့ဟာ အစဉ်လိုက် ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမယ်လို့ တွက်ချက်ထားတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနျပီး အဲဗာတန္က ပြဲက်န္တစ္ပြဲကို သေရ (သို႔) အႏုိင္ရမယ္ဆိုရင္ အဆင့္ ၇ ေနရာထိ ဆင္းေပးရႏုိင္ေခ် ရွိေနပါတယ္။

ဒါေပမယ့္လို႔ ရွက္ဖီးကို ၂-၀ ျဖင့္ အႏုိင္ရလိုက္တာေၾကာင့္ လီဗာပူးရဲ႕ စိတ္ဓါတ္ပိုင္းက ျပန္တက္လာဖို႔ ရွိေနျပီး ေမလ အကုန္မွာ အမွတ္ေပးဇယား အဆင့္ (၄) အတြင္း ဝင္ေရာက္ဖို႔ ျပန္လည္ လုပ္ေဆာင္ႏုိင္မယ္ ေမွ်ာ္လင့္ခံေနရတယ္။

ယူႏုိက္တက္၊ လက္စတာ၊ ဝက္ဟမ္း၊ ခ်ယ္ဆီး၊ အဲဗာတန္၊ စပါး၊ အက္စတြန္ဗီလာနဲ႔ အာဆင္နယ္တို႔ဟာ လီဗာပူးနည္းတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ ယွဥ္ျပိဳင္ေနၾကတာျဖစ္တယ္။ မန္စီးတီးက ဒီရာသီ ခ်န္ပီယံျဖစ္ဖို႔ နီးကပ္လာျခင္းေၾကာင့္ ကလပ္ ၉ သင္းဟာ လက္က်န္ ဝင္ခြင့္ ၃ ေနရာအတြက္ ယွဥ္ျပိဳင္ရပါလိမ့္မယ္။

နာမည္ေက်ာ္ အခ်က္အလက္ေရးရာ ဝဘ္ဆိုဒ္ Opta က AI ပရိုဂရမ္ေတြရဲ႕ အကူအညီျဖင့္ တြက္ခ်က္ရာမွာ လီဗာပူးဟာ ရာသီကုန္မွာ အဆင့္ (၃) ေနရာက ရပ္တည္သြားဖို႔ ရာႏႈန္း အမ်ားဆံုးျဖစ္တယ္လို႔ ဆိုတယ္။ လီဗာပူးအသင္းရဲ႕ အဆင့္ (၄) အတြင္း ဝင္ႏုိင္ေခ်က ၆၈.၇ ထိ ရွိေနဆဲျဖစ္တယ္။

အဆင့္ (၂) ေနရာက ရပ္တည္ႏိုင္ေခ် ၁၉.၂%၊ အဆင့္ (၃) ေနရာက ရပ္တည္ႏိုင္ေခ် ၂၈%၊ အဆင့္ (၄) ေနရာက ရပ္တည္ႏိုင္ေခ် ၂၁.၅% တို႔ျဖစ္ပါတယ္။

လီဗာပူးအသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပင္ပကို ေရာက္သြားႏုိင္ေခ်ကလည္း ရာႏႈန္း အမ်ားအျပား ရွိေနဆဲလို႔ သိရျပီး Opta ကေတာ့ မန္စီးတီး၊ ယူႏုိက္တက္၊ လီဗာပူး၊ လက္စတာတို႔ဟာ အစဥ္လိုက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရသြားမယ္လို႔ တြက္ခ်က္ထားတာျဖစ္ပါတယ္။