မန်ယူအသင်းဟာ ဆွမ်ဆီးအသင်းမှ တောင်ပံသမားလေး ဒန်နီရယ်ဂျိမ်းစ်ကို နွေအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ရာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ဆိုးရှားလက်ထက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ခံစစ်လူမှူး ရိုဂျိုက တစ်နေ့မှာ သူ့ရဲ့ မွေးရပ်မြေ အာဂျင်တီးနားကလပ် Estudiantes အသင်းထံ ပြန်သွား ကစားလိုကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

မန်ယူနိုက်တက်ဟာ ပေါ့ဘာရဲ့ အနာဂတ် ကိစ္စများ ရှင်းလင်းပြီးပြတ်မှသာ လိုင်ယွန်ကွင်းလယ်ကစားသမား အမ် ဒွမ်ဘီလီကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ လိုင်ယွန်ကတော့ ၄င်းတို့ ကစားသမားအတွက် ပေါင် ၈၈ သန်း ထိ အလိုရှိနေပါတယ်။

မန်ချက်စတာ အခြေစိုက်သတင်းများအရ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာမယ့် တိုက်စစ်သမား ဂါရတ်ဘေးလ်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရပါတယ်။

ဘင်ဖီကာအသင်းဟာ ၄င်းတို့ လူငယ်တောင်ပံတိုက်စစ်မှူး ဂျိုအာဖိလစ် အတွက် ကနဦးတန်ကြေး ပေါင် သန်း ၁၅၀ လို့ သတ်မှတ် လိုက်ပါတယ်။ ၄င်းကို ဥရောပ ထိပ်သီးကလပ်အသင်း အများအပြား မျက်စိကျနေပြီး ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကလည်း အလိုရှိနေသူပါ။

မန်ယူက ကူလီဘိုင်လေအတွက် ယူရို သန်း ၁၁၀ ( ပေါင် ၉၆.၅၅ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် နာပိုလီက ပယ်ချထားခဲ့ကြောင်း အီတလီ အားကစားသတင်းဌာ La Gazzetta dello Sport မှ သတင်းထောက် Per Nicolo Schira က ဖော်ထုတ်လိုက်ပါတယ်။

မန်ယူ၊ ချယ်ဆီးနဲ့ ရီးရဲလ်နည်းပြဟောင်း မော်ရင်ညိုကို စကော့တလန်ကလပ် ဆဲလ်တစ်က ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ၄င်းဟာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတည်းက စလို့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရေဒါထဲမှာ စတုတ် လူငယ်ခံစစ်မှူး နေသန်ကောလင်း ပါဝင်လာပါတယ်။ အသက် ၁၈ နှစ်အရွယ် ခံစစ်မှူးကို ယူနိုက်တက် ကစားသမားဟောင်း ဖလက်ချာက ထောက်ခံချက် ပေးထားပါတယ်။

မန်ယူနည်းပြ ဆိုးရှားကို အသင်း အမေ့ခံတိုက်စစ်မှူး ဖြစ်တဲ့ ဂျိမ်းစ် ၀ီလ်ဆန်ကို အိုးထရက်ဖို့ဒ်ထံ ပြန်ခေါ်ဖို့ မန်ယူနဲ့ ဝေးစ် လက်ရွေးစင် ကစားသမားဟောင်းကြီး ကလေတန် ဘလက်မိုးက တိုက်တွန်းမှု ပြုလုပ်သွားပါတယ်။