မန်နေဂျာကလော့ပ်က ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖာဘင်ညိုကို ကွင်းလယ်ခံစစ်မှာ နေရာပြန်ပေးတာလည်း ဖြစ်သွားနိုင်တယ်လို့ ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။

ခံစစ်မှာ ခါဘတ်ကို ခေါ်ယူထားခဲ့ပြီဖြစ်ကာ လက်တလောမှာတော့ ဖီးလစ်နဲ့ တွဲပေးနေတာဖြစ်တယ်။ ဖာဘင်ညိုက ခံစစ်နေရာအတွက် ရွေးချယ်စရာ ဖြစ်ပေမယ့်လည်း ဗဟိုခံစစ်မှူး စစ်စစ် နှစ်ဦးကိုပဲ ဆက်လက် တာဝန်ပေးတာကလည်း ကလော့ပ်အတွက် ရွေးချယ်စရာ ဖြစ်လာပါတယ်။

အနီရောင် ကျောနံပါတ် ၃ ကို သူ့ရဲ့ ပင်ကိုယ်နေရာမှာ ပြန်ကစားခိုင်းနိုင်ကြောင်း သတင်းတွေကို ကလော့ပ်က ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။

ကလော့ပ်က “ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ ဒါ အမှန်ပါပဲ နှစ်နေရာလုံးက ဖြစ်နိုင်ပါတယ်။ သတင်းကောင်းပါ။ ခြားနားတဲ့ အခြေအနေတွေအတွက် ရွေးချယ်စရာတွေ ပေးလာပြီဖြစ်ပါတယ်။ ဖာဘင်ညိုကို ကွင်းလယ်မှာ ပြန်လည် နေရာပေးနိုင်ဖို့ နည်းလမ်းရှိမလားဆိုတာကို ကျနေ်ာတို့ ရှာဖွေနိုင်မယ်ဆိုရင် အဲ့တာက ပွဲအချို့မှာ အကူအညီ ဖြစ်ပါလိမ့်မယ်။

ဒီရာသီမှာ အတည်ငြိမ်ဆုံး ကစားသမားက ဝိုက်နယ်ဒမ် ဖြစ်ပါလိမ့်မယ်။ ဆက်ပြီးလည်း အဲ့လိုပဲ ဖြစ်နေမှာပါ။ သူက နံပါတ် ၆ နေရာကော အခြားသော ကွင်းလယ်နေရာတွေမှာပါ ကစားနိုင်ပါတယ်။ ဒါပေမယ့် ကွင်းလယ် နံပါတ် ၆ မှာ ဖာဘင်ညို ကစားတာက အကူအညီ ဖြစ်ပါတယ်။

ကျနေ်ာတို့ ကြည့်ရမှာပါ သူ့ကို ဗဟိုခံစစ်မှူးနေရာ သုံးဖို့ဖြစ်ဖြစ် ကွင်းလယ်ခံစစ်နေရာ သုံးဖို့ဖြစ်ဖြစ် နှစ်နေရာလုံးက ရွေးချယ်ဖို့ ကစားသမားတွေနဲ့ ခက်ခဲတဲ့ နေရာတွေပါ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ခံစစ်က ခါဘတ်၊ ဖီလစ် အတွဲကို ထုတ်သုံးမယ်ဆိုရင်တော့ ကွင်းလယ်မှာ ဖာဘင်ညို၊ ဝိုက်နယ်ဒမ်နဲ့ သီယာဂိုတို့ကို သုံးလို့လည်း ရနိုင်မှာဖြစ်တယ်။ အကယ်လို့ ဖာဘင်ညိုကို ခံစစ်မှာ သုံးရင်တော့ ဂျုံးနဲ့ ကိတ်တာတို့ထဲက တစ်ဦးဟာ ကွင်းလယ်တိုက်စစ်နေရာက ကစားရဖွယ် ရှိနေပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ဒဏ္ရာက ျပန္သက္သာလာတဲ့ ဖာဘင္ညိဳကို ကြင္းလယ္ခံစစ္မွာ ေနရာျပန္ေပးတာလည္း ျဖစ္သြားႏုိင္တယ္လို႔ ပြဲၾကိဳမွာ ထုတ္ေျပာလာပါတယ္။

ခံစစ္မွာ ခါဘတ္ကို ေခၚယူထားခဲ့ျပီျဖစ္ကာ လက္တေလာမွာေတာ့ ဖီးလစ္နဲ႔ တြဲေပးေနတာျဖစ္တယ္။ ဖာဘင္ညိဳက ခံစစ္ေနရာအတြက္ ေရြးခ်ယ္စရာ ျဖစ္ေပမယ့္လည္း ဗဟိုခံစစ္မွဴး စစ္စစ္ ႏွစ္ဦးကိုပဲ ဆက္လက္ တာဝန္ေပးတာကလည္း ကေလာ့ပ္အတြက္ ေရြးခ်ယ္စရာ ျဖစ္လာပါတယ္။

အနီေရာင္ ေက်ာနံပါတ္ ၃ ကို သူ႔ရဲ႕ ပင္ကုိယ္ေနရာမွာ ျပန္ကစားခိုင္းႏုိင္ေၾကာင္း သတင္းေတြကို ကေလာ့ပ္က ျငင္းဆန္ခဲ့ျခင္း မရွိပါဘူး။

ကေလာ့ပ္က “ ႏွစ္မ်ိဳးလံုး ျဖစ္ႏုိင္ပါတယ္။ ဒါ အမွန္ပါပဲ ႏွစ္ေနရာလံုးက ျဖစ္ႏုိင္ပါတယ္။ သတင္းေကာင္းပါ။ ျခားနားတဲ့ အေျခအေနေတြအတြက္ ေရြးခ်ယ္စရာေတြ ေပးလာျပီျဖစ္ပါတယ္။ ဖာဘင္ညိဳကို ကြင္းလယ္မွာ ျပန္လည္ ေနရာေပးႏုိင္ဖို႔ နည္းလမ္းရွိမလားဆိုတာကို က်ေန္ာတို႔ ရွာေဖြႏုိင္မယ္ဆိုရင္ အဲ့တာက ပြဲအခ်ိဳ႔မွာ အကူအညီ ျဖစ္ပါလိမ့္မယ္။

ဒီရာသီမွာ အတည္ျငိမ္ဆံုး ကစားသမားက ဝိုက္နယ္ဒမ္ ျဖစ္ပါလိမ့္မယ္။ ဆက္ျပီးလည္း အဲ့လိုပဲ ျဖစ္ေနမွာပါ။ သူက နံပါတ္ ၆ ေနရာေကာ အျခားေသာ ကြင္းလယ္ေနရာေတြမွာပါ ကစားႏုိင္ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ နံပါတ္ ၆ မွာ ဖာဘင္ညိဳ ကစားတာက အကူအညီ ျဖစ္ပါတယ္။

က်ေန္ာတို႔ ၾကည့္ရမွာပါ သူ႔ကို ဗဟိုခံစစ္မွဴးေနရာ သံုးဖို႔ျဖစ္ျဖစ္ ကြင္းလယ္ခံစစ္ေနရာ သံုးဖို႔ျဖစ္ျဖစ္ ႏွစ္ေနရာလံုးက ေရြးခ်ယ္ဖို႔ ကစားသမားေတြနဲ႔ ခက္ခဲတဲ့ ေနရာေတြပါ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ ခံစစ္က ခါဘတ္၊ ဖီလစ္ အတြဲကို ထုတ္သံုးမယ္ဆိုရင္ေတာ့ ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ဝိုက္နယ္ဒမ္နဲ႔ သီယာဂိုတို႔ကို သံုးလုိ႔လည္း ရႏိုင္မွာျဖစ္တယ္။ အကယ္လို႔ ဖာဘင္ညိဳကို ခံစစ္မွာ သံုးရင္ေတာ့ ဂ်ံဳးနဲ႔ ကိတ္တာတို႔ထဲက တစ္ဦးဟာ ကြင္းလယ္တိုက္စစ္ေနရာက ကစားရဖြယ္ ရွိေနပါတယ္။