မတ်လ နောက်ဆုံးအပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာဖလားနဲ့ အာဖရိကဖလား ခြေစစ်ပွဲတွေအတွက်နဲ့ ချစ်ကြည်ရေးပွဲတွေမှာ လီဗာပူးကစားသမားတွေကို လွှတ်ပေးမှာ မဟုတ်ကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောသွားပါတယ်။

လက်ရွေးစင်တွေ အများကြီးက ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗြိတိန်အစိုးရက ပြင်ပထွက်ခွာခြင်းတွေကို အနီရောင်အဆင့် သက်မှတ်ထားတာတွေ ရှိနေတာပါ။ ဒါကြောင့် တိုင်းပြည် အချို့က ပြန်လာမယ့် ကစားသမားတွေက အင်္ဂလန်ပြည်တွင်း ပြန်ဝင်ရင် ကွာရန်တင်း ၁၀ ရက် ဝင်ရမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရက သက်မှတ်ထားတဲ့ အနီရောင့်အဆင့် နိုင်ငံတွေမှာ ပေါ်တူဂီ၊ ဘရာဇီး၊ နာမီဘီယာတို့လည်း ပါဝင်နေတယ်။ ဒါကြောင့် မတ်လ နိုင်ငံတကာသီတင်းပတ်မှာ အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နို၊ ဂျိုတာနဲ့ ကိတ်တာတို့ကို စေလွှတ်ပါက သူတို့ဟာ ကွာရန်တင်း ၁၀ ရက်ပါ ထပ်ဝင်ရမှာ ဖြစ်ပါတယ်။

ဖီဖာက ကလပ်တွေကို လက်ရွေးစင် ကစားသမား စေလွှတ်မှုတွေကို သေချာတဲ့ အကြောင်းပြချက်ဖြင့် ငြင်းဆန်ခွင့်တွေ ပေးထားတာကြောင့် ဒီအခွင့်အရေးကို သုံးပြီး လီဗာပူးဘက်က ငြင်းဆန်မှုတွေ လုပ်သွားနိုင်တာပါ။

ကလော့ပ်က “ ကလပ်တိုင်းက ကျနေ်ာတို့ရဲ့ ကောင်လေးတွေကို ဒီအခြေအနေမှာ စေလွှတ်တာတွေ မလုပ်ဖို့ကို သဘောတူကြမယ်လို့ ထင်ပါတယ်။ ကျနော်တို့ရဲ့ ကစားသမားတွေ ပြန်လာတဲ့အခါ ဟိုတယ်မှာ ကွာရန်တင်း ၁၀ ရက် ဝင်ရမှာ ဖြစ်ပါတယ်။

အဲ့တာက မဖြစ်နိုင်လောက်အောင်ပါပဲ။ ဘောလုံးအဖွဲ့ချုပ်တွေက မတူကြဘူးဆိုတာ သိပေမယ့်လည်း ဒီအခြေအနေမှာတော့ လူတိုင်းက မပျော်နိုင်ပါဘူး။ ကစားသမားတွေအတွက် ကလပ်တွေက ငွေပေးနေတာဖြစ်ပါတယ်။ ဆိုလိုတာက သူတို့အတွက် ဦးစားပေးက ကလပ်တွေ ဖြစ်ရပါလိမ့်မယ်။

နွေမှာ ခြားနားတဲ့ ပြိုင်ပွဲတွေ လာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ ကျနေ်ာတို့ရဲ့ ဘဝတွေအတွက် လူတိုင်း ပျော်အောင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ” လို့ ထုတ်ပြောသွားခဲ့ပါတယ်။

ZAWGYI

မတ္လ ေနာက္ဆံုးအပတ္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ကမၻာဖလားနဲ႔ အာဖရိကဖလား ေျခစစ္ပြဲေတြအတြက္နဲ႔ ခ်စ္ၾကည္ေရးပြဲေတြမွာ လီဗာပူးကစားသမားေတြကို လႊတ္ေပးမွာ မဟုတ္ေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာသြားပါတယ္။

လက္ေရြးစင္ေတြ အမ်ားၾကီးက ပြဲစဥ္ ၃ ပြဲ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ျဗိတိန္အစိုးရက ျပင္ပထြက္ခြာျခင္းေတြကို အနီေရာင္အဆင့္ သက္မွတ္ထားတာေတြ ရွိေနတာပါ။ ဒါေၾကာင့္ တိုင္းျပည္ အခ်ိဳ႔က ျပန္လာမယ့္ ကစားသမားေတြက အဂၤလန္ျပည္တြင္း ျပန္ဝင္ရင္ ကြာရန္တင္း ၁၀ ရက္ ဝင္ရမွာ ျဖစ္ပါတယ္။

ျဗိတိန္အစိုးရက သက္မွတ္ထားတဲ့ အနီေရာင့္အဆင့္ ႏုိင္ငံေတြမွာ ေပၚတူဂီ၊ ဘရာဇီး၊ နာမီဘီယာတို႔လည္း ပါဝင္ေနတယ္။ ဒါေၾကာင့္ မတ္လ ႏုိင္ငံတကာသီတင္းပတ္မွာ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ဖာမင္ႏို၊ ဂ်ိဳတာနဲ႔ ကိတ္တာတို႔ကို ေစလႊတ္ပါက သူတို႔ဟာ ကြာရန္တင္း ၁၀ ရက္ပါ ထပ္ဝင္ရမွာ ျဖစ္ပါတယ္။

ဖီဖာက ကလပ္ေတြကို လက္ေရြးစင္ ကစားသမား ေစလႊတ္မႈေတြကို ေသခ်ာတဲ့ အေၾကာင္းျပခ်က္ျဖင့္ ျငင္းဆန္ခြင့္ေတြ ေပးထားတာေၾကာင့္ ဒီအခြင့္အေရးကို သံုးျပီး လီဗာပူးဘက္က ျငင္းဆန္မႈေတြ လုပ္သြားႏုိင္တာပါ။

ကေလာ့ပ္က “ ကလပ္တိုင္းက က်ေန္ာတို႔ရဲ႕ ေကာင္ေလးေတြကို ဒီအေျခအေနမွာ ေစလႊတ္တာေတြ မလုပ္ဖို႔ကို သေဘာတူၾကမယ္လို႔ ထင္ပါတယ္။ က်ေနာ္တို႔ရဲ႕ ကစားသမားေတြ ျပန္လာတဲ့အခါ ဟိုတယ္မွာ ကြာရန္တင္း ၁၀ ရက္ ဝင္ရမွာ ျဖစ္ပါတယ္။

အဲ့တာက မျဖစ္ႏုိင္ေလာက္ေအာင္ပါပဲ။ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြက မတူၾကဘူးဆိုတာ သိေပမယ့္လည္း ဒီအေျခအေနမွာေတာ့ လူတိုင္းက မေပ်ာ္ႏုိင္ပါဘူး။ ကစားသမားေတြအတြက္ ကလပ္ေတြက ေငြေပးေနတာျဖစ္ပါတယ္။ ဆိုလိုတာက သူတို႔အတြက္ ဦးစားေပးက ကလပ္ေတြ ျဖစ္ရပါလိမ့္မယ္။

ေႏြမွာ ျခားနားတဲ့ ျပိဳင္ပြဲေတြ လာဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ က်ေန္ာတို႔ရဲ႕ ဘဝေတြအတြက္ လူတိုင္း ေပ်ာ္ေအာင္ေတာ့ လုပ္ေပးႏုိင္မွာ မဟုတ္ပါဘူး ” လို႔ ထုတ္ေျပာသြားခဲ့ပါတယ္။