လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ကလပ်ကို ရောက်လာတဲ့ ခံစစ်မှူး ခါဘတ်ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ ထုတ်ပြောလာပါတယ်။
ဒီကနေ့မှာပဲ မန်နေဂျာကလော့ပ်က ပွဲကြို အင်တာဗျူးကို ထပ်လုပ်ပေးခဲ့ပြီး အသင်းရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ပက်သက်လို့ အဖြေပေးခဲ့တာပါ။ ချယ်ဆီးကို ၁-၀ ဖြင့် အရေးနိမ့်ရာမှာ ခံစစ်သမားဟာ အသေးစား ဒဏ်ရာရခဲ့တယ်လို့ ယူဆရတာပဲ ဖြစ်ပါတယ်။
ကလော့ပ်က “ ချယ်ဆီးနဲ့ ပွဲအပြီးမှာတော့ ခါဘတ်က ပြဿနာ အနည်းငယ် ရှိနေခဲ့ပါတယ်။ သူက ပွဲ အတော်များများကိုလည်း ပါဝင်ကစားထားခဲ့ပြီးဖြစ်တယ်။ ဖူလ်ဟမ်နဲ့ပွဲအတွက် သူအဆင်သင့်ဖြစ်နေမလားဆိုတာကို ကျနော်တို့ ကြည့်ရမှာပါ။
ဒီအခြေအနေမှာတော့ သူပါဝင်ကစားနိုင်ဖွယ် မရှိသေးပါဘူး။ အခြားသော ဖြေရှင်းစရာ နည်းလမ်းကို ကျနေ်ာတို့ ရှာဖွေကြည့်ရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
လာမယ့် အပတ် ကြားရက်မှာ လီဗာပူးအသင်းဟာ ချန်ပီယံလိ၈် ၁၆ သင်း ရံှူးထွက် ဒုတိယအကျော့အဖြစ် လိုက်ဇစ်ကို ဟန်ဂေရီမှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ခါဘတ်ကို အရဲစွန့်ပြီး မထုတ်လိုတာက အဆိုပါပွဲကြောင့် ဖြစ်မယ်လို့လည်း ယူဆရတယ်။
ခံစစ်အတွက် ခါဘတ် မကစားနိုင်ရင် ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖာဘင်ညို၊ ဘမ်ဒေးဗစ်တို့နဲ့ နက်ဖီးလစ်တို့ ရှိနေမှာဖြစ်တယ်။ ချယ်ဆီးနဲ့ပွဲ အရန်လူစာရင်းမှာတော့ ပွဲကစားရမှုနဲ့ ကင်းကွာနေတဲ့ ဝီလီယမ်ကိုလည်း မြင်တွေ့ထားရတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဇန္နဝါရီ အေျပာင္းအေရႊ႔ကမွ ကလပ္ကို ေရာက္လာတဲ့ ခံစစ္မွဴး ခါဘတ္ဟာ လာမယ့္ ပရီးမီးယားလိဂ္ပြဲျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ပါဝင္ႏုိင္ဖြယ္ မရွိဘူးလို႔ ထုတ္ေျပာလာပါတယ္။
ဒီကေန႔မွာပဲ မန္ေနဂ်ာကေလာ့ပ္က ပြဲၾကိဳ အင္တာဗ်ဴးကို ထပ္လုပ္ေပးခဲ့ျပီး အသင္းရဲ႕ ၾကံ႕ခိုင္မႈပိုင္းနဲ႔ ပက္သက္လို႔ အေျဖေပးခဲ့တာပါ။ ခ်ယ္ဆီးကို ၁-၀ ျဖင့္ အေရးနိမ့္ရာမွာ ခံစစ္သမားဟာ အေသးစား ဒဏ္ရာရခဲ့တယ္လို႔ ယူဆရတာပဲ ျဖစ္ပါတယ္။
ကေလာ့ပ္က “ ခ်ယ္ဆီးနဲ႔ ပြဲအျပီးမွာေတာ့ ခါဘတ္က ျပႆနာ အနည္းငယ္ ရွိေနခဲ့ပါတယ္။ သူက ပြဲ အေတာ္မ်ားမ်ားကိုလည္း ပါဝင္ကစားထားခဲ့ျပီးျဖစ္တယ္။ ဖူလ္ဟမ္နဲ႔ပြဲအတြက္ သူအဆင္သင့္ျဖစ္ေနမလားဆိုတာကို က်ေနာ္တုိ႔ ၾကည့္ရမွာပါ။
ဒီအေျခအေနမွာေတာ့ သူပါဝင္ကစားႏုိင္ဖြယ္ မရွိေသးပါဘူး။ အျခားေသာ ေျဖရွင္းစရာ နည္းလမ္းကို က်ေန္ာတို႔ ရွာေဖြၾကည့္ရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
လာမယ့္ အပတ္ ၾကားရက္မွာ လီဗာပူးအသင္းဟာ ခ်န္ပီယံလိ၈္ ၁၆ သင္း ရံွဴးထြက္ ဒုတိယအေက်ာ့အျဖစ္ လိုက္ဇစ္ကို ဟန္ေဂရီမွာ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဖူလ္ဟမ္နဲ႔ပြဲမွာ ခါဘတ္ကို အရဲစြန္႔ျပီး မထုတ္လိုတာက အဆိုပါပြဲေၾကာင့္ ျဖစ္မယ္လို႔လည္း ယူဆရတယ္။
ခံစစ္အတြက္ ခါဘတ္ မကစားႏုိင္ရင္ ဒဏ္ရာက ျပန္သက္သာလာတဲ့ ဖာဘင္ညိဳ၊ ဘမ္ေဒးဗစ္တို႔နဲ႔ နက္ဖီးလစ္တို႔ ရွိေနမွာျဖစ္တယ္။ ခ်ယ္ဆီးနဲ႔ပြဲ အရန္လူစာရင္းမွာေတာ့ ပြဲကစားရမႈနဲ႔ ကင္းကြာေနတဲ့ ဝီလီယမ္ကိုလည္း ျမင္ေတြ႔ထားရတာ ျဖစ္ပါတယ္။