အိမ်ကွင်းပွဲတွေမှာ စံချိန်တင် ရလဒ်ဆိုးနေတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆုံးသတ်ဖို့က နီးကပ်လာပြီဖြစ်ကာ လီဗာပူးနဲ့ ထိပ်ဆုံး ၄ သင်းကြား ကွာဟချက်တွေကလည်း ကြီးမားလာခဲ့ပါပြီ။ ဒီလိုပွဲကို အနိုင်မရဘူးဆိုရင်တော့ လာမယ့်ရာသီ ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရချိန်မှာ အသင်းက ဥရောပ ညနက်ပိုင်းပွဲတွေ မကစားရတာမျိုးထိ ဖြစ်သွားနိုင်ပါတယ်။
အိုဝင်က ” ကြာသပတေးနေ့ညက ရလဒ်က လီဗာပူးအတွက် မေ့ထားရမယ့် ကိစ္စဖြစ်ခဲ့ပြီး ကျစ်ကျစ်လစ်လစ် ကစားသွားတဲ့ ချယ်ဆီးကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ပွဲက စိတ်ပျက်စရာ ကောင်းခဲ့သလို လီဗာပူးအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရလိုတယ်ဆိုရင် အတော်လေးကို အလုပ် ကြိုးစားလုပ်ရဖို့ လိုအပ်နေပါတယ်။
ဒီအပတ်တွေမှာ ဖူလ်ဟမ်ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကျနော် အတော်လေး အထင်ကြီးမိပါတယ်။ သူတို့က အမူအကျင့်ကောင်းတွေ ပြသထားနိုင်တယ်။ သူတို့က ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းလည်း ရှိပါတယ်။
လီဗာပူးက နိုင်ပွဲတွေ ပြန်ရဖို့ အတော်လေးကို ကြိုးစားကစားရမှာပါ။ ချယ်ဆီးနဲ့ပွဲမှာ ဆာလာက လူစားလဲခံခဲ့ရပြီး သူက ပြန်လည် တုန့်ပြန်ပြဖို့ ဆာလောင်နေပါလိမ့်မယ်။ ကျနော်အတွက်တော့ ဒီပွဲက အကျိတ်အနယ်ဖြစ်မယ့် ပွဲတစ်ပွဲဖြစ်တယ်။ ဒါပေမယ့် လီဗာပူးက အသာစီး ရသွားပါလိမ့်မယ် ” လို့ ပွဲအပေါ် သုံးသပ်ခဲ့တာဖြစ်တယ်။
လီဗာပူးနဲ့ ဖူလ်ဟမ်ပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းက ၁-၀ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။
ZAWGYI
အိမ္ကြင္းပြဲေတြမွာ စံခ်ိန္တင္ ရလဒ္ဆိုးေနတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၈ အျဖစ္ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ အဆံုးသတ္ဖို႔က နီးကပ္လာျပီျဖစ္ကာ လီဗာပူးနဲ႔ ထိပ္ဆံုး ၄ သင္းၾကား ကြာဟခ်က္ေတြကလည္း ၾကီးမားလာခဲ့ပါျပီ။ ဒီလိုပြဲကို အႏိုင္မရဘူးဆိုရင္ေတာ့ လာမယ့္ရာသီ ကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရခ်ိန္မွာ အသင္းက ဥေရာပ ညနက္ပိုင္းပြဲေတြ မကစားရတာမ်ိဳးထိ ျဖစ္သြားႏုိင္ပါတယ္။
အိုဝင္က ” ၾကာသပေတးေန႔ညက ရလဒ္က လီဗာပူးအတြက္ ေမ့ထားရမယ့္ ကိစၥျဖစ္ခဲ့ျပီး က်စ္က်စ္လစ္လစ္ ကစားသြားတဲ့ ခ်ယ္ဆီးကို ၁-၀ ျဖင့္ အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ပြဲက စိတ္ပ်က္စရာ ေကာင္းခဲ့သလို လီဗာပူးအေနနဲ႔လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရလိုတယ္ဆိုရင္ အေတာ္ေလးကို အလုပ္ ၾကိဳးစားလုပ္ရဖို႔ လိုအပ္ေနပါတယ္။
ဒီအပတ္ေတြမွာ ဖူလ္ဟမ္ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး က်ေနာ္ အေတာ္ေလး အထင္ၾကီးမိပါတယ္။ သူတို႔က အမူအက်င့္ေကာင္းေတြ ျပသထားႏုိင္တယ္။ သူတို႔က ရင္ဆိုင္ တိုက္ခိုက္ႏုိင္စြမ္းလည္း ရွိပါတယ္။
လီဗာပူးက ႏုိင္ပြဲေတြ ျပန္ရဖို႔ အေတာ္ေလးကို ၾကိဳးစားကစားရမွာပါ။ ခ်ယ္ဆီးနဲ႔ပြဲမွာ ဆာလာက လူစားလဲခံခဲ့ရျပီး သူက ျပန္လည္ တုန္႔ျပန္ျပဖို႔ ဆာေလာင္ေနပါလိမ့္မယ္။ က်ေနာ္အတြက္ေတာ့ ဒီပြဲက အကိ်တ္အနယ္ျဖစ္မယ့္ ပြဲတစ္ပြဲျဖစ္တယ္။ ဒါေပမယ့္ လီဗာပူးက အသာစီး ရသြားပါလိမ့္မယ္ ” လို႔ ပြဲအေပၚ သံုးသပ္ခဲ့တာျဖစ္တယ္။
လီဗာပူးနဲ႔ ဖူလ္ဟမ္ပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ၁-၀ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။