လီဗာပူးအသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ လွဲချော်ခဲ့ရင်ဆိုတဲ့ ကိစ္စအတွက် အသံတွေ စထွက်လာနေခဲ့ပြီဖြစ်ကာ ကလော့ပ်ပဲ အသင်းသားတွေရဲ့ အနေအထားအတွက် သူ့ဘက်က အကောင်းမြင်ထားတယ်လို့ ထုတ်ပြောခဲ့တယ်။

စပိန်သတင်းတွေဘက်က ဒီရက်ပိုင်း ဖော်ပြရာမှာ ” ဆာလာက ကလော့ပ်နဲ့ အဆင်မပြေမှုတွေဖြစ်လာခဲ့ရင် သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ ဘာဖြစ်လာမယ် ပြောရခက်လိမ့်မယ်။ ဘာစီလိုနာကတော့ ဆာလာကို ခေါ်ယူနိုင်ရေးဆိုတဲ့ အခွင့်အရေးကို စောင့်မျှော်နေမှာဖြစ်တယ် ” လို့ ဖြစ်တယ်။

ဒီသတင်း စတင်ထွက်ပေါ်လာတဲ့နောက် ဘာစီလိုနာ ပရိသတ်တွေဘက်က သူတို့ မျှော်လင့်တဲ့ အပြောင်းအရွှေ့ ကိစ္စမျိုးကို တုန့်ပြန်လာခဲ့တယ်။ အဲ့တာကတော့ ဘာကာမှာ အခြေမကျဖြစ်နေတဲ့ လီဗာပူးတိုက်စစ်သမားဟောင်း ကော်တင်ညိုနဲ့ ဆာလာတို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ကမ္ဘာတတိယမြောက် တန်ကြေးအကြီးဆုံးဖြစ်တဲ့ ကော်တင်ညိုကို ရောင်းထုတ်လိုနေတာဟာ ပြီးခဲ့တဲ့ နွေမှာ သိသာထင်ရှားခဲ့တယ်။ ဒါပေမယ့်လည်း ကစားသမားကို ခေါ်ယူလိုတဲ့ ကလပ်တွေ မရှိခဲ့ဘဲ အငှားဖြင့် ရနိုင်ဖို့ပဲ ကြိုးစားခဲ့တာဖြစ်တယ်။ လီဗာပူးပရိသတ်တွေဘက်ကလည်း အန်ဖီးကို ကော်တင်ညို ပြန်လာမှာမျိုးအား မျှော်လင့်နေဆဲပါ။

ဒလက်တွေ့မှာ ကော်တင်ညိုကို ပြန်ရဖို့ သူ့ထက် ၃ ရက်ပဲ ငယ်တဲ့ ဆာလာကို ထွက်ခွင့်ပေးရဖို့ဆိုတာက လီဗာပူးအတွက် ထိခိုက်မှု ပိုရှိမယ့် ကိစ္စပဲဖြစ်ပါတယ်။ ဆာလာက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်သမားတစ်ဦးအဖြစ် တောက်ပနေချိန်မှာ ကော်တင်ညိုကတော့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ပြဖို့ ရုန်းကန်နေခဲ့ရတယ်။

Transfermarkt က တွက်ချက်ထားတဲ့ ပြောင်းေွှ့ကြေးမှာ ဆာလာရဲ့ လက်တလော တန်ကြေးက ပေါင် ၉၈ တန်းရှိပြီး ကော်တင်ညိုရဲ့ တန်ကြေးက ပေါင် ၄၁ သန်းပဲ ရှိပါတယ်။ ဘာကာဘက်က ဖြစ်လိုနေတဲ့ တိုက်ရိုက် အပြောင်းအရွှေ့မှာ လက်ရှိ စွမ်းဆောင်ရည်အရကော ကာလတန်ကြေးအရပါ နစ်နာသူက လီဗာပူးဘက်က ဖြစ်လိမ့်မယ်ဆိုတာတော့ ရှင်းနေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ လြဲေခ်ာ္ခဲ့ရင္ဆိုတဲ့ ကိစၥအတြက္ အသံေတြ စထြက္လာေနခဲ့ျပီျဖစ္ကာ ကေလာ့ပ္ပဲ အသင္းသားေတြရဲ႕ အေနအထားအတြက္ သူ႔ဘက္က အေကာင္းျမင္ထားတယ္လို႔ ထုတ္ေျပာခဲ့တယ္။

စပိန္သတင္းေတြဘက္က ဒီရက္ပိုင္း ေဖာ္ျပရာမွာ ” ဆာလာက ကေလာ့ပ္နဲ႔ အဆင္မေျပမႈေတြျဖစ္လာခဲ့ရင္ သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္လို႔ ဘာျဖစ္လာမယ္ ေျပာရခက္လိမ့္မယ္။ ဘာစီလိုနာကေတာ့ ဆာလာကို ေခၚယူႏုိင္ေရးဆိုတဲ့ အခြင့္အေရးကို ေစာင့္ေမွ်ာ္ေနမွာျဖစ္တယ္ ” လို႔ ျဖစ္တယ္။

ဒီသတင္း စတင္ထြက္ေပၚလာတဲ့ေနာက္ ဘာစီလိုနာ ပရိသတ္ေတြဘက္က သူတို႔ ေမွ်ာ္လင့္တဲ့ အေျပာင္းအေရႊ႔ ကိစၥမ်ိဳးကို တုန္႔ျပန္လာခဲ့တယ္။ အဲ့တာကေတာ့ ဘာကာမွာ အေျခမက်ျဖစ္ေနတဲ့ လီဗာပူးတိုက္စစ္သမားေဟာင္း ေကာ္တင္ညိဳနဲ႔ ဆာလာတို႔ကို တိုက္ရိုက္ အလဲအထပ္ ျပဳလုပ္ဖို႔ပဲျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ကမၻာတတိယေျမာက္ တန္ေၾကးအၾကီးဆံုးျဖစ္တဲ့ ေကာ္တင္ညိဳကို ေရာင္းထုတ္လိုေနတာဟာ ျပီးခဲ့တဲ့ ေႏြမွာ သိသာထင္ရွားခဲ့တယ္။ ဒါေပမယ့္လည္း ကစားသမားကို ေခၚယူလိုတဲ့ ကလပ္ေတြ မရွိခဲ့ဘဲ အငွားျဖင့္ ရႏုိင္ဖို႔ပဲ ၾကိဳးစားခဲ့တာျဖစ္တယ္။ လီဗာပူးပရိသတ္ေတြဘက္ကလည္း အန္ဖီးကို ေကာ္တင္ညိဳ ျပန္လာမွာမ်ိဳးအား ေမွ်ာ္လင့္ေနဆဲပါ။

ဒလက္ေတြ႔မွာ ေကာ္တင္ညိဳကို ျပန္ရဖို႔ သူ႔ထက္ ၃ ရက္ပဲ ငယ္တဲ့ ဆာလာကို ထြက္ခြင့္ေပးရဖို႔ဆိုတာက လီဗာပူးအတြက္ ထိခိုက္မႈ ပိုရွိမယ့္ ကိစၥပဲျဖစ္ပါတယ္။ ဆာလာက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္သမားတစ္ဦးအျဖစ္ ေတာက္ပေနခ်ိန္မွာ ေကာ္တင္ညိဳကေတာ့ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ျပဖို႔ ရုန္းကန္ေနခဲ့ရတယ္။

Transfermarkt က တြက္ခ်က္ထားတဲ့ ေျပာင္းေႊ႔ေၾကးမွာ ဆာလာရဲ႕ လက္တေလာ တန္ေၾကးက ေပါင္ ၉၈ တန္းရွိျပီး ေကာ္တင္ညိဳရဲ႕ တန္ေၾကးက ေပါင္ ၄၁ သန္းပဲ ရွိပါတယ္။ ဘာကာဘက္က ျဖစ္လိုေနတဲ့ တိုက္ရိုက္ အေျပာင္းအေရႊ႔မွာ လက္ရွိ စြမ္းေဆာင္ရည္အရေကာ ကာလတန္ေၾကးအရပါ နစ္နာသူက လီဗာပူးဘက္က ျဖစ္လိမ့္မယ္ဆိုတာေတာ့ ရွင္းေနမွာ ျဖစ္ပါတယ္။