စကိုင်းစပေါ့မှ သုံးသပ်သူ ကာရေဂါက လက်ရှိ အနေအထားမှာ အဲဗာတန်နဲ့ ဝက်ဟမ်းက လီဗာပူးထက် အများကြီး ပိုကောင်းနေတဲ့ အသင်းတွေပါလို့ ထုတ်ပြောလိုက်ပါတယ်။

ဒါကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးရဲ့ အနေအထားနဲ့ ပက်သက်လို့ ကာရေဂါရဲ့ အမြင်ဖြစ်တယ်။ လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့်မှာ အဆင့် (၄) နေရာက ချယ်ဆီးနဲ့ ၄ မှတ် ကွာဟနေပါပြီ။ ဒါ့အပြင် ဇယား ၅ နဲ့ ၆ က အသင်းတွေကလည်း လီဗာပူးထက် တစ်ပွဲလျော့ အနေအထားမှာပဲ ရမှတ်တွေ ပိုနေကြတာဖြစ်တယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ဟာ လီဗာပူးအတွက် စိန်ခေါ်မှု ဖြစ်လာနေသလို ဆက်တိုက် ကျဆင်းနေတဲ့ ယုံကြည်ချက်နဲ့ နိုင်ပွဲရယူမှုတွေအရ ဥရောပဝင်ခွင့်တောင်မှ ခက်ခဲသွားနိုင်ကြောင်း ကာရေဂါက သုံးသပ်ခဲ့တယ်။

ကာရေဂါက “ ချန်ပီယံလိဂ်ဝင်ခွင့်က လီဗာပူးအတွက် ခက်ခဲမယ်လို့ ကျနော် ထင်ပါတယ်။ ချယ်ဆီးရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် သူတို့ ပိုင်ထားတာကလည်း အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ သူတို့က ထိပ်တန်း လူစာရင်းကို ပိုင်ဆိုင်ထားပြီး သူတို့ကို ရပ်တန့်ဖို့ဆိုတာ ခက်ခဲပါတယ်။

လက်စတာက သူတို့ရဲ့ အကောင်းဆုံးကို ပြန်ရလာမလား မသေချာပေမယ့် ဝက်ဟမ်းနဲ့ အဲဗာတန်ကို ကြည့်မယ်ဆိုရင်လည်း သူတို့က အခုအချိန်မှာ လီဗာပူးထက် ပိုကောင်းနေတဲ့ အသင်းတွေဖြစ်ပါတယ်။

လီဗာပူးက နိုင်ပွဲတွေရလာတော့ သူတို့ ပြန်လာနိုင်ပြီပေါ့လို့ ထင်ခဲ့ကြပေမယ့် အားလုံး ထင်ထားတာတွေက ဖြစ်မလာဘူးဆိုတာကိုလည်း မြင်ထားကြရပြီးပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စပါးနဲ့ အက်စတွန်ဗီလာတို့ လက်ကျန်ပွဲတွေကို အနိုင်ရမယ်ဆိုရင် လီဗာပူးက အမှတ်ပေးဇယား အဆင့် ၉ နေရာကို ကျဆင်းသွားမှာပါ။ ဒီအခြေအနေကို အသင်းသားတွေ နားလည်ပြီး အားထုတ် ကစားမှုတွေလုပ်ဖို့နဲ့ အဆိုပါ အားထုတ်မှုက နောက်ကျမသွားသေးဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ သံုးသပ္သူ ကာေရဂါက လက္ရွိ အေနအထားမွာ အဲဗာတန္နဲ႔ ဝက္ဟမ္းက လီဗာပူးထက္ အမ်ားၾကီး ပိုေကာင္းေနတဲ့ အသင္းေတြပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

ဒါကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ လီဗာပူးရဲ႕ အေနအထားနဲ႔ ပက္သက္လို႔ ကာေရဂါရဲ႕ အျမင္ျဖစ္တယ္။ လီဗာပူးက ခ်န္ပီယံလိဂ္ဝင္ခြင့္မွာ အဆင့္ (၄) ေနရာက ခ်ယ္ဆီးနဲ႔ ၄ မွတ္ ကြာဟေနပါျပီ။ ဒါ့အျပင္ ဇယား ၅ နဲ႔ ၆ က အသင္းေတြကလည္း လီဗာပူးထက္ တစ္ပြဲေလ်ာ့ အေနအထားမွာပဲ ရမွတ္ေတြ ပိုေနၾကတာျဖစ္တယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ဟာ လီဗာပူးအတြက္ စိန္ေခၚမႈ ျဖစ္လာေနသလို ဆက္တိုက္ က်ဆင္းေနတဲ့ ယံုၾကည္ခ်က္နဲ႔ ႏုိင္ပြဲရယူမႈေတြအရ ဥေရာပဝင္ခြင့္ေတာင္မွ ခက္ခဲသြားႏုိင္ေၾကာင္း ကာေရဂါက သံုးသပ္ခဲ့တယ္။

ကာေရဂါက “ ခ်န္ပီယံလိဂ္ဝင္ခြင့္က လီဗာပူးအတြက္ ခက္ခဲမယ္လို႔ က်ေနာ္ ထင္ပါတယ္။ ခ်ယ္ဆီးရဲ႕ လူစာရင္းကို ၾကည့္မယ္ဆိုရင္ သူတို႔ ပိုင္ထားတာကလည္း အေတာ္ေလး အထင္ၾကီးဖို႔ ေကာင္းပါတယ္။ သူတို႔က ထိပ္တန္း လူစာရင္းကို ပိုင္ဆိုင္ထားျပီး သူတို႔ကို ရပ္တန္႔ဖို႔ဆိုတာ ခက္ခဲပါတယ္။

လက္စတာက သူတို႔ရဲ႕ အေကာင္းဆံုးကို ျပန္ရလာမလား မေသခ်ာေပမယ့္ ဝက္ဟမ္းနဲ႔ အဲဗာတန္ကို ၾကည့္မယ္ဆိုရင္လည္း သူတို႔က အခုအခ်ိန္မွာ လီဗာပူးထက္ ပိုေကာင္းေနတဲ့ အသင္းေတြျဖစ္ပါတယ္။

လီဗာပူးက ႏုိင္ပြဲေတြရလာေတာ့ သူတို႔ ျပန္လာႏုိင္ျပီေပါ့လို႔ ထင္ခဲ့ၾကေပမယ့္ အားလံုး ထင္ထားတာေတြက ျဖစ္မလာဘူးဆိုတာကိုလည္း ျမင္ထားၾကရျပီးပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စပါးနဲ႔ အက္စတြန္ဗီလာတို႔ လက္က်န္ပြဲေတြကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးက အမွတ္ေပးဇယား အဆင့္ ၉ ေနရာကို က်ဆင္းသြားမွာပါ။ ဒီအေျခအေနကို အသင္းသားေတြ နားလည္ျပီး အားထုတ္ ကစားမႈေတြလုပ္ဖို႔နဲ႔ အဆိုပါ အားထုတ္မႈက ေနာက္က်မသြားေသးဖို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။