လိုက်ဇစ်နဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဖာမင်နိုနဲ့ ခါဘတ်တို့ ပြန်လည် ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်း ရလဒ်တွေ ဆိုးရွားနေပေမယ့် အသင်းပိုင်ရှင်တွေက မန်နေဂျာယာဂင်ကလော့ပ်ကို ရာထူးကနေ ထုတ်ပယ်သွားမှာ မဟုတ်ပါဘူး။
စတီဗင်ဂျရတ်က ရိန်းဂျားအသင်းနဲ့ အမှတ်ပေးဖလား အောင်မြင်မှုက အစပဲ ရှိသေးပြီး အများကြီး အောင်မြင်အောင် ဆက်လက် ကြိုးစားလိုပါတယ်လို့ ထုတ်ပြောလာပါတယ်။
မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ အာဖရိက ခြေစစ်ပွဲတွေအတွက် အီဂျစ်အသင်းက ဆာလာကို ခေါ်ယူလိုက်ပါတယ်။ ဆာလာဟာ အီဂျစ်နဲ့အတူ ဗြိတိန်က အနီရောင် အမှတ်ပြ နိုင်ငံတွေဖြစ်တဲ့ ကင်ညာနဲ့ ကိုမိုရိုစ့် နိုင်ငံတွေနဲ့ ခြေစစ်ပွဲ ကစားရမှာဖြစ်ပါတယ်။
လီဗာပူးမန်နေဂျာရာထူး လက်ခံယူဖို့အတွက် နီးစပ်နေပြီလား အမေးကို စတီဗင်ဂျရတ်က သူ အဆင်သင့် မဖြစ်သေးကြောင်း ငြင်းဆန်သွားပါတယ်။
AS အပါအဝင် စပိန်သတင်းတွေကတော့ လီဗာပူးက ဆာလာကို ရောင်းထုတ်ရရင် အမ်ဘတ်ပီလို တိုက်စစ်သမားကို ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ ဖော်ပြနေပါတယ်။
လီဗာပူးသတင်းထောက်တွေက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းရဲ့ နွေအသုံးစရိတ်က အကန့်အသတ် ဖြစ်လာနိုင်ကြောင်း ထုတ်ပြောလာနေပါတယ်။
ဘလက်ဘန်း လေ့ကျင့်ရေးအစီအစဉ်မှာ တစ်ဘက်ကို ၁၁ ဦး ခွဲကစားစဉ် အီးလီးယော့ဟာ ဂိုးသမားရှေ့တက်နေမှုကို အခွင့်အရေးယူပြီး ကွင်းလယ်စည်းကနေ ဂိုးသွင်းယူသွားတဲ့ ဗီဒီယိုကို အင်စတာဂရမ်ကနေ တင်သွားခဲ့ပါတယ်။
လီဗာပူးရဲ့ လက်တလောအနေအထားကို ကလော့ပ်က ” ကျနော် ပြောတာကို ယုံပါ။ အသင်းသားတွေကလည်း သိပ်နိုင်ချင်ပါတယ်။ ဒီအခြေအနေမှာ ကြိုးစားမှုက အလုပ်မဖြစ်နေဘူး။ ဂိုးတွေ မသွင်းနိုင်သလို တစ်ဂိုးလောက် ပေးလိုက်ရတာတင်ကို အနိုင်အရံှူး အဖြေပေါ်ဖို့ လုံလောက်နေတယ်။
ပွဲတွေကို အနိုင်ရဖို့အတွက် ကျနေ်ာတို့မှာ ရှိရမယ့် စိတ်ဓါတ်ပိုင်းလည်း မရှိဘူး။ ကျနေ်ာတို့ အမှားတွေလည်း ဆက်လုပ်နေဆဲပါ။ ဒါတွေကပဲ ပြဿနာတွေဖြစ်လာပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ZAWGYI
လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္မယ့္ပြဲမွာ လီဗာပူးကစားသမားေတြျဖစ္တဲ့ ဖာမင္ႏိုနဲ႔ ခါဘတ္တို႔ ျပန္လည္ ကစားႏုိင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။
ဒီရာသီမွာ လီဗာပူးအသင္း ရလဒ္ေတြ ဆိုးရြားေနေပမယ့္ အသင္းပိုင္ရွင္ေတြက မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို ရာထူးကေန ထုတ္ပယ္သြားမွာ မဟုတ္ပါဘူး။
စတီဗင္ဂ်ရတ္က ရိန္းဂ်ားအသင္းနဲ႔ အမွတ္ေပးဖလား ေအာင္ျမင္မႈက အစပဲ ရွိေသးျပီး အမ်ားၾကီး ေအာင္ျမင္ေအာင္ ဆက္လက္ ၾကိဳးစားလိုပါတယ္လို႔ ထုတ္ေျပာလာပါတယ္။
မတ္လ ႏုိင္ငံတကာ သီတင္းပတ္မွာ အာဖရိက ေျခစစ္ပြဲေတြအတြက္ အီဂ်စ္အသင္းက ဆာလာကို ေခၚယူလိုက္ပါတယ္။ ဆာလာဟာ အီဂ်စ္နဲ႔အတူ ျဗိတိန္က အနီေရာင္ အမွတ္ျပ ႏုိင္ငံေတြျဖစ္တဲ့ ကင္ညာနဲ႔ ကိုမိုရိုစ့္ ႏုိင္ငံေတြနဲ႔ ေျခစစ္ပြဲ ကစားရမွာျဖစ္ပါတယ္။
လီဗာပူးမန္ေနဂ်ာရာထူး လက္ခံယူဖို႔အတြက္ နီးစပ္ေနျပီလား အေမးကို စတီဗင္ဂ်ရတ္က သူ အဆင္သင့္ မျဖစ္ေသးေၾကာင္း ျငင္းဆန္သြားပါတယ္။
AS အပါအဝင္ စပိန္သတင္းေတြကေတာ့ လီဗာပူးက ဆာလာကို ေရာင္းထုတ္ရရင္ အမ္ဘတ္ပီလို တိုက္စစ္သမားကို ေခၚယူဖို႔ ၾကိဳးစားလိမ့္မယ္လို႔ ေဖာ္ျပေနပါတယ္။
လီဗာပူးသတင္းေထာက္ေတြက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္မရပါက အသင္းရဲ႕ ေႏြအသံုးစရိတ္က အကန္႔အသတ္ ျဖစ္လာႏုိင္ေၾကာင္း ထုတ္ေျပာလာေနပါတယ္။
ဘလက္ဘန္း ေလ့က်င့္ေရးအစီအစဥ္မွာ တစ္ဘက္ကို ၁၁ ဦး ခြဲကစားစဥ္ အီးလီးေယာ့ဟာ ဂိုးသမားေရွ႔တက္ေနမႈကို အခြင့္အေရးယူျပီး ကြင္းလယ္စည္းကေန ဂိုးသြင္းယူသြားတဲ့ ဗီဒီယိုကို အင္စတာဂရမ္ကေန တင္သြားခဲ့ပါတယ္။
လီဗာပူးရဲ႕ လက္တေလာအေနအထားကို ကေလာ့ပ္က ” က်ေနာ္ ေျပာတာကို ယံုပါ။ အသင္းသားေတြကလည္း သိပ္ႏုိင္ခ်င္ပါတယ္။ ဒီအေျခအေနမွာ ၾကိဳးစားမႈက အလုပ္မျဖစ္ေနဘူး။ ဂိုးေတြ မသြင္းႏုိင္သလို တစ္ဂိုးေလာက္ ေပးလိုက္ရတာတင္ကို အႏုိင္အရံွဴး အေျဖေပၚဖို႔ လံုေလာက္ေနတယ္။
ပြဲေတြကို အႏုိင္ရဖို႔အတြက္ က်ေန္ာတို႔မွာ ရွိရမယ့္ စိတ္ဓါတ္ပိုင္းလည္း မရွိဘူး။ က်ေန္ာတို႔ အမွားေတြလည္း ဆက္လုပ္ေနဆဲပါ။ ဒါေတြကပဲ ျပႆနာေတြျဖစ္လာပါတယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။