လီဗာပူးခံစစ်မှူး ခါဘတ်က အသင်းမှာ အထိုင်ကျဖို့ ကြိုးစားနေပြီး အသင်းရဲ့ ခံစစ်အတွက် ကြိုးစားပြလိုတယ်လို့ ထုတ်ပြောလာပါတယ်။
ခါဘတ်ဟာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ သိထားရပြီး သူ မကြာခဏ ရင်ဆိုင်ဖူးတဲ့ ကလပ်ကို ပြန်လည် ရင်ဆိုင်ရခြင်းဖြစ်လို့ ပိုမို အံဝင်မယ်လို့ မျှော်လင့်ရတယ်။
ခါဘတ်က ” အသင်းကို ရောက်လာတာ ၁ လလောက် ရှိလာပြီဆိုတော့ ကျနော်လည်း အသားကျလာပြီလို့ ပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကျနော်အတွက် တာဝန်ယူရမှုတွေကလည်း သိပ်ကြီးပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ခံစစ်မှူး နေရာအတွက်ကလည်း ဒဏ်ရာပြဿနာတွေ သိပ်ကြီးမားနေပါတယ်။
အသင်းကို ကူညီဖို့ ကျနော် အစွမ်းကုန် ကြိုးစားဖို့ လိုနေပါတယ်။ ဒီတော့ ပြောခဲ့သလိုပဲ တာဝန်ယူမှုကြီးတွေ လုပ်ရမှာပါ ဒါပေမယ့် ကျနော် လုပ်နိုင်ပါတယ်။ လီဗာပူးကစားသမား ဖြစ်လာရတာက သိပ်ကို ခမ်းနားပါတယ်။ ဒီလို အသင်းကြီးမှာ ကစားသမားကောင်းတွေနဲ့ ကစားဖို့ဆိုတာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာရတာပါပဲ။ ပရိသတ်တွေ ပျော်အောင်နဲ့ ဂုဏ်ယူရအောင် လုပ်ပေးလိုပါတယ် ” လို့ ပြောပါတယ်။
ခါဘတ်ဟာ လီဗာပူးမှာ အသားကျဖို့ ကြိုးစားနေဆဲပါ။ လက်စတာကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာဆိုရင် သူနဲ့ အယ်လီဆန်တို့ဟာ နားလည်မှုတွေ လိုအပ်နေခဲ့တယ်။ ပရီးမီးယားလိဂ်က ဘွန်ဒက်လီဂါထက် ပြိုင်ဆိုင်မှု ပိုကြီးတယ်လို့ ခါဘတ်က မြင်ပါတယ်။
တူရကီ လက်ရွေးစင်က ” အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှုက သိပ်မြင့်ပါတယ်။ ဘွန်ဒက်လီဂါလည်း မြင့်တယ်ဆိုပေမယ့် ပရီးမီးယားလိဂ်ကတော့ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ သိပ်မြင့်ပါတယ်။ အသားကျလာဖို့ ကျနော် ကြိုးစားနေပါတယ်။
သီယာဂို၊ ဘော်ဘီနဲ့ ရှာကွီရီတို့ကလည်း လီဗာပူးကို ရောက်မလာခင် ဘွန်ဒက်လီဂါမှာ ကစားခဲ့တာပါ။ ဒီတော့ သူတို့ထံက အကြံဉာဏ်တွေ ရယူနေပြီး လေ့ကျင့်ရေးမှာ အကောင်းဆုံးဖြစ်လာဖို့ ကြိုးစားနေပါတယ်။
ကျနော် ကြိုးစားနေပေမယ့် အသင်းမှာ အသားကျဖို့ကလည်း ခက်ခဲပါတယ် ဘာလို့လည်းဆိုတော့ ဒီမှာက ကစားသမားကောင်းတွေနဲ့ အသင်းကောင်းတွေ များပါတယ်။ ဘောလုံးရာသီဝက်မှာ နယ်မြေသစ်၊ ဘာသာစကားသစ်နဲ့ အသင်းဖော်သစ်တွေထံ ပူးပေါင်းရတာက အမြဲတမ်း ခက်ခဲပါတယ်။ ကျနော်အတွက် စိန်ခေါ်မှုဖြစ်ပြီး ခပ်မြန်မြန် အသားကျလာဖို့ ကြိုးစားနေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးခံစစ္မွဴး ခါဘတ္က အသင္းမွာ အထိုင္က်ဖို႔ ၾကိဳးစားေနျပီး အသင္းရဲ႕ ခံစစ္အတြက္ ၾကိဳးစားျပလိုတယ္လို႔ ထုတ္ေျပာလာပါတယ္။
ခါဘတ္ဟာ ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပါဝင္ကစားႏုိင္မယ္လို႔ သိထားရျပီး သူ မၾကာခဏ ရင္ဆိုင္ဖူးတဲ့ ကလပ္ကို ျပန္လည္ ရင္ဆိုင္ရျခင္းျဖစ္လို႔ ပိုမို အံဝင္မယ္လို႔ ေမွ်ာ္လင့္ရတယ္။
ခါဘတ္က ” အသင္းကို ေရာက္လာတာ ၁ လေလာက္ ရွိလာျပီဆိုေတာ့ က်ေနာ္လည္း အသားက်လာျပီလို႔ ေျပာလို႔ ရႏိုင္ပါတယ္။ ဒါေပမယ့္ က်ေနာ္အတြက္ တာဝန္ယူရမႈေတြကလည္း သိပ္ၾကီးပါတယ္။ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ခံစစ္မွဴး ေနရာအတြက္ကလည္း ဒဏ္ရာျပႆနာေတြ သိပ္ၾကီးမားေနပါတယ္။
အသင္းကို ကူညီဖို႔ က်ေနာ္ အစြမ္းကုန္ ၾကိဳးစားဖို႔ လိုေနပါတယ္။ ဒီေတာ့ ေျပာခဲ့သလိုပဲ တာဝန္ယူမႈၾကီးေတြ လုပ္ရမွာပါ ဒါေပမယ့္ က်ေနာ္ လုပ္ႏုိင္ပါတယ္။ လီဗာပူးကစားသမား ျဖစ္လာရတာက သိပ္ကို ခမ္းနားပါတယ္။ ဒီလို အသင္းၾကီးမွာ ကစားသမားေကာင္းေတြနဲ႔ ကစားဖို႔ဆိုတာက အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာရတာပါပဲ။ ပရိသတ္ေတြ ေပ်ာ္ေအာင္နဲ႔ ဂုဏ္ယူရေအာင္ လုပ္ေပးလိုပါတယ္ ” လို႔ ေျပာပါတယ္။
ခါဘတ္ဟာ လီဗာပူးမွာ အသားက်ဖို႔ ၾကိဳးစားေနဆဲပါ။ လက္စတာကို ၃-၁ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာဆိုရင္ သူနဲ႔ အယ္လီဆန္တို႔ဟာ နားလည္မႈေတြ လိုအပ္ေနခဲ့တယ္။ ပရီးမီးယားလိဂ္က ဘြန္ဒက္လီဂါထက္ ျပိဳင္ဆိုင္မႈ ပိုၾကီးတယ္လို႔ ခါဘတ္က ျမင္ပါတယ္။
တူရကီ လက္ေရြးစင္က ” အဂၤလန္ရဲ႕ ျပိဳင္ဆိုင္မႈက သိပ္ျမင့္ပါတယ္။ ဘြန္ဒက္လီဂါလည္း ျမင့္တယ္ဆိုေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ စိတ္ပိုင္းဆိုင္ရာေကာ ရုပ္ပိုင္းဆိုင္ရာပါ သိပ္ျမင့္ပါတယ္။ အသားက်လာဖို႔ က်ေနာ္ ၾကိဳးစားေနပါတယ္။
သီယာဂို၊ ေဘာ္ဘီနဲ႔ ရွာကီြရီတို႔ကလည္း လီဗာပူးကို ေရာက္မလာခင္ ဘြန္ဒက္လီဂါမွာ ကစားခဲ့တာပါ။ ဒီေတာ့ သူတို႔ထံက အၾကံဥာဏ္ေတြ ရယူေနျပီး ေလ့က်င့္ေရးမွာ အေကာင္းဆံုးျဖစ္လာဖို႔ ၾကိဳးစားေနပါတယ္။
က်ေနာ္ ၾကိဳးစားေနေပမယ့္ အသင္းမွာ အသားက်ဖို႔ကလည္း ခက္ခဲပါတယ္ ဘာလို႔လည္းဆိုေတာ့ ဒီမွာက ကစားသမားေကာင္းေတြနဲ႔ အသင္းေကာင္းေတြ မ်ားပါတယ္။ ေဘာလံုးရာသီဝက္မွာ နယ္ေျမသစ္၊ ဘာသာစကားသစ္နဲ႔ အသင္းေဖာ္သစ္ေတြထံ ပူးေပါင္းရတာက အျမဲတမ္း ခက္ခဲပါတယ္။ က်ေနာ္အတြက္ စိန္ေခၚမႈျဖစ္ျပီး ခပ္ျမန္ျမန္ အသားက်လာဖို႔ ၾကိဳးစားေနပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။