စကော့တလန်ကလပ် ရိမ်းဂျားစ် အသင်း နည်းပြ ဖြစ်နေတဲ့ လီဗာပူး ဂန္တဝင် ကွင်းလယ်ကစားသမားကြီး စတီဗင် ဂျရတ်ဟာ လတ်တလော ရလဒ်တွေ ဆိုးနေတဲ့ လီဗာပူးအသင်းရဲ့ အခြေအနေ ကို ဆယ်တင်ဖို့ ယာဂင်ကလော့ပ် နေရာ ဝင်ယူသင့်ကြောင်း တိုက်တွန်း တောင်းဆိုမှု တချို့ ရှိနေတဲ့ အပေါ် တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ဂျရတ်ဟာ သူ့ရဲ့ လက်ရှိကလပ် ရိမ်းဂျားစ်ကို ပြည်တွင်းမှာ ဆယ်နှစ်ကြာ ဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလား ကို ဒီရာသီမှာ ပြန်လည် ရယူပေးလိုက်ပြီး ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားပါတယ်။ လီဗာပူးအသင်းရဲ့ အိုင်ကွန်လို ဖြစ်နေတဲ့ ဂျရတ်ကတော့ ယာဂင်ကလော့ပ် နေရာ လောလောဆယ် ဝင်ယူလိုခြင်း မရှိဘဲ ဂျာမန်သားကြီးကို အသင်းမှာ ဆက်ရှိနေစေလိုကြောင်း ပြောဆိုလာခဲ့ပါတယ်။
လီဗာပူး အသင်းကို နည်းပြ အဖြစ် ပြန်လာဖို့ ဆိုတာ ဂျရတ် အတွက် အိပ်မက် တစ်ခု ဖြစ်ပေမယ့် ကလော့ပ်ကိုတော့ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ရှိနေဖို့ ဂျရတ်က မျှော်လင့်နေပါတယ်။
” လောလောဆယ် ကျနော်တို့ လီဗာပူးမှာက အကောင်းဆုံး ဆိုတဲ့ မန်နေဂျာ တစ်ဦး ရှိထားတာပါ။ ကျနော် သူ့ကို ချစ်ခင်သဘောကျတယ်။ နောက်ထပ် နှစ်တွေထိ ဆက်ရှိနေစေချင်တယ်။ ကျနော်လည်း ဒီမှာ ကိုယ့် အလုပ်တာဝန် ရှိနေတော့ လီဗာပူးနည်းပြ ကိစ္စတွေ လာပြောနေတာက အကျိုး ရှီမယ် မထင်ပါဘူး။ ကျနော်ကတော့ ယာဂင် လီဗာပူးမှာ နှစ်တော်တော်ကြာ ဆက်ရှိနေစေချင်ပါတယ်။
လီဗာပူးက ကျနော့် ကလပ်အသင်းပါ။ တစ်နေ့မှာ လီဗာပူး မန်နေဂျာ ဖြစ်လာဖို့ က အိပ်မက် တစ်ခုလား မေးလာရင် ဟုတ်တယ် ဖြေရမှာပါပဲ။ ဒါပေမယ့် အခုတော့ မဟုတ်ပါဘူး။ ကျနေ်ာက လုံလောက် ကောင်းမွန်နေပြီလို့ ဘယ်သူ ပြောရဲသလဲ။
ဒီလောကမှာ မန်နေဂျာတွေ အများကြီး ရှိတယ်။ ကျနော်တို့ ယာဂင်ကလော့ပ်ကို ထိပ်ဆုံးက ထားပြီး လေးစားမှု ပေးဖို့ လိုပါတယ်။ ” လို့ ဂျရတ်က ပြောဆိုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လတ်တလောမှာ ပြည်တွင်းပွဲတွေ ရလဒ် ဆိုးဝါးနေပြီး ဒဏ်ရာ ပြသနာတွေလည်း အခုထိတောင် မရှင်းလင်းနိုင်သေးတာကြောင့် ကလော့ပ်နဲ့ အသင်း အနာဂတ် အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Zawgyi – စေကာ့တလန္ကလပ္ ရိမ္းဂ်ားစ္ အသင္း နည္းျပ ျဖစ္ေနတဲ့ လီဗာပူး ဂႏၱ၀င္ ကြင္းလယ္ကစားသမားၾကီး စတီဗင္ ဂ်ရတ္ဟာ လတ္တေလာ ရလဒ္ေတြ ဆိုးေနတဲ့ လီဗာပူးအသင္းရဲ႕ အေျခအေန ကို ဆယ္တင္ဖို႔ ယာဂင္ကေလာ့ပ္ ေနရာ ၀င္ယူသင့္ေၾကာင္း တိုက္တြန္း ေတာင္းဆိုမႈ တခ်ိဳ႕ ရွိေနတဲ့ အေပၚ တုန္႔ျပန္ ေျပာဆိုမႈေတြ ျပဳလုပ္လာခဲ့ပါတယ္။
ဂ်ရတ္ဟာ သူ႔ရဲ႕ လက္ရွိကလပ္ ရိမ္းဂ်ားစ္ကို ျပည္တြင္းမွာ ဆယ္နွစ္ၾကာ ေ၀းကြာေနခဲ့တဲ့ အမွတ္ေပးဖလား ကို ဒီရာသီမွာ ျပန္လည္ ရယူေပးလိုက္ျပီး ပူပူေႏြးေႏြး ခ်န္ပီယံ ျဖစ္ထားပါတယ္။ လီဗာပူးအသင္းရဲ႕ အိုင္ကြန္လို ျဖစ္ေနတဲ့ ဂ်ရတ္ကေတာ့ ယာဂင္ကေလာ့ပ္ ေနရာ ေလာေလာဆယ္ ၀င္ယူလိုျခင္း မရွိဘဲ ဂ်ာမန္သားၾကီးကို အသင္းမွာ ဆက္ရွိေနေစလိုေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။
လီဗာပူး အသင္းကို နည္းျပ အျဖစ္ ျပန္လာဖို႔ ဆိုတာ ဂ်ရတ္ အတြက္ အိပ္မက္ တစ္ခု ျဖစ္ေပမယ့္ ကေလာ့ပ္ကိုေတာ့ ေနာက္ထပ္ နွစ္အနည္းငယ္ေလာက္ ဆက္ရွိေနဖို႔ ဂ်ရတ္က ေမွ်ာ္လင့္ေနပါတယ္။
” ေလာေလာဆယ္ က်ေနာ္တို႔ လီဗာပူးမွာက အေကာင္းဆံုး ဆိုတဲ့ မန္ေနဂ်ာ တစ္ဦး ရွိထားတာပါ။ က်ေနာ္ သူ႔ကို ခ်စ္ခင္သေဘာက်တယ္။ ေနာက္ထပ္ နွစ္ေတြထိ ဆက္ရွိေနေစခ်င္တယ္။ က်ေနာ္လည္း ဒီမွာ ကိုယ့္ အလုပ္တာ၀န္ ရွိေနေတာ့ လီဗာပူးနည္းျပ ကိစၥေတြ လာေျပာေနတာက အက်ိဳး ရွီမယ္ မထင္ပါဘူး။ က်ေနာ္ကေတာ့ ယာဂင္ လီဗာပူးမွာ နွစ္ေတာ္ေတာ္ၾကာ ဆက္ရွိေနေစခ်င္ပါတယ္။
လီဗာပူးက က်ေနာ့္ ကလပ္အသင္းပါ။ တစ္ေန႔မွာ လီဗာပူး မန္ေနဂ်ာ ျဖစ္လာဖို႔ က အိပ္မက္ တစ္ခုလား ေမးလာရင္ ဟုတ္တယ္ ေျဖရမွာပါပဲ။ ဒါေပမယ့္ အခုေတာ့ မဟုတ္ပါဘူး။ က်ေန္ာက လံုေလာက္ ေကာင္းမြန္ေနျပီလို႔ ဘယ္သူ ေျပာရဲသလဲ။
ဒီေလာကမွာ မန္ေနဂ်ာေတြ အမ်ားၾကီး ရွိတယ္။ က်ေနာ္တို႔ ယာဂင္ကေလာ့ပ္ကို ထိပ္ဆံုးက ထားျပီး ေလးစားမႈ ေပးဖို႔ လိုပါတယ္။ ” လို႔ ဂ်ရတ္က ေျပာဆိုခဲ့ပါတယ္။
လီဗာပူးအသင္းဟာ လတ္တေလာမွာ ျပည္တြင္းပြဲေတြ ရလဒ္ ဆိုး၀ါးေနျပီး ဒဏ္ရာ ျပသနာေတြလည္း အခုထိေတာင္ မရွင္းလင္းနုိင္ေသးတာေၾကာင့္ ကေလာ့ပ္နဲ႕ အသင္း အနာဂတ္ အေပၚ ေမးခြန္းထုတ္မႈေတြ ရွိေနတာ ျဖစ္ပါတယ္။