လီဗာပူးအသင်းဟာ ဒီညမှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ပွဲစဉ် အဖြစ် လိုက်ပ်ဇစ် အသင်းနဲ့ ဒုတိယ အကျော့ ယှဉ်ပြိုင် ကစားရမှာပါ။ ပထမအကျော့ အဝေးကွင်းမှာ လီဗာပူးက ၂-၀ နဲ့ အနိုင်ရရှိထားတာ ဖြစ်လို့ အသာစီး အနေအထား ရှိနေပေမယ့် ဒီ ဒုတိယ အကျော့မှာ လီဗာပူး ကွင်းလယ်တွေ ပါးနပ်ဖို့နဲ့ အစွန်ခံစစ်သမားတွေလည်း အထာနပ်ဖို့ လိုကြောင်း ချယ်ဆီး ကစားသမားဟောင်းကြီး ခရစ္စဆက်တန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဒီအကျော့ဟာ လီဗာပူး အသင်း အိမ်ရှင် ဖြစ်ပေမယ့်လည်း ပထမအကျော့လိုပဲ ကြားကွင်း ဘူဒါပတ်စ်မှာပဲ ယှဉ်ပြိုင် ကစားရမှာပါ။ ပြည်တွင်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကျဆင်းနေတဲ့ လီဗာပူးအသင်းဟာ ဥရောပ မျက်နှာစာမှာတော့ အဖတ်ဆယ်လို့ ရနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီး ကစားသမားဟောင်းကြီး ဆက်တန်ကတော့ လီဗာပူးအသင်းဟာ အသာစီး ရထားပေမယ့် ခံစစ်တော့ ထိုင် ကစားမှာ မဟုတ်ဘဲ သူတို့ ဟန်အတိုင်း တိုက်စစ် အသားပေး ကစားသွားမယ်လို့ သုံးသပ်ထားပါတယ်။

တကယ်လို့သာ လီဗာပူးက လိုက်ပ်ဇစ်ကို ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရရင် ကစားသမားတွေ ပြာသွားနိုင်တယ် ဆိုတာလည်း ကလော့ပ် သတိထားသင့်ကြောင်း ၎င်းက ဆိုပါတယ်။ လီဗာပူးအသင်းဟာ ဆာလက်၊ မာနေးတို့ကို အားပြုပြီး လိုက်ပ်ဇစ် ခံစစ်လိုင်းကို ဖိအားပေး ထိုးဖောက်မှာ ဖြစ်ပေမယ့် ဦးဆောင်ဂိုး အရင် ယူထားနိုင်မှသာ သက်တောင့်သက်သာ ရှိနိုင်မှာ ဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်က Box ကစားသမားတွေဟာ လိုက်ပ်ဇစ် တိုက်စစ်ကို ပါးနပ်စွာ ကိုင်တွယ်ဖို့ လိုပြီး လီဗာပူး အစွန် ခံဏစ်သမားတွေ ကလည်း ဘယ်လို လှုပ်ရှားမလဲဆိုတာ သတိကြီးကြီးထားဖို့ ဆက်တန်က တိုက်တွန်းထားပါတယ်။

ခရစ္စဆက်တန်ကတော့ လီဗာပူးနဲ့ လိုက်ပ်ဇစ်တို့ ပွဲဟာ ၁ ဂိုးစီ သရေ ရလဒ်လောက်ပဲ ထွက်မယ်လို့ ခန့်မှန်း ပြောဆိုထားပြီး ကွာတားဖိုင်နယ် အဆင့်ကိုတော့ ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းသားတွေပဲ ရောက်မှာ လို့ ဟောကိန်းထုတ်ထားပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ဒီညမွာ ခ်န္ပီယံလိဂ္ ၁၆ သင္း ရွံဳးထြက္ ပြဲစဥ္ အျဖစ္ လိုက္ပ္ဇစ္ အသင္းနဲ႕ ဒုတိယ အေက်ာ့ ယွဥ္ျပိဳင္ ကစားရမွာပါ။ ပထမအေက်ာ့ အေ၀းကြင္းမွာ လီဗာပူးက ၂-၀ နဲ႕ အနိုင္ရရွိထားတာ ျဖစ္လို႔ အသာစီး အေနအထား ရွိေနေပမယ့္ ဒီ ဒုတိယ အေက်ာ့မွာ လီဗာပူး ကြင္းလယ္ေတြ ပါးနပ္ဖို႔နဲ႕ အစြန္ခံစစ္သမားေတြလည္း အထာနပ္ဖို႔ လိုေၾကာင္း ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ခရစၥဆက္တန္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဒီအေက်ာ့ဟာ လီဗာပူး အသင္း အိမ္ရွင္ ျဖစ္ေပမယ့္လည္း ပထမအေက်ာ့လိုပဲ ၾကားကြင္း ဘူဒါပတ္စ္မွာပဲ ယွဥ္ျပိဳင္ ကစားရမွာပါ။ ျပည္တြင္း ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ ေတာက္ေလ်ာက္ က်ဆင္းေနတဲ့ လီဗာပူးအသင္းဟာ ဥေရာပ မ်က္နွာစာမွာေတာ့ အဖတ္ဆယ္လို႔ ရေနဆဲ ျဖစ္ပါတယ္။

ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ဆက္တန္ကေတာ့ လီဗာပူးအသင္းဟာ အသာစီး ရထားေပမယ့္ ခံစစ္ေတာ့ ထိုင္ ကစားမွာ မဟုတ္ဘဲ သူတို႔ ဟန္အတိုင္း တိုက္စစ္ အသားေပး ကစားသြားမယ္လို႔ သံုးသပ္ထားပါတယ္။

တကယ္လို႔သာ လီဗာပူးက လိုက္ပ္ဇစ္ကို ဦးေဆာင္ဂိုး ခြင့္ျပဳလိုက္ရရင္ ကစားသမားေတြ ျပာသြားနိုင္တယ္ ဆိုတာလည္း ကေလာ့ပ္ သတိထားသင့္ေၾကာင္း ၄င္းက ဆိုပါတယ္။ လီဗာပူးအသင္းဟာ ဆာလက္၊ မာေနးတို႔ကို အားျပဳျပီး လိုက္ပ္ဇစ္ ခံစစ္လိုင္းကို ဖိအားေပး ထိုးေဖာက္မွာ ျဖစ္ေပမယ့္ ဦးေဆာင္ဂိုး အရင္ ယူထားနုိင္မွသာ သက္ေတာင့္သက္သာ ရွိနိုင္မွာ ျဖစ္ပါတယ္။

လီဗာပူး ကြင္းလယ္က Box ကစားသမားေတြဟာ လိုက္ပ္ဇစ္ တိုက္စစ္ကို ပါးနပ္စြာ ကိုင္တြယ္ဖို႔ လိုျပီး လီဗာပူး အစြန္ ခံဏစ္သမားေတြ ကလည္း ဘယ္လို လႈပ္ရွားမလဲဆိုတာ သတိၾကီးၾကီးထားဖို႔ ဆက္တန္က တိုက္တြန္းထားပါတယ္။

ခရစၥဆက္တန္ကေတာ့ လီဗာပူးနဲ႕ လိုက္ပ္ဇစ္တို႔ ပြဲဟာ ၁ ဂိုးစီ သေရ ရလဒ္ေလာက္ပဲ ထြက္မယ္လို႔ ခန္႔မွန္း ေျပာဆိုထားျပီး ကြာတားဖိုင္နယ္ အဆင့္ကိုေတာ့ ယာဂင္ကေလာ့ပ္နဲ႕ လီဗာပူးအသင္းသားေတြပဲ ေရာက္မွာ လို႔ ေဟာကိန္းထုတ္ထားပါတယ္။