လီဗာပူးအသင်းဟာ ဒီညမှ လိုက်ပ်ဇစ် အသင်းနဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပထမကျော့ အဝေးကွင်း ပွဲမှာတော့ လီဗာပူးက ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

ဒီည အိမ်ကွင်းပွဲကိုလည်း ပကျော့ကလို ဘူဒါပတ်စ်မှာ ကစားရမှာ ဖြစ်ပြီး ပထမအကျော့က ရလဒ် ဆိုတာထက် အခုက ပထမပိုင်း အပြီး ပွဲချိန်ဝက် လို အခြေအနေမျိုးသာ ရှိသေးကာ ပွဲပြီးဖို့ လိုသေးကြောင်း ကလော့ပ်က သတိပေးစကား ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ဒီညနေကပဲ ရောက်တယ်။ အခုက ပွဲချိန်ဝက်မှာပဲ ရှိသေးတယ် ဆိုတာ ကျနော်တို့ သိပါတယ်။ ဘာမှ မပြီးသေးပါဘူး။ ဒီပွဲက အနိုင်ကန်ရဦးမှာပါ။ ဘာ အာမခံချက်မှ မရှိဘူး။

ကလပ်တစ်သင်း အသင်း တစ်သင်း အနေနဲ့ ချန်ပီယံလိဂ်မှာ ဦးဆောင်ထားတာက ကောင်းတယ် ဆိုတာထက် မပိုပါဘူး။ တကယ်လို့ ဂိုးရလဒ်က ပြောင်းပြန် ဖြစ်နေရင်တောင် ကျနေ်ာတို့က အခွင့်အရေးကောင်းတွေ ရှိနေသေးတယ်လို့ ရှုမြင်မှာပါ။ ကျနော်တို့ ပြိုင်ဘက် အသင်းကလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်။

ကျနေ်ာတို့ ဦးဆောင်ထားနိုင်တယ် ဒါပဲ။ ကျနော့် ပြိုင်ဘက် ဂျူလီယန်က ဘောလုံးမှာ ဆန်းသစ်တဲ့ အမြင်နဲ့ စွန့်စားတတ် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နည်းပြ တစ်ယောက် ဖြစ်တယ်။ သူ့ကို သဘောကျ လေးစားတဲ့ သူတွေ အများကြီးပါ။ အဲဒီထဲ ကျနော် ထိပ်ဆုံးက ပါတယ်။ သူကလည်း ဒီည ပွဲကို အဆိုးဘက်ကထက် အခွင့်အရေး တစ်ခု အနေနဲ့သာ မြင်ပါလိမ့်မယ်။

သူတို့ကလည်း မန်ချက်စတာ ယူနိုက်တက်ကို အခု အခြေအနေနဲ့ ကွက်တိကြီး မဟုတ်ပေမယ့် ခပ်ဆင်ဆင် အခြေအနေကနေ အောင်မြင်ထားဖူးတယ်။ အဲဒီတုန်းက အုပ်စု အဆင့်ပေါ့ ရှူံးထွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ဟာ ပွဲကို ဘယ်လို ပြုမူသလဲ ဆိုတာက စကားအများကြီး ပြောပါတယ်။

ဒါက သတိပေးချက် တစ်ခုပါ။ ကျနော်တို့က ကိုယ့်ကိုယ်ကို သက်သက် နှိမ့်ချ ပြောနေတာ မဟုတ်ဘဲ တကယ်ကို သူတို့ရဲ့ အရည်အသွေးနဲ့ ခြိမ်းခြောက်နိုင်မှုကို မြင်ဖို့ ပါးနပ်မှု ရှိတာပဲ ဖြစ်တယ်။ ” လို့ ကလော့ပ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ဒီညမွ လိုက္ပ္ဇစ္ အသင္းနဲ႕ ခ်န္ပီယံလိဂ္ ၁၆သင္း အဆင့္ ဒုတိယ အေက်ာ့ ပြဲစဥ္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ ပထမေက်ာ့ အေ၀းကြင္း ပြဲမွာေတာ့ လီဗာပူးက ၂ဂိုး ဂိုးမရွိနဲ႕ အနုိင္ရရွိထားပါတယ္။

ဒီည အိမ္ကြင္းပြဲကိုလည္း ပေက်ာ့ကလို ဘူဒါပတ္စ္မွာ ကစားရမွာ ျဖစ္ျပီး ပထမအေက်ာ့က ရလဒ္ ဆိုတာထက္ အခုက ပထမပိုင္း အျပီး ပြဲခ်ိန္၀က္ လို အေျခအေနမ်ိဳးသာ ရွိေသးကာ ပြဲျပီးဖို႔ လိုေသးေၾကာင္း ကေလာ့ပ္က သတိေပးစကား ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ဒီညေနကပဲ ေရာက္တယ္။ အခုက ပြဲခ်ိန္၀က္မွာပဲ ရွိေသးတယ္ ဆိုတာ က်ေနာ္တို႔ သိပါတယ္။ ဘာမွ မျပီးေသးပါဘူး။ ဒီပြဲက အနုိင္ကန္ရဦးမွာပါ။ ဘာ အာမခံခ်က္မွ မရွိဘူး။

ကလပ္တစ္သင္း အသင္း တစ္သင္း အေနနဲ႕ ခ်န္ပီယံလိဂ္မွာ ဦးေဆာင္ထားတာက ေကာင္းတယ္ ဆိုတာထက္ မပိုပါဘူး။ တကယ္လို႔ ဂိုးရလဒ္က ေျပာင္းျပန္ ျဖစ္ေနရင္ေတာင္ က်ေန္ာတို႔က အခြင့္အေရးေကာင္းေတြ ရွိေနေသးတယ္လို႔ ရႈျမင္မွာပါ။ က်ေနာ္တို႔ ျပိဳင္ဘက္ အသင္းကလည္း ဒီလိုပဲ ျဖစ္လိမ့္မယ္။

က်ေန္ာတို႔ ဦးေဆာင္ထားနိုင္တယ္ ဒါပဲ။ က်ေနာ့္ ျပိဳင္ဘက္ ဂ်ဴလီယန္က ေဘာလံုးမွာ ဆန္းသစ္တဲ့ အျမင္နဲ႕ စြန္႔စားတတ္ စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ နည္းျပ တစ္ေယာက္ ျဖစ္တယ္။ သူ႔ကို သေဘာက် ေလးစားတဲ့ သူေတြ အမ်ားၾကီးပါ။ အဲဒီထဲ က်ေနာ္ ထိပ္ဆံုးက ပါတယ္။ သူကလည္း ဒီည ပြဲကို အဆိုးဘက္ကထက္ အခြင့္အေရး တစ္ခု အေနနဲ႕သာ ျမင္ပါလိမ့္မယ္။

သူတို႔ကလည္း မန္ခ်က္စတာ ယူနိုက္တက္ကို အခု အေျခအေနနဲ႕ ကြက္တိၾကီး မဟုတ္ေပမယ့္ ခပ္ဆင္ဆင္ အေျခအေနကေန ေအာင္ျမင္ထားဖူးတယ္။ အဲဒီတုန္းက အုပ္စု အဆင့္ေပါ့ ရွံဴးထြက္ေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ဟာ ပြဲကို ဘယ္လို ျပဳမူသလဲ ဆိုတာက စကားအမ်ားၾကီး ေျပာပါတယ္။

ဒါက သတိေပးခ်က္ တစ္ခုပါ။ က်ေနာ္တို႔က ကိုယ့္ကိုယ္ကို သက္သက္ နွိမ့္ခ် ေျပာေနတာ မဟုတ္ဘဲ တကယ္ကို သူတို႔ရဲ႕ အရည္အေသြးနဲ႕ ျခိမ္းေျခာက္နုိင္မႈကို ျမင္ဖို႔ ပါးနပ္မႈ ရွိတာပဲ ျဖစ္တယ္။ ” လို႔ ကေလာ့ပ္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။