ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲအဖြစ် လိုက်ဇစ်ကို ၂-၀ နဲ့ ထပ်မံ အနိုင်ရတဲ့နောက် လီဗာပူးက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဆာလာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခြင်းကြောင့် ယာဂင်ကလော့ပ် လက်ထက် လီဗာပူးရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက ဂိုး ၁၀၀ ပြည့်ခဲ့ပြီဖြစ်တယ်။ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းကလို ဗိုလ်လုပွဲကို တက်ရောက်နိုင်မလားဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းခြင်းကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရေးကလည်း လီဗာပူးအတွက် အရေးပါလာမှာဖြစ်တယ်။ ဒါပေမယ့်လို့ မန်နေဂျာကလော့ပ်က လက်ရှိ စွမ်းဆောင်ရည် အနေအထားအရဆိုရင် ဘယ်လိုမှ အနိုင်မရနိုင်ကြောင်း န်ခံပါတယ်။
ချန်ပီယံလိဂ်ကို ၇ ကြိမ်မြောက် အနိုင်ယူဖို့ စဉ်းစားထားလားဆိုတဲ့ အမေးကို ကလော့ပ်က “ အတော်လေး ကောင်းမွန်မယ့် ကိစ္စပါ။ ဒီပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်တယ်ဆိုတာကလည်း အနိုင်ရလိုတဲ့ အကြောင်းပြချက်နဲ့ပဲဖြစ်ပါတယ်။
ဒါပေမယ့်လို့ ကျနော်တို့က မိုက်မဲနေတဲ့ သူတွေလည်း မဟုတ်ပါဘူး။ ဒီရာသီ အခုချိန်ထိ အနေအထားအရ ရာသီကုန်မှာ ကျနေ်ာတို့က ချန်ပီယံလိဂ်ဖလား အနိုင်ရမယ့် ပုံစံမျိုး ရှိမနေပါဘူး။ ကွာတားအဆင့်မှာ ဘယ်အတွဲနဲ့ကျမယ်ဆိုတာ စောင့်ရပါမယ်။ ဘယ်အတွဲနဲ့ကျကျ ကျနေ်ာတို့အတွက် ခက်ခဲမှာပါ။
ချန်ပီယံဖြစ်ဖို့ထိ ကျနေ်ာတို့ မစဉ်းစားထားပါဘူး။ မနက်ဖြန်တွေမှာ ယှဉ်ပြိုင်ရမယ့် ဝုဗ်နဲ့ ပက်သက်ပြီးပဲ စဉ်းစားထားပါတယ်။ ချန်ပီယံလိဂ်မှာ အခြေအနေ ကောင်းတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာ မကောင်းသေးပါဘူး။ ပွဲတွေကို ပြန်အနိုင်ရဖို့ လိုပါတယ်။ အဲ့တာက ချန်ပီယံလိဂ်အတွက် အကူအညီ ဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲအျဖစ္ လိုက္ဇစ္ကို ၂-၀ နဲ႔ ထပ္မံ အႏုိင္ရတဲ့ေနာက္ လီဗာပူးက ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။
ဆာလာ၊ မာေနးတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ အႏုိင္ရျခင္းေၾကာင့္ ယာဂင္ကေလာ့ပ္ လက္ထက္ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးက ဂိုး ၁၀၀ ျပည့္ခဲ့ျပီျဖစ္တယ္။ ၂၀၁၈ နဲ႔ ၂၀၁၉ တုန္းကလို ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္မလားဆိုတာကလည္း ေမးခြန္းတစ္ခု ျဖစ္လာပါတယ္။
ပရီးမီးယားလိဂ္မွာ အေျခအေန မေကာင္းျခင္းေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရေရးကလည္း လီဗာပူးအတြက္ အေရးပါလာမွာျဖစ္တယ္။ ဒါေပမယ့္လို႔ မန္ေနဂ်ာကေလာ့ပ္က လက္ရွိ စြမ္းေဆာင္ရည္ အေနအထားအရဆိုရင္ ဘယ္လိုမွ အႏုိင္မရႏုိင္ေၾကာင္း န္ခံပါတယ္။
ခ်န္ပီယံလိဂ္ကို ၇ ၾကိမ္ေျမာက္ အႏုိင္ယူဖို႔ စဥ္းစားထားလားဆိုတဲ့ အေမးကို ကေလာ့ပ္က “ အေတာ္ေလး ေကာင္းမြန္မယ့္ ကိစၥပါ။ ဒီျပိဳင္ပြဲကို ပါဝင္ ယွဥ္ျပိဳင္တယ္ဆိုတာကလည္း အႏုိင္ရလိုတဲ့ အေၾကာင္းျပခ်က္နဲ႔ပဲျဖစ္ပါတယ္။
ဒါေပမယ့္လို႔ က်ေနာ္တို႔က မိုက္မဲေနတဲ့ သူေတြလည္း မဟုတ္ပါဘူး။ ဒီရာသီ အခုခ်ိန္ထိ အေနအထားအရ ရာသီကုန္မွာ က်ေန္ာတို႔က ခ်န္ပီယံလိဂ္ဖလား အႏုိင္ရမယ့္ ပံုစံမ်ိဳး ရွိမေနပါဘူး။ ကြာတားအဆင့္မွာ ဘယ္အတြဲနဲ႔က်မယ္ဆိုတာ ေစာင့္ရပါမယ္။ ဘယ္အတြဲနဲ႔က်က် က်ေန္ာတို႔အတြက္ ခက္ခဲမွာပါ။
ခ်န္ပီယံျဖစ္ဖို႔ထိ က်ေန္ာတို႔ မစဥ္းစားထားပါဘူး။ မနက္ျဖန္ေတြမွာ ယွဥ္ျပိဳင္ရမယ့္ ဝုဗ္နဲ႔ ပက္သက္ျပီးပဲ စဥ္းစားထားပါတယ္။ ခ်န္ပီယံလိဂ္မွာ အေျခအေန ေကာင္းတယ္ဆိုေပမယ့္ ပရီးမီးယားလိဂ္မွာ မေကာင္းေသးပါဘူး။ ပြဲေတြကို ျပန္အႏုိင္ရဖို႔ လိုပါတယ္။ အဲ့တာက ခ်န္ပီယံလိဂ္အတြက္ အကူအညီ ျဖစ္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။