လီဗာပူးတိုက်စစ်သမား ဆာလာက ချန်ပီယံလိဂ်က ပုံစံကောင်းတွေကို အားအဖြစ် ရယူပြီး ပရီးမီးယားလိဂ်မှာလည်း ပုံစံကောင်း ပြန်ယူဖို့ တိုက်တွန်းမှုတွေ ပြုလုပ်သွားပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ လိုက်ဇစ်ကို အနိုင်ရခဲ့ပြီဖြစ်လို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ တွေ့မယ်ဆိုတာကတော့ စောင့်ဆိုင်းရဦးမှာဖြစ်တယ်။
ချန်ပီယံလိဂ် အောင်ပွဲနဲ့ ပက်သက်လို့ ဆာလာက ‘ ကျနော်တို့အတွက် ရလဒ်ကောင်းပဲဖြစ်ပါတယ်။ နှစ်ပွဲလောက် ဆက်တိုက် အရေးနိမ့်ပြီးမှ ဒီပွဲကို ယှဉ်ပြိုင်တာပါ။ အသင်းက အကောင်းဆုံး ပုံစံမှာ မရှိနေဘူးဆိုပေမယ့် ချန်ပီယံလိဂ်မှာ ဆက်လက် တိုက်ခိုက်လိုပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ် ပွဲတိုင်းကောပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရပါမယ်။
အရမ်း အကောင်းမြင်စရာ ကောင်းပါတယ်။ အသင်းကောင်းတစ်သင်းကို ရင်ဆိုင်ရပြီး သူတို့က ကျနေ်ာတို့ကို အလုပ်တွေ ပေးခဲ့ပေမယ့် ကျနေ်ာတို့ ကစားလိုတဲ့အတိုင်း ကစားနိုင်ခဲ့တယ်။ ပွဲကို အနိုင်ရခဲ့ပြီး အဲ့တာက အရေးကြီးဆုံးပါပဲ။ ပရီးမီးယားလိဂ်မှာလည်း ဒီအတိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။
ဒီရာသီမှာ ကျနေ်ာ ဂိုးတွေသွင်းထားပါတယ်။ ဂိုးသွင်းရတာလည်း ကြိုက်ပါတယ်။ ဒါပေမယ့် အခွင့်အရေးကို လွဲချော်တယ်ဆိုတာကလည်း ကစားပွဲမှာ ဖြစ်တတ်တဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ အသင်း နိုင်နေသမျှတော့ နိုင်ပွဲကပဲ အရေးအကြီးဆုံး ဖြစ်ပါတယ် ‘ လို့ ဖွင့်ဟခဲ့တယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာထိ ကျဆင်းနေပြီဖြစ်ကာ လာမယ့်ရာသီ ချန်ပီယံလိဂ် တစ်နေရာစာ ရဖို့က အတော်လေး မရေရာတဲ့ အခြေအနေကို ရောက်နေခဲ့ပါပြီ။
ဆာလာက ‘ ကျနေ်ာတို့မှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေခဲ့တယ်။ ကွင်းလယ်က ဖာဘင်ညိုကို ခံစစ်ထိ ဆင်းကစားစေခဲ့ရပြီး သူကလည်း ဒဏ်ရာရခဲ့တယ်။ ကျနေ်ာတို့အသင်း ဒီရာသီမှာ ဒဏ်ရာတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနေ်ာတို့ ကံမကောင်းခဲ့ဘူး ဒါပေမယ့် ဆက်ပြီး ကြိုးစားသွားမှာပါ။
တစ်ပွဲလိုက်ပဲ ယှဉ်ပြိုင်သွားမှာဖြစ်သလို တစ်ရာသီစာလုံး ကြည့်နေမှာ မဟုတ်ပါဘူး။ ကွင်းပြင်ပက ဖိအားတွေကို ရှောင်ဖယ်ပြီး ဘောလုံးကစားဖို့ လိုပါတယ်။ ဖိအားတွေကြောင့် ခက်ခဲသွားအောင် မလုပ်လိုပါဘူး ဒါပေမယ့် ဖိအားဆိုတာကလည်း ပွဲရဲ့ အစိတ်အပိုင်းပါပဲ ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးတိုက္စစ္သမား ဆာလာက ခ်န္ပီယံလိဂ္က ပံုစံေကာင္းေတြကို အားအျဖစ္ ရယူျပီး ပရီးမီးယားလိဂ္မွာလည္း ပံုစံေကာင္း ျပန္ယူဖို႔ တိုက္တြန္းမႈေတြ ျပဳလုပ္သြားပါတယ္။
လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္မွာ လိုက္ဇစ္ကို အႏုိင္ရခဲ့ျပီျဖစ္လို႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ခဲ့ပါျပီ။ ေနာက္တစ္ဆင့္မွာ ဘယ္အသင္းနဲ႔ ေတြ႔မယ္ဆိုတာကေတာ့ ေစာင့္ဆုိင္းရဦးမွာျဖစ္တယ္။
ခ်န္ပီယံလိဂ္ ေအာင္ပြဲနဲ႔ ပက္သက္လို႔ ဆာလာက ‘ က်ေနာ္တို႔အတြက္ ရလဒ္ေကာင္းပဲျဖစ္ပါတယ္။ ႏွစ္ပြဲေလာက္ ဆက္တိုက္ အေရးနိမ့္ျပီးမွ ဒီပြဲကို ယွဥ္ျပိဳင္တာပါ။ အသင္းက အေကာင္းဆံုး ပံုစံမွာ မရွိေနဘူးဆိုေပမယ့္ ခ်န္ပီယံလိဂ္မွာ ဆက္လက္ တိုက္ခိုက္လိုပါတယ္။ ေနာက္ျပီး ပရီးမီးယားလိဂ္ ပြဲတိုင္းေကာပါပဲ။ ဘာေတြျဖစ္လာမလဲဆိုတာ ၾကည့္ရပါမယ္။
အရမ္း အေကာင္းျမင္စရာ ေကာင္းပါတယ္။ အသင္းေကာင္းတစ္သင္းကို ရင္ဆိုင္ရျပီး သူတို႔က က်ေန္ာတို႔ကို အလုပ္ေတြ ေပးခဲ့ေပမယ့္ က်ေန္ာတို႔ ကစားလိုတဲ့အတိုင္း ကစားႏုိင္ခဲ့တယ္။ ပြဲကို အႏုိင္ရခဲ့ျပီး အဲ့တာက အေရးၾကီးဆံုးပါပဲ။ ပရီးမီးယားလိဂ္မွာလည္း ဒီအတိုင္း ဆက္သြားႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။
ဒီရာသီမွာ က်ေန္ာ ဂိုးေတြသြင္းထားပါတယ္။ ဂိုးသြင္းရတာလည္း ၾကိဳက္ပါတယ္။ ဒါေပမယ့္ အခြင့္အေရးကို လြဲေခ်ာ္တယ္ဆိုတာကလည္း ကစားပြဲမွာ ျဖစ္တတ္တဲ့ အစိတ္အပိုင္းပဲ ျဖစ္ပါတယ္။ အသင္း ႏုိင္ေနသမွ်ေတာ့ ႏိုင္ပြဲကပဲ အေရးအၾကီးဆံုး ျဖစ္ပါတယ္ ‘ လို႔ ဖြင့္ဟခဲ့တယ္။
လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၈ ေနရာထိ က်ဆင္းေနျပီျဖစ္ကာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ တစ္ေနရာစာ ရဖို႔က အေတာ္ေလး မေရရာတဲ့ အေျခအေနကို ေရာက္ေနခဲ့ပါျပီ။
ဆာလာက ‘ က်ေန္ာတို႔မွာ ဒဏ္ရာရ ကစားသမားေတြ ရွိေနခဲ့တယ္။ ကြင္းလယ္က ဖာဘင္ညိဳကို ခံစစ္ထိ ဆင္းကစားေစခဲ့ရျပီး သူကလည္း ဒဏ္ရာရခဲ့တယ္။ က်ေန္ာတို႔အသင္း ဒီရာသီမွာ ဒဏ္ရာေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ က်ေန္ာတို႔ ကံမေကာင္းခဲ့ဘူး ဒါေပမယ့္ ဆက္ျပီး ၾကိဳးစားသြားမွာပါ။
တစ္ပြဲလိုက္ပဲ ယွဥ္ျပိဳင္သြားမွာျဖစ္သလို တစ္ရာသီစာလံုး ၾကည့္ေနမွာ မဟုတ္ပါဘူး။ ကြင္းျပင္ပက ဖိအားေတြကို ေရွာင္ဖယ္ျပီး ေဘာလံုးကစားဖို႔ လိုပါတယ္။ ဖိအားေတြေၾကာင့္ ခက္ခဲသြားေအာင္ မလုပ္လိုပါဘူး ဒါေပမယ့္ ဖိအားဆိုတာကလည္း ပြဲရဲ႕ အစိတ္အပိုင္းပါပဲ ‘ လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။