လိုက်ဇစ်ကို ၂-၀ ဖြင့် အနိုင်ရအပြီးမှာ ကွင်းလယ်လူ သီယာဂိုက သူဟာ ဝေဖန်မှုတွေ ရနေတယ်ဆိုတာ နားလည်ကြောင်းနဲ့ ဒါတွေကိုလည်း လိုက်လံ လေ့လာမှုတွေ လုပ်နေမှာ မဟုတ်ကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးကို ရောက်လာတဲ့ ပထမအပတ်မှာပဲ ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ သီယာဂိုဟာ ဘောလုံး ပြန်ကစားနိုင်ချိန်မှာတော့ ဒူးဒဏ်ရာ ရခဲ့တာပါ။ ဒါဟာ နယ်မြေသစ်ကို ရောက်လာတဲ့ သီယာဂိုအတွက် အတော်လေး ရုန်းကန်ရတဲ့ အခြေအနေတွေဖြစ်ခဲ့တယ်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ ခြေစွမ်းတွေအတွက် မပျော်ဘူးဆိုတာကို ထုတ်ပြောပါတယ်။

သီယာဂိုက ” ကျနော်အကြောင်း လူတွေ ဘာပြောနေတယ်ဆိုတာတွေကို မဖတ်ပါဘူး။ ကျနော်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပက်သက်ပြီး လူတွေ ဝေဖန်နေကြတယ်ဆိုတာကို နားလည်ထားပါတယ်။ ဒါပေမယ့်လို့ အသင်းကို ရောက်လာပြီးတည်းက ပြသနေတဲ့ ကျနော်ရဲ့ စွမ်းဆောင်ရည်အပေါ် ကျနော်ကိုယ်တိုင်လည်း မပျော်ပါဘူး။

အသင်းသစ်မှာ ကိုဗစ်ကူးစက်မှုလို ထူးဆန်တဲ့ အခြေအနေတွေလည်း ဖြစ်ခဲ့တယ်။ ပြင်းထန်တဲ့ ဒဏ်ရာ ပြဿနာလည်း ရခဲ့ပါတယ်။ ကျနော်ရဲ့ ပုံစံကောင်းတွေ ပြန်ရနိုင်ဖို့ ကြိုးစားရတာက ခက်ခဲပါတယ် ဒါပေမယ့် ဒီလိုပြောတာက ဆင်ခြေပေးဖို့လည်း မဟုတ်ပါဘူး ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးရဲ့ လက်ရှိ အနေအထားက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခဲလို့ နေခဲ့ပါပြီ။ ဒါကို နားလည်တဲ့ သီယာဂိုက အိပ်မက်ဆိုးလို အနေအထားဖြစ်ပေမယ့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ကွင်းလယ်လူကပဲ ” ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ဘာလို့လည်းဆိုတော့ ပရီးမီးယားလိဂ်မှာ လုံးဝ မမျှော်လင့်ထားတဲ့ အဆင့်ကို ရောက်နေခဲ့တာက အိပ်မက်ဆိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပိုကောင်းလာဖို့ ကြိုးစားနေပါတယ်။ ချန်ပီယံလိဂ် စွမ်းဆောင်ရည်က ကျနေ်ာတို့အတွက် အကောင်းမြင်စရာပဲ ဖြစ်ပါတယ် ” လို့ အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုခဲ့ပါတယ်။

ZAWGYI

လိုက္ဇစ္ကို ၂-၀ ျဖင့္ အႏုိင္ရအျပီးမွာ ကြင္းလယ္လူ သီယာဂိုက သူဟာ ေဝဖန္မႈေတြ ရေနတယ္ဆိုတာ နားလည္ေၾကာင္းနဲ႔ ဒါေတြကိုလည္း လိုက္လံ ေလ့လာမႈေတြ လုပ္ေနမွာ မဟုတ္ေၾကာင္း ထုတ္ေျပာလာပါတယ္။

လီဗာပူးကို ေရာက္လာတဲ့ ပထမအပတ္မွာပဲ ကိုဗစ္ ကူးစက္ခံခဲ့ရတဲ့ သီယာဂိုဟာ ေဘာလံုး ျပန္ကစားႏုိင္ခ်ိန္မွာေတာ့ ဒူးဒဏ္ရာ ရခဲ့တာပါ။ ဒါဟာ နယ္ေျမသစ္ကို ေရာက္လာတဲ့ သီယာဂိုအတြက္ အေတာ္ေလး ရုန္းကန္ရတဲ့ အေျခအေနေတြျဖစ္ခဲ့တယ္။ သူကိုယ္တိုင္ကလည္း သူ႔ရဲ႕ ေျခစြမ္းေတြအတြက္ မေပ်ာ္ဘူးဆိုတာကို ထုတ္ေျပာပါတယ္။

သီယာဂိုက ” က်ေနာ္အေၾကာင္း လူေတြ ဘာေျပာေနတယ္ဆိုတာေတြကို မဖတ္ပါဘူး။ က်ေနာ္ရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႔ ပက္သက္ျပီး လူေတြ ေဝဖန္ေနၾကတယ္ဆိုတာကို နားလည္ထားပါတယ္။ ဒါေပမယ့္လို႔ အသင္းကို ေရာက္လာျပီးတည္းက ျပသေနတဲ့ က်ေနာ္ရဲ႕ စြမ္းေဆာင္ရည္အေပၚ က်ေနာ္ကိုယ္တိုင္လည္း မေပ်ာ္ပါဘူး။

အသင္းသစ္မွာ ကိုဗစ္ကူးစက္မႈလို ထူးဆန္တဲ့ အေျခအေနေတြလည္း ျဖစ္ခဲ့တယ္။ ျပင္းထန္တဲ့ ဒဏ္ရာ ျပႆနာလည္း ရခဲ့ပါတယ္။ က်ေနာ္ရဲ႕ ပံုစံေကာင္းေတြ ျပန္ရႏုိင္ဖို႔ ၾကိဳးစားရတာက ခက္ခဲပါတယ္ ဒါေပမယ့္ ဒီလိုေျပာတာက ဆင္ေျခေပးဖို႔လည္း မဟုတ္ပါဘူး ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္မွာ လီဗာပူးရဲ႕ လက္ရွိ အေနအထားက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ခက္ခဲလို႔ ေနခဲ့ပါျပီ။ ဒါကို နားလည္တဲ့ သီယာဂိုက အိပ္မက္ဆိုးလို အေနအထားျဖစ္ေပမယ့္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ကြင္းလယ္လူကပဲ ” ခက္ခဲတဲ့ ကာလေတြကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္ ဘာလို႔လည္းဆိုေတာ့ ပရီးမီးယားလိဂ္မွာ လံုးဝ မေမွ်ာ္လင့္ထားတဲ့ အဆင့္ကို ေရာက္ေနခဲ့တာက အိပ္မက္ဆိုးပဲျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ပိုေကာင္းလာဖို႔ ၾကိဳးစားေနပါတယ္။ ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္က က်ေန္ာတို႔အတြက္ အေကာင္းျမင္စရာပဲ ျဖစ္ပါတယ္ ” လို႔ အသင္းဝဘ္ဆိုဒ္ကေန ေျပာဆိုခဲ့ပါတယ္။