ဘူဒါပက်မှာ ယှဉ်ပြိုင်ကစားတဲ့ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မာနေးက နောက်ဆုံး သွင်းဂိုးတစ်ဂိုးကို သွင်းယူပြီး လီဗာပူးရဲ့ အနိုင်ရလဒ်ကို သေချာစေခဲ့တယ်။
သူ့ရဲ့ ဂိုးက မန်နေဂျာကလော့ပ်လက်ထက် လီဗာပူးအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ မြောက်အဖြစ် မှတ်တမ်း ဝင်စေခဲ့ပါတယ်။ အဆိုပါ ဂိုး ၁၀၀ ထဲမှာ မာနေးက စုစုပေါင်း ၁၉ ဂိုး သွင်းယူထားတာဖြစ်ပြီး သွင်းဂိုး ၁၂ ဂိုးဟာဆိုရင် ရံှူးထွက်အဆင့်တွေမှာ သွင်းယူထားခဲ့တာဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ မာနေးဟာ ချန်ပီယံလိဂ်ကို စတင် ခြေချခဲ့တာဖြစ်ပြီး ထိုစဉ်ချိန်ကစလို သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် ရံှူးထွက်အဆင့်တွေမှာ ရော်နယ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုး ၁၃ ဂိုးကပဲ မာနေးထက် ပိုများတာဖြစ်တယ်။ နောက်ထပ် ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားဖြစ်တဲ့ မက်ဆီကလည်း ၂၀၁၇ နောက်ပိုင်း ရံှူးထွက်အဆင့်တွေမှာ ၁၂ ဂိုးပဲ သွင်းထားနိုင်ပါတယ်။
မာနေးရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဆာလာက ရံှူးထွက်မှာ သွင်းဂိုး ၉ ဂိုး၊ ဖာမင်နိုက ရံှူးထွက်မှာ သွင်းဂိုး ၇ ဂိုးတို့ သွင်းယူထားတာကြောင့် ဆီနီဂေါတိုက်စစ်သမားရဲ့ စံချိန်ကို မမှီသေးပါဘူး။
၂၀၀၄-၂၀၀၅ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားအဆင့်တွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့် အဆင့်တွေမှာ မာနေး သွင်းဂိုး ရယူနိုင်မယ်ဆိုရင်တော့ သူဟာ ရော်နယ်ဒိုရဲ့ ၁၃ ဂိုးကိုပါ ကျော်ဖြတ်နိုင်ချေ ရှိနေပါသေးတယ်။
မာနေးရဲ့ မှတ်တမ်းက စံချိန်တစ်ခုအဖြစ် ရောက်ရှိဖို့ မလုံလောက်သေးပေမယ့်လည်း သူ့ရဲ့ ရံှူးထွက်အဆင့်တွေမှာ ဂိုးမြူးမှုက လီဗာပူးရဲ့ ချန်ပီယံလိဂ်ခရီးကြမ်းအတွက် အထောက်အကူဖြစ်မှာ သေချာလှပါတယ်။
ZAWGYI
၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ မာနေးဟာ ချန်ပီယံလိဂ်ကို စတင် ခြေချခဲ့တာဖြစ်ပြီး ထိုစဉ်ချိန်ကစလို သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် ရှူံးထွက်အဆင့်တွေမှာ ရော်နယ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုး ၁၃ ဂိုးကပဲ မာနေးထက် ပိုများတာဖြစ်တယ်။ နောက်ထပ် ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားဖြစ်တဲ့ မက်ဆီကလည်း ၂၀၁၇ နောက်ပိုင်း ရှူံးထွက်အဆင့်တွေမှာ ၁၂ ဂိုးပဲ သွင်းထားနိုင်ပါတယ်။
မာနေးရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဆာလာက ရှူံးထွက်မှာ သွင်းဂိုး ၉ ဂိုး၊ ဖာမင်နိုက ရှူံးထွက်မှာ သွင်းဂိုး ၇ ဂိုးတို့ သွင်းယူထားတာကြောင့် ဆီနီဂေါတိုက်စစ်သမားရဲ့ စံချိန်ကို မမှီသေးပါဘူး။
မာနေးရဲ့ မှတ်တမ်းက စံချိန်တစ်ခုအဖြစ် ရောက်ရှိဖို့ မလုံလောက်သေးပေမယ့်လည်း သူ့ရဲ့ ရှူံးထွက်အဆင့်တွေမှာ ဂိုးမြူးမှုက လီဗာပူးရဲ့ ချန်ပီယံလိဂ်ခရီးကြမ်းအတွက် အထောက်အကူဖြစ်မှာ သေချာလှပါတယ်။