ချန်ပီယံလိဂ်ပွဲတွေကို သုံးသပ်သူအဖြစ် ရုပ်သံဌာနမှာ ပါဝင်ခဲ့တဲ့ အိုဝင်က ဥရောပ အဆင့်မြင့်ဆုံး ပြိုင်ပွဲကနေ လီဗာပူးကို ခပ်လွယ်လွယ် ဖယ်ထုတ်လို့ မရပါဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။
ချန်ပီယံလိဂ်မှာ လိုက်ဇစ်ကို ကျော်ဖြတ်လာခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့တဲ့ လီဗာပူးအသင်းဟာ ပြည်တွင်းမှာတော့ ရလဒ်တွေမကောင်း ဖြစ်နေတာပါ။ အမှတ်ပေးဇယား အဆင့် ၈ နေရာထိ ထိုးကျနေတဲ့ လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားအတွက် ထည့်တွက်ခံရမှု နည်းပါးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ကလော့ပ် ကိုယ်တိုင်က လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေကို အကောင်းဆုံး ကစားနိုင်ခြင်းက ဥရောပပြိုင်ပွဲ ခရီးလမ်းမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောထားတယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိမနေသေးတာကိုလည်း ဝန်ခံထားပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာတော့ ပိုမို ကောင်းမွန်တဲ့ ပြိုင်ဘက်တွေ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး လီဗာပူးအတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိလာမှာဖြစ်တယ်။ ဒီလို အနေအထားမှာ အိုဝင်က အသင်းဟောင်းအပေါ် သူ့ရဲ့ ယုံကြည်မှုကို ဖွင့်ဟလာခဲ့ပါတယ်။
BT Sport ကနေ အိုဝင်က “ ချန်ပီယံလိဂ်မှာ ဘယ်အသင်းကတော့ ဒီအဆင့်မှာ ထွက်ရတော့မှာပါလို့ မင်းတို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်လို့ လီဗာပူးကိုတော့ အဲ့လို ဖယ်ထုတ်လိုက်လို့ မရနိုင်ပါဘူး ” လို့ အင်္ဂလန်ကလပ်တွေထဲမှာ ချန်ပီယံလိဂ်ဖလား နောက်ဆုံး ကိုင်မြောက်ထားတဲ့ လီဗာပူးနဲ့ ပက်သက်ပြီး မှတ်ချက်ပေးပါတယ်။
၎င်းကပဲ ဒဏ်ရာပြဿနာကြီးတွေ ရှိနေတဲ့ ဥရောပချန်ပီယံဟောင်းနဲ့ ပက်သက်ပြီး “ လီဗာပူးဟာ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ကောင်းမွန် လုံလောက်တဲ့ အသင်းဖြစ်ပါတယ်။ အဲ့တာကိုလည်း မေးခွန်းထုတ်စရာ မလိုပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ခ်န္ပီယံလိဂ္ပြဲေတြကို သံုးသပ္သူအျဖစ္ ရုပ္သံဌာနမွာ ပါဝင္ခဲ့တဲ့ အိုဝင္က ဥေရာပ အဆင့္ျမင့္ဆံုး ျပိဳင္ပြဲကေန လီဗာပူးကို ခပ္လြယ္လြယ္ ဖယ္ထုတ္လို႔ မရပါဘူးလို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။
ခ်န္ပီယံလိဂ္မွာ လိုက္ဇစ္ကို ေက်ာ္ျဖတ္လာခ့ဲျပီး ကြာတားဖိုင္နယ္အဆင့္ကို ေရာက္လာခဲ့တဲ့ လီဗာပူးအသင္းဟာ ျပည္တြင္းမွာေတာ့ ရလဒ္ေတြမေကာင္း ျဖစ္ေနတာပါ။ အမွတ္ေပးဇယား အဆင့္ ၈ ေနရာထိ ထိုးက်ေနတဲ့ လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားအတြက္ ထည့္တြက္ခံရမႈ နည္းပါးတဲ့ အသင္းလည္း ျဖစ္ပါတယ္။
ကေလာ့ပ္ ကိုယ္တိုင္က လက္က်န္ ပရီးမီးယားလိဂ္ပြဲေတြကို အေကာင္းဆံုး ကစားႏုိင္ျခင္းက ဥေရာပျပိဳင္ပြဲ ခရီးလမ္းမွာ အေထာက္အကူျဖစ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ထုတ္ေျပာထားတယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရဖို႔ လံုေလာက္တဲ့ အေနအထားမွာ ရွိမေနေသးတာကိုလည္း ဝန္ခံထားပါတယ္။
ကြာတားဖိုင္နယ္အဆင့္မွာေတာ့ ပိုမို ေကာင္းမြန္တဲ့ ျပိဳင္ဘက္ေတြ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္ျပီး လီဗာပူးအတြက္လည္း ၾကီးမားတဲ့ စိန္ေခၚမႈေတြ ရွိလာမွာျဖစ္တယ္။ ဒီလို အေနအထားမွာ အိုဝင္က အသင္းေဟာင္းအေပၚ သူ႔ရဲ႕ ယံုၾကည္မႈကို ဖြင့္ဟလာခဲ့ပါတယ္။
BT Sport ကေန အိုဝင္က “ ခ်န္ပီယံလိဂ္မွာ ဘယ္အသင္းကေတာ့ ဒီအဆင့္မွာ ထြက္ရေတာ့မွာပါလို႔ မင္းတို႔ ေျပာလို႔ ရပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးကိုေတာ့ အဲ့လို ဖယ္ထုတ္လိုက္လို႔ မရႏုိင္ပါဘူး ” လို႔ အဂၤလန္ကလပ္ေတြထဲမွာ ခ်န္ပီယံလိဂ္ဖလား ေနာက္ဆံုး ကိုင္ေျမာက္ထားတဲ့ လီဗာပူးနဲ႔ ပက္သက္ျပီး မွတ္ခ်က္ေပးပါတယ္။
၄င္းကပဲ ဒဏ္ရာျပႆနာၾကီးေတြ ရွိေနတဲ့ ဥေရာပခ်န္ပီယံေဟာင္းနဲ႔ ပက္သက္ျပီး “ လီဗာပူးဟာ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ ေကာင္းမြန္ လံုေလာက္တဲ့ အသင္းျဖစ္ပါတယ္။ အဲ့တာကိုလည္း ေမးခြန္းထုတ္စရာ မလိုပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။