နာမည်ကျော် အပြောင်းအရွှေ့ရေးရာ သတင်းထောက်ဖြစ်သူ Fabrizio Romano က ဘာစီလိုနာတိုက်စစ်သမား ဒမ်ဘီလီကို ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေပြီး လီဗာပူးလည်း ပါဝင်တယ်လို့ ပြောဆိုလာပါတယ်။
အသက် ၂၃ နှစ်အရွယ် တောင်ပံသမားဟာ ဥရောပရဲ့ ဈေးအကြီးဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်ခဲ့ပေမယ့် ဒီဘက်နှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာပါ။ သူဟာ အီတလီနဲ့ အင်္ဂလန်လိဂ်က ကလပ်တွေထံ ပြောင်းဖို့ အလားအလာရှိပေမယ့် ဘာစီလိုနာကလည်း ဆက်ထိန်းထားလိုဆဲလို့ သိရပါတယ်။
Romano က “ ဒမ်ဘီလီလို ကစားသမားကို ဘာစီလိုနာက အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ခံလို့ မရပါဘူး။ ကုန်ခဲ့တဲ့ နှစ်တွေတုန်းက သူတို့ဟာ ဒေါ့မွန်ကနေ ဒမ်ဘီလီအတွက် ယူရို သန်း ၁၀၀ အကုန်အကျခံ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဒီတော့ သူတို့က ဒမ်ဘီလီနဲ့ ညိနှိုင်းမှုတွေ လုပ်မှာဖြစ်ပြီး တိုက်စစ်သမားကို ဆက်ထိန်းထား လိုပါလိမ့်မယ်။
ပရီးမီးယားလိဂ်မှ အရေးပါတဲ့ ကလပ်တွေက ဒမ်ဘီလီကို စိတ်ဝင်စားနေတယ်ဆိုတာကိုလည်း ဘာစီလိုနာဘက်က သိပါတယ်။ အီတလီဘက်က ဂျူဗင်တပ်၊ ပရီးမီးယားလိဂ်ဘက်က လီဗာပူးနဲ့ ပြီးခဲ့တဲ့ နွေတုန်းက ယူနိုက်တက်တို့က သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာကို ကျနော် ပြောပြလိုတယ်။
သူတို့တွေက ဒမ်ဘီလီကို ခေါ်ယူဖို့ အမြဲတမ်း စိတ်ဝင်စားနေပြီး အားလုံးက ဘာစီလိုနာအပေါ်မှာ မူတည်နေပါတယ်။ ဘာကာဘက်က ဒမ်ဘီလီနဲ့ ညိနှိုင်းမှုတွေ လုပ်မှာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ သူတို့က ဒမ်ဘီလီကို ဆက်ထိန်းထားလိုတာကြောင့်ပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒမ်ဘီလီကို စိတ်ဝင်စားမှုတွေ ပြသထားဖူးပါတယ်။ လက်ရှိမှာ ယူရို သန်း ၅၀ လောက်ထိ ဈေးပေါက်နိုင်သေးတဲ့ ပြင်သစ်သားကို ခေါ်ယူဖို့ ဆန္ဒရှိနေဆဲဖြစ်ကြောင်း Romano က ပြောလာခဲ့ပေမယ့် နွေမှပဲ ဒီဇာတ်လမ်းရဲ့ တိုးတက်မှုကို တွေလာရမှာဖြစ်ပါတယ်။
ZAWGYI
နာမည္ေက်ာ္ အေျပာင္းအေရႊ႔ေရးရာ သတင္းေထာက္ျဖစ္သူ Fabrizio Romano က ဘာစီလိုနာတိုက္စစ္သမား ဒမ္ဘီလီကို ပရီးမီးယားလိဂ္ကလပ္ေတြ စိတ္ဝင္စားေနျပီး လီဗာပူးလည္း ပါဝင္တယ္လို႔ ေျပာဆိုလာပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ ေတာင္ပံသမားဟာ ဥေရာပရဲ႕ ေစ်းအၾကီးဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ ပါဝင္ခဲ့ေပမယ့္ ဒီဘက္ႏွစ္ေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနခဲ့ရတာပါ။ သူဟာ အီတလီနဲ႔ အဂၤလန္လိဂ္က ကလပ္ေတြထံ ေျပာင္းဖို႔ အလားအလာရွိေပမယ့္ ဘာစီလိုနာကလည္း ဆက္ထိန္းထားလိုဆဲလို႔ သိရပါတယ္။
Romano က “ ဒမ္ဘီလီလို ကစားသမားကို ဘာစီလိုနာက အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ လက္လြတ္ခံလို႔ မရပါဘူး။ ကုန္ခဲ့တဲ့ ႏွစ္ေတြတုန္းက သူတို႔ဟာ ေဒါ့မြန္ကေန ဒမ္ဘီလီအတြက္ ယူရို သန္း ၁၀၀ အကုန္အက်ခံ ေခၚယူထားခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ သူတို႔က ဒမ္ဘီလီနဲ႔ ညိႏိႈင္းမႈေတြ လုပ္မွာျဖစ္ျပီး တိုက္စစ္သမားကို ဆက္ထိန္းထား လိုပါလိမ့္မယ္။
ပရီးမီးယားလိဂ္မွ အေရးပါတဲ့ ကလပ္ေတြက ဒမ္ဘီလီကို စိတ္ဝင္စားေနတယ္ဆိုတာကိုလည္း ဘာစီလိုနာဘက္က သိပါတယ္။ အီတလီဘက္က ဂ်ဴဗင္တပ္၊ ပရီးမီးယားလိဂ္ဘက္က လီဗာပူးနဲ႔ ျပီးခဲ့တဲ့ ေႏြတုန္းက ယူႏုိက္တက္တို႔က သူ႔ကို စိတ္ဝင္စားေနတယ္ဆိုတာကို က်ေနာ္ ေျပာျပလိုတယ္။
သူတို႔ေတြက ဒမ္ဘီလီကို ေခၚယူဖို႔ အျမဲတမ္း စိတ္ဝင္စားေနျပီး အားလံုးက ဘာစီလိုနာအေပၚမွာ မူတည္ေနပါတယ္။ ဘာကာဘက္က ဒမ္ဘီလီနဲ႔ ညိႏိႈင္းမႈေတြ လုပ္မွာျဖစ္တယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔က ဒမ္ဘီလီကို ဆက္ထိန္းထားလိုတာေၾကာင့္ပါ ” လို႔ ဆိုသြားခ့ဲတာ ျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ဒမ္ဘီလီကို စိတ္ဝင္စားမႈေတြ ျပသထားဖူးပါတယ္။ လက္ရွိမွာ ယူရို သန္း ၅၀ ေလာက္ထိ ေစ်းေပါက္ႏုိင္ေသးတဲ့ ျပင္သစ္သားကို ေခၚယူဖို႔ ဆႏၵရွိေနဆဲျဖစ္ေၾကာင္း Romano က ေျပာလာခဲ့ေပမယ့္ ေႏြမွပဲ ဒီဇာတ္လမ္းရဲ႕ တိုးတက္မႈကို ေတြလာရမွာျဖစ္ပါတယ္။